^63^

2K 320 48
                                        

ကျွန်တော် Baekhyunee အခန်းရှေ့ရောက်တော့ ခနရပ်ကာ တံခါးလေးအသာဟပြီးအထဲကိုကြည့်လိုက်မိသည်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ကျွန်တော့်ချစ်ရသူပါလေ။

"ဝင်သွားလေ"

ကျွန်တော့်အနောက်ဖက်တွင်ရပ်လျှက်ပြောလာသော Sehun။

ကျွန်တော်တံခါးဖွင့်ကာဝင်လာတော့အကွယ်ဘက်တွင်ထိုင်နေသော Junmyeon hyung။

"မတွေ့တာကြာပြီနော် Chanyeol"

Hyung ကပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်တော့ ကျွန်တော်လဲပြန်ပြုံးပြကာလက်ထဲကကိုက်လာသော အနွေးဘူးလေးနှင့် နို့ဘူးထည့်ထားတဲ့အိတ်လေးကို စားပွဲပေါ်တင်လိုက်သည်။

"Chanyeol မနက်စာစားပြီးပြီလား"

"ဟုတ် hyung"

"အေးအေး ထိုင်ဦး hyunee လေးက အိပ်ပျော်နေတုန်းရယ်"

ကျွန်တော်ခေါင်းအသာငြိမ့်ပြလိုက်ကာ hyung ဘေးကလွတ်နေသောနေရာ၌ဝင်ထိုင်လိုက်သည်။

"Sehunee မနက်စာစားပြီးပြီလား omma ကလုပ်လာပေးတယ်ရယ်"

"ကျွန်တော် hyunee နိုးမှပဲစားတော့မယ် hyung"

Sehun သည် ချစ်ရသူ၏မိသားစုနှင့်အတော်ရင်းနှီးပုံပင်။

Sehun သည်ချစ်ရသူအိပ်စက်ရာကုတင်ဘေးနားသွားကာထိုင်နေ၏။

"Hyung ဖုန်းပြောလိုက်ဦးမယ်နော်"

Hyung က ဖုန်းကိုကိုင်ကာ အပြင်ထွက်သွားသည်မို့ အခန်းထဲကျန်ခဲ့တာ ကျွန်တော်ရယ် အိပ်စက်နေသောချစ်ရသူရယ်၊ ချစ်ရသူကုတင်ဘေးနားထိုင်နေသော Sehunရယ်။

"ကော်ဖီသောက်ဦးမလား Chanyeol"

"ကျေးဇူးပဲ"

Sehun က အနည်းငယ်နွေးနေသောအသင့်သောက်ကော်ဖီဘူးကို ကျွန်တော့်ရှေ့ချပေးလာ၏။

"တစ်ပတ်"

ကျွန်တော် Sehun ပြောတာကိုနားမလည်လိုက်ပေ။

"တစ်ပတ်လောက် Hyunee ကိုသေသေချာချာလေးဂရုစိုက်ပေးပါ"

"ငါသေချာဂရုစိုက်ပေးမှာပါ အမြဲတိုင်း"

Perfect StrangerOpowieści tętniące życiem. Odkryj je teraz