သူမတို့မျက်​လုံး​တွေကသူတို့ဆီမှာမလို့ ​ရေခွက်​လှမ်းယူတဲ့ဆယ်​ဟွန်းလက်​​တွေတုန်​ယင်​​နေ​တော့.....

ခွမ်းးး

ရေခွက်​​လေးက​အောက်​ပြုတ်​ကျသွားပြီ...

"​ဆော ​ဆောရီး ကျ​တော်​​သေချာ
မကိုင်​လိုက်​မိဘူး..."

ဆယ်​ဟွန်း​ပြောပြီး ဖန်​ခွက်​စ​တွေကို
ကောက်​မလို့ရှိ​သေးတယ်​..

"မ​ကောက်​နဲ့ ​နေ ​နေ လက်​ရှမယ်​"

ချန်း​ယောလ်​ကသူ့လက်​နှစ်​ဖက်​ကိုဆုပ်​ကိုင်​ကာ
ဘေးတွန်းလိုက်​ပြီး ကိုယ်​တိုင်​​ကောက်​လိုက်​၏..

"အ့!"

"ချန်း​ယောလ်​!!"

"​မောင်​!!"

ချန်း​ယောလ်​လက်​ဖန်​ကွဲရှသွားတာမို့
မီ​ယောင်းကခပ်​မြန်​မြန်​ထိုင်​ခုံမှ ထကာလက်​က​သွေး​တွေကိုသူမပါးစပ်​နဲ့စုပ်​​ပေးရှာသည်​...

အဲ့ချိန်​ဆယ်​ဟွန်းစိတ်​ထဲတစ်​မျိုး​လေးဖြစ်​သွားတယ်​ တကယ်​ဆိုအဲ့​နေရာကဆယ်​ဟွန်းဖြစ်​ရမှာ....အခု​တော့...

ချန်း​ယောလ်​ကလည်းဆယ်​ဟွန်းစိတ်​မ​ကောင်းသွားတာကိုသိပုံ​ပေါ်ပါတယ်​ ဆယ်​ဟွန်းထံ
ဆွေး​ဆွေး​မြေ့​မြေ့ကြည့်​​နေ​၏.....

"​မောင်​ အရမ်းနာသွားလား?"

"ဟင့်​အင်း မနာပါဘူး ရတယ်​"

လက်​ကိုအသာရုန်းကာ စားပွဲမှာပြန်​ထိုင်​လိုက်​သည်​ မီ​ယောင်းကစားပွဲထိုး​လေးတစ်​​ယောက်​ကို ​ခေါ်ပြီးရှင်းခိုင်းလိုက်​တယ်​...

"သဲ ကိုယ်​ပြန်​နှင့်​မယ်​ အလုပ်​​တွေ
ရှိ​သေးလို့"

"အင်း အင်း ပြန်​​လေ ​မောင်
ညမှဖုန်းဆက်​လိုက်​မယ်​​နော်​"

"အွန်းး ဂျင်​ဟီးရှီပြန်​လိုက်​အုံးမယ်
အိုဆယ်​ဟွန်းရှီ​ရော"

"အာ~ ဂရုစိုက်​ပြန်​ပါချန်း​ယောလ်​ရှီ"

"ဟုတ်​~"

ဆယ်​ဟွန်းနှင့်သူမတို့နှစ်​​ယောက်​သာ
ဆိုင်​တွင်​ကျန်​​နေခဲ့သည်​...

စည်း ~ [Completed]Where stories live. Discover now