ထိုစကား​တွေ​ကြောင့်​ ဂီချန်းပါးစပ်​အ​ဟောင်းသားနဲ့ ​ခဏကြာမှ ​အံသြတုန်​လှုပ်​စွာ ခြောက်​ကပ်​ကပ်​ရီမိသည်​...

ဘာ​တွေတုန်း?

"နင်​ဘာဖြစ်​​နေတာလဲ ဂီချန်း"

"သူတို့နှစ်​​ယောက်​ကချစ်​သူ​တွေဆိုတာ
နင်​တို့မသိကြဘူးလား?"

"ဘာ!!"

"လီဂီချန်း​တွေ့တာနဲ့မဟုတ်​တာ​တွေ
လျှောက်​​ပြော​နေပြန်​ပြီ"

"​အေး​လေ ​မောင်​နဲ့ဆယ်​ဟွန်းရှီက
ငါတို့မိတ်​ဆက်​​ပေးမှခင်​ခဲ့ကြတဲ့သူ​တွေ"

"ငါကဘာလို့​လျှောက်​​ပြောရမှာလဲ
အထက်​တန်းတုန်းကတည်းကသူတို့ကချစ်​သူ​တွေ အဟက်​ နင်​တို့လိမ်​ခံ​နေရတာလား?"

"..................."

"ရိုးရိုး​တောင်​ချစ်​သူ​တောင်​ မဟုတ်​ဘူး​နော်​~"

"နင်​ နင်​တကယ်​​တွေ​ပြော​နေတာလား??"

"ငါကဘာလို့နင့်​တို့ကိုလိမ်​​ပြောရမှာလဲ
နင်တို့ကငါ့ညီမ​တွေပါ"

ဂျင်​ဟီး ​ခြေ​ထောက်​​တွေ​တောင်
ယိုင်​နဲသွားရ၏....

မီ​ယောင်းကလည်း ပါးစပ်​ကို
လက်​နဲ့အုပ်​ကာ အံသြ​နေမိတယ်​..

"မ မဖြစ်​နိုင်​လိုက်​တာ "

"ငါက်ျိန်​ရဲတယ်​ အဲ့တုန်းက ငါဆယ်​ဟွန်းကို
လိုက်​မိလို့​တောင်​ ပတ်​ချန်း​ယောလ်​နဲ့ပြသာနာတက်​ပြီး​ကျောင်း​ပြောင်းခံရ​သေးတယ်​......."

မီ​ယောင်းနဲ့ဂျင်​ဟီး သူ့စကား​တွေကို
ဘယ်​လိုမှမယုံနိုင်​...

"နင်​တို့မယုံရင်​ သူတို့နှစ်​​ယောက်​ကို
သေချာကြည့်​"

မီ​ယောင်း​ရော ဂျင်​ဟီးပါ သူတို့ဘက်
်​လှည့်​ကြည့်​မိသည်​....

ဆယ်​ဟွန်းကိုကြည့်​​နေတဲ့ ချန်း​ယောလ်​အကြည့်​​တွေက ချစ်​ခြင်းအပြည့်​ဖြင့်​...

တစိမ့်​စိမ့်ကိုကြည့်​ပြီး ပြုံး​နေတာများ...
ပါးချူ.ိင့်​​လေး​တွေကို​ပေါ်လို့....

စည်း ~ [Completed]Where stories live. Discover now