"သားငယ် ကျန်းမာရေးဂရုစိုက်နော် Omma တို့ကိုလဲ ဖုန်းဆက်ဖို့မမေ့နဲ့ဦး"
"ဟုတ်ကဲ့ Omma"
"ညနက်တဲ့အထိစာတွေသိပ်မကြည့်နဲ့ အိပ်ချင်စားချိန်မမှန်ရင် ငါမင်းကိုလာထိုးမှာနော် Hyunee"
Sehun ရဲ့အမှာစကားကြောင့် ကျွန်တော်သဘောကျစွာရယ်မိပြန်သည်။
"မင်းကလဲ စကားလုံးအနုအယွလေးတွေသုံးသင့်တာကို"
"မင်းကဒီလိုမှပဲရမှာလေ ။ Jong Dae နဲ့ငါ စာမေးပွဲပြီးရင် လာလည်ဦးမယ်"
"အင်း မင်းလဲ ကျန်းမာရေးဂရုစိုက်ဦး။ Jong Dae ရောပဲ"
ဘေးမှ ငြိမ်ကာရပ်နေတဲ့ Jong Dae ကို ကျွန်တော်ပြုံးပြကာပြောလိုက်တော့ ဖက်တွယ်လာလေရဲ့။
"ဝင်တော့လေ"
"အင်း..."
Omma တို့ကိုနှုတ်ဆက်ကာ Gate ထဲသို့ကျွန်တော်ဝင်ခါနီး အကြည့်တို့ဖြန့်မိသည့်တိုင်အောင် တစ်စိမ်းသူနှင့်တူသည့် အရိပ်အယောင်တောင်ရှာမတွေ့ခဲ့ပေ။
ကိုရီးယားမြေကအလွမ်းတစ်ချို့ကို ကျွန်တော်လက်ဆောင်အဖြစ်နဲ့သယ်သွားရပြီနှင့်တူပါတယ်။
ငါတို့တစ်ကယ်ဝေးရပြီပဲ Chanyeol ရာ။
Note!
ဘာတွေဖြစ်ကုန်တာလဲ???
အဖြေကတော့ ခပ်အေးအေး suprise လေးပါပဲ ><
ပျင်းနေပြီလား၊ ဇာတ်သိမ်းရတော့မလားဟင်???
အပိုင်း ၁၀၀ လောက်ထိတော့ရေးကြည့်ချင်သေးတာ
(နောက်တာပါ><)
[Zawgyi]
"Chanyeol...."
"ဟင် အင်း"
အဝေးတစ်နေရာသို့ငေးကြည့်ကာတွေးတောဟန်ပြုနေသော တစ်စိမ်းသူသည် ကျွန်တော့်ခေါ်သံကြားမှ လက်ရှိအခြေအနေကို ပြန်လည်ကူးသန်းလာပုံရခဲ့၏။
"မင်း အဆင်ပြေတာသေချာပါတယ်နော်"
ကျွန်တော့်ရဲ့ခပ်တိုးတိုးအမေးကို တစ်စိမ်းသူက အပြုံးတစ်ပွင့်နှင့်သာပြန်လည်တုန့်ပြန်ခဲ့သည်။
"ငါမင်းကိုအရသာရှိတဲ့ဆိုင်ကိုခေါ်သွားပေးမယ်"
လမ်းကြောင်းလွှဲသွားခဲ့သည်စကားလုံးများ၏နောက်ကွယ်မှာ မင်းဝမ်းနည်းနေမလား သို့မဟုတ် မင်းစိတ်ထဲ နာကျင်နေမလား။
YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]
