မျက်လုံးရှေ့မှာမြင်နေရသောမြင်ကွင်းသည် ရှင်းလင်းစွာဆွဲဆောင်မှု့ရှိလှသောနေရာတစ်ခုမဟုတ်ခဲ့ချေ။ ထိုးထိုး ထောင်ထောင်နှင့် နေရာအနှံ့ပြည့်နှံ့နေသော မိုးမျှော်တိုက်ကြီးများက လက်ညိုးထိုးမလွဲ။
ဤသည်မှာလဲ ဤအရပ်ဒေသ၏ ဆွဲဆောင်တစ်မျိုးပင်။
မနက်ခင်းတွင်တောင်မှ ရှုပ်ယှက်စွာသွားလာနေသောလူများနှင့် အနည်းငယ်စီတန်းကာသွားနေသော ကားများသည် လဲ တစ်မျိုးကြည့်လို့ကောင်းနေ၏။
မိမိတည်းခိုရာ hotel ပြတင်းပေါက်ဝမှ ကြည့်နေမိသည်မှာ မိနစ်အတော်မျှကြာနေလေပြီ။
ထို့အတူ မနေ့ကတွေ့ရှိခဲ့ရသော တစ်နည်း နောက်ယောင်ခံလိုက်ကာ လှုပ်ရှားမှု့တွေကိုလိုက်ကြည့်သည့်အထိ ဆွဲဆောင်နိုင်သောတစ်စုံတစ်ယောက်သည် အတွေးထဲသို့ရောက်လာပြန်တော့ ရင်ထဲနွေးထွေးသွားရ၏။
တူညီသောအရပ်ဒေသ၊ တူညီသောအချိန်တွင် နိုးထရသောမနက်ခင်းသည် စိတ်ကိုကြည်လင်နေစေ၏။
သူသွားလေရာသို့လိုက်ကြည့်၍ပြန်လာခဲ့ချိန်သည် အတော်နောက်ကျနေပြီမို့ hotel သို့ပြန်ရောက်ချိန်သည် ည ၁၁ နာရီခွဲ၍ပင်နေလေသည်။
သို့ပေမယ့် သူအနားမှာဆိုသည့်စိတ်က အိပ်ယာထဲတွင်ကြာကြာမအိပ်ခိုင်းပေ။
မနက် ၇ နာရီတွင် အခုလို ပြတင်းပေါက်ရှေ့ရောက်နေသည်မှာ သက်သေပင်။
/Meaningful morning♡/
SNS ၏ story တွင်နေရာယူသွားလေသော စာသားလေး။
ရည်ရွယ်သူက သိပါ့မလားနော်။
□□□□□□□□□□□□
"နိုးပြီလား"
"အော......"
စားပွဲမှာထိုင်နေသော Kyung Soo ကအခုမှထလာသော ကျွန်တော့်ကိုမေးလေ၏။
"ဘာစားပြီးပြီလဲ"
စောင်အားခေါက်ကာ ဟိုဘက်ဒီဘက် အညောင်းဆန့်လိုက်ရင်းပြန်မေးလိုက်သည်။
"မစားရသေးဘူး မင်းကိုစောင့်နေတာ"
"ခနလေး မျက်နှာသွားသစ်လိုက်ဦးမယ်"
ESTÁS LEYENDO
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]
