ပြုံးရယ်ကာပြောနေသောသူသည် ကျွန်တော့်ကမ္ဘာအားရပ်တန့်စေချင်သည့်ပုံပင်။
"တစ်ကယ်ပဲ မင်း လား"
"Imm Baekhyunee"
"ငါ...အိမ်မက်မက်နေတဲ့ထင်နေတာ"
"မငိုရဘူးလေကွာ နော်။ ငါအခု မင်းရှေ့ရောက်နေပြီလေ"
"ငါ မတွေ့ရတော့ဘူးထင်ခဲ့တာ။ မင်းကွာ မကောင်းလိုက်တာ"
"ငါအလောတကြီးလိုက်ပြီးစီစဉ်လိုက်ရလို့ မင်းကိုပစ်ထားသလိုဖြစ်သွားတယ်။ ဘယ်လိုလဲ အခု မင်းပျော်ရဲ့လား"
"ပျော်ရုံမကဘူးကွ ရင်တွေအခုန်လွန်ပြီး နှလုံးရပ်ခါနီးပဲ"
"ဟားဟား ငါမရည်ရွယ်ပါဘူးကွာ"
"မင်းကွာ..."
ကျွန်တော့်ဘက်မျက်နှာလှည့်နေသော တစ်စိမ်းသူ၏ပခုံးပေါ်သို့ခပ်လျော့လျော့မှီချလိုက်လျှင်ပင် အနည်းငယ်ဆွဲဖွခံလိုက်ရသော ကျွန်တော့်ဆံနွယ်များသည် တစ်စိမ်းသူလက်ထဲ၌ပျော်မြူးစွာ။
"အဲ့တာမင်းကြောင့် Baekhyunee"
မျက်နှာကိုမော့ကြည့်မိတော့ ပြုံးစစမျက်နှာပေးဖြင့်ပြောလာသောတစ်စိမ်းသူသည် ပျော်ရွှင်နေဟန်ရှိ၏။
"ဘာဆိုင်လို့လဲ"
"ငါမင်းကိုချစ်လွန်းလို့ သတ္တိတွေရှိလာပြီး စွံ့စားခဲ့မိတာ။ မဟုတ်ရင် ငါ ဒီအချိန် Bar တစ်ခုခုမှာ အရက်သောက်ပြီးဆွေးနေမိမှာပေါ့ကွ"
ကျွန်တော်နှာခေါင်းအသာရှုံ့ပြတော့ သူစိမ်းသူမျက်နှာထက်ဝယ် ကျွန်တော်နှစ်သက်သော ပါးချိုင့်များပါသည့် အပြုံးခပ်ကြီးကြီးသည် ထင်ဟပ်လာလေ၏။
"မင်း ဒီကိုလိုက်လာတာ မင်းမိဘတွေဘာမှမပြောဘူးလား Chanyeol"
"အလုပ်ကိစ္စရှိလို့ ခရီးခဏသွားမယ်လို့ပြောခဲ့တယ် စိုးရိမ်စရာမရှိဘူး ဟုတ်ပြီလား"
"ငါ လွန်ခဲ့တဲ့နာရီပိုင်းလောက်ကထိ မင်းကိုသတိရနေခဲ့သေးတာ"
"အခုရော? သတိမရဘူးလား"
"ဟင့်အင်း"
"လိမ်တာ"
YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]
