ရေငတ်​တုန်း ​ရေတွင်း​တွေ့ဆိုသလိုပင်​..။

တစ်​သက်​လုံးမပူမပင်​မ​ကြောင့်​မကြ​နေလာခဲ့ရာက​နေ
appa ကုမ္ပဏီ ရုတ်​တရက်​ကြီး ​ဒေ၀ါလီခံလိုက်​ရ​တော့
နှစ်​​ယောက်​စလုံး ​တော်​​တော်​​လေးကိုကြပ်​တည်းခဲ့သည်​..။

တော်​​သေးတာတစ်​ခုက လွန်​ခဲ့တဲ့နှစ်​ပိုင်းတစ်​ချို့က
omma ဆုံးပါးသွားခဲ့လို့သာ..။
မဟုတ်​ရင်​ မဖြစ်​စ​လောက်​​ငွေ​ကြေး​လေး​အတွက်​နဲ့
မိဘနှစ်​ပါးစလုံး
ပင်​ပင်​ပန်းပန်း အလုပ်​ထွက်​လုပ်​​နေရမှာကို
ဘယ်​လိုမှကြည့်​ရက်​နိုင်​မှာမဟုတ်​..။

appa ကလဲ ​မွေးကတည်းက​ရွှေဇွန်ူးကိုက်​​မွေးလာရတဲ့ဘ၀က​နေ ရုတ်​တရက်​ကြီး​ကောက်​ကက်​ဆင်းရဲသွား
တာဆို​တော့..
တစ်​ခြားလဲမလုပ်​တတ်​​တာ အပြစ်​မ​ပြောလို​တော့ပါ..။
သူလဲသူ့အ​ကြောင်းပြချက်​နဲ့သူမလား...။

ကျွန်​​တော့်​မှာလဲ အထက်​တန်း​နောက်​ဆုံးနှစ်​ကြီးမှာ
ဒီလိုမျိုး ကြုံလိုက်​ရ​တော့...
ကျွန်​​တော်​က အိမ်​ရဲ့အ​ခြေအ​နေပြန်​​ပြေလည်​ဖို့အတွက်​အဓိကအချက်​ဖြစ်​​နေသလို..ပညာ​ရေးကိုရပ်တ​န့်​ဖို့ကလဲ
ဘယ်​လိုမှမဖြစ်​နိုင်​တာ​ကြောင့်
အချိန်​ပိုင်းအလုပ်​​တွေလုပ်​ရင်းနဲ့​ကျောင်းဆက်​တက်​ခဲ့ရသည်​..။
အရင်​က appa​နေ့တိုင်းကားနဲ့​ကျောင်းလိုက်​ပို့​ပေးတဲ့ဘ၀က​နေ ဒီလိုဘ၀မျိုးဖြစ်​သွား​တော့
ခြောက်​လ ​လောက်​ပဲရှိ​သေးတယ်​ဆို​ပေမယ့်​လဲ
တော်​​တော့်​ကို..စိတ်​​ထောင်းကိုယ်​​ကြေဖြစ်​​နေပြီဖြစ်​သည်​..။

အခု​တော့ဒီလိုသတင်းမျိုးကြားရတာ..ကိုယ့်​နား​တောင်​ကိုယ်​မယုံချင်​..။

"အဲ့တုန်ူးက သူ့အလုပ်​​တွေအဆင်​​ပြေ​အောင်​ကူညီ​ပေးလို့
ကျေးဇူးဆပ်​ချင်​တာပါတဲ့.."

"ယုံရပါ့မလား appaရယ်​.."

"သားရယ်​..မင်း​ရော အ​ဖေ​ရော..​ယောက်ျား​တွေပဲ..
မယုံရလဲ ဘာဖြစ်​လဲ..​တွေ့သမျှ​ဘေးဒူးနဲ့​ပြေး
တိုက်​ကြတာ​ပေါ့..
ကဲပါ..အကျီင်္​တွေထည့်​ပြီးပြင်​ဆင်​ထား​တော့​နော်​..
မနက်​ဖြန်​ သူတို့လာ​ခေါ်မယ်​တဲ့..."

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now