အပိုင်း(၁၄)
Start from the beginning
"နေဝေသော်....ငါ....."
ကျွန်တော့စကားကို သူကရှေ့ဆက်မခံ....။
"မင်းကရိုးရိုးသားသား လုပ်ပေးတာကို
ငါကဆန်းဆန်းပြားပြား ထင်နေမှာစိုးရိမ်နေတာမှတ်လား....
သိတယ်...သိတာမို့လို့...ခဏခဏ
မပြောလည်း ရပါတယ်...."
ဤမျှနှင့်ပြောစရာစကားတို့ ပျောက်ဆုံးသွားပါသည်။သူနှင့် ဘေးချင်းကပ်လျှက်ထိုင်နေရသည်က ခါတိုင်းအချိန်တွေထက် ပို၍အဆင်မပြေဖြစ်နေသလို...။ နှစ်ယောက်ကြားတွင် ပြောစရာစကားမရှိတော့လည်း တစ်မျိုးကြီးဖြစ်နေ၍ ခဏကြာသောအခါ ကျွန်တော့ဘက်မှ စကားစလိုက်သည်။
"ဗိုက်ဆာနေပြီလား...ဘွားဘွား
ထမင်းထပ်ချက်နေလို့ ခဏတော့စောင့်ပေးနော်...
ငါတို့အိမ်ကို ဧည့်သည်လာလေ့လာထမရှိတော့..ထမင်းက
ကွက်တိပဲချက်ထားတာ...စောင့်နိုင်တယ်မလား...
ခဏနေဆိုကျက်ပါပြီ...."
"အာ....ငါက မင်းအိမ်ဘယ်နားမှာလဲ သိချင်လို့ လာတာပါ...
အိမ်ကလူတွေကိုလည်း တွေ့ဖူးတယ်ရှိအောင်လို့...
အခုတော့ ထမင်းလာစားသလို ဖြစ်နေပြီထင်တယ်...
ဘွားဘွားကို အားနာလိုက်တာ..."
"အားမနာပါနဲ့....ဘွားဘွားကလည်း ကျွေးချင်နေတာ..."
"မင်းကရော......"
တခြားနေရာသို့အကြည့်လွှဲသွားသည်ကို မြင်လိုက်ရသဖြင့် မေးမိသော မေးခွန်းကို သူပြန်မဖြေခင် ကျွန်တော်ကပင် ကြားရဖို့ငြင်းဆန်လိုက်သည်။ ဝတ္တရားအရပြန်ဖြေတာမျိုး စိတ်ကမလိုချင်။
"ရတယ်...မဖြေနဲ့....ထားလိုက်တော့...
ဘွားဘွားတစ်ယောက် ကျွေးချင်တယ်ဆိုတာနဲ့တင်
စားချင်တဲ့စိတ်ဖြစ်ဖို့...လုံလောက်သွားပြီ...."
"ငါလည်း ကျွေးချင်ပါတယ်..."
ချက်ချင်းဆိုသလို ကြားလိုက်ရသောစကားသံသည် ခပ်တိုးတိုးဖြစ်သော်လည်း...၊ ထူးဆန်းသည့်အဓိပ္ပါယ်မျိုး မပါဝင်သော်လည်း ကျွန်တော့ရင်ထဲတွင် အတိုင်းမသိသောပျော်ရွှင်မှုများ ပေါက်ဖွားလာဖို့ လုံလောက်ခဲ့သည်။
"ထမင်းကျက်ပြီလား မသိဘူး...
သွားကြည့်လိုက်ဦးမယ်...."
အနားမှရှောင်ထွက်သွားသည့် နောက်ကျောပြင်ကို ခပ်ပြုံးပြုံးငေးကြည့်နေမိသော ကျွန်တော့ကို အစ်ကိုမြင်လျှင်တော့ ဆေးမမှီတော့ဘူးဟု ပြောတော့မှာအသေအချာ။