"အကျင့်မကောင်းတဲ့ Hyunee"

Sehun ကတော့ခပ်ဖွဖွပြုံးကာ ရှန်ပိုင်ခွက်ကိုကိုင်လျှက် တစ်ခါတည်းပင်မော့ချလိုက်၏။

ကျွန်တော်ကတော့ အခုထိ seen မပြသေးသည့် massage လေးကိုသာအသာငေးနေမိသည်။

"ဟိုရောက်ရင်လဲ ငါတို့ကိုသတိရနေပေး Hyunee"

"အင်းပါ ငါ့မှာ ဟောဒီက Jong Dae နဲ့ Sehun ဆိုတဲ့အချစ်ဆုံးနှစ်ယောက်ကို သေတဲ့အထိမှတ်ထားပေးမယ် ဟုတ်ပြီလား"

"အကုန်အဆင်အသင့်ပြင်ပြီးပြီလား Hyunee"

Sehun အမေးအားကျွန်တော်ခေါင်းငြိမ့်ပြလျှက် Sehun ပခုံးပေါ်ကိုခေါင်းလေးမှေးတင်ကာ မှီချလိုက်သည်။

"မနက်ဖြန် ငါ့ကိုလိုက်ပို့ဦးမှာလား Sehun ya"

"အင်း သေချာပေါက်ပဲ"

"ငါလဲအိပ်မယ်"

ဆိုကာ ကျွန်တော့်ပေါ်မှီကျလာသော Jong Dae ကိုပြန်လည်ဖက်တွယ်ထားလိုက်သည်။

ထိုနေ့ညက ကျွန်တော်အိပ်ပျော်သွားသည့်တိုင်အောင် seen ဖြစ်မသွားသော massage လေးသည် အထီးကျန်စွာ။

□□□□□□□□□□□□

မနက်မိုးလင်းထဲက ခေါ်နေခဲ့သောဖုန်းလေးသည် ယခု ကျွန်တော် အိမ်ကနေ လေဆိပ်သို့ထွက်ခွာသွားသည့်တိုင် အောင် ဆက်သွယ်၍မရခဲ့ပေ။

မင်းစိတ်ထဲမှာအဆင်မပြေများဖြစ်နေသေးတာလား Chanyeol။

လမ်းတစ်လျှောက် Omma မှာသည်များအား မကြားတစ်ချက် ကြားတစ်ချက်ဖြင့် ကျွန်တော့်စိတ်အာရုံတို့သည် အတည်တကျရှိမနေပေ။

ဘယ်နှကြိမ်မြောက်မှန်းမသိသော ဖုန်းခေါ်ဆိုမှု့တို့အား ဆက်တိုက်ပြုလုပ်နေသည့်တိုင်အောင် အခြေအနေက ထက်ပြီးထူးခြားမလာခဲ့ပေ။

အနည်းဆုံးတော့ မင်းအသံလေးကိုကြားချင်နေမိသေးတာ။

အခုတော့ ငါ ဒီလောက်နဲ့ပဲ ကျေနပ်ရတော့မယ်ထင်တယ်။

Luggage တွေအပ်ပြီးသည့်တိုင်အောင် ကျွန်တော်သည် ဘေးပတ်ဝန်းကျင်ကိုသာ တစ်စိမ်းသူရောက်လာလေ မလားစိတ်နဲ့ မျှော်ကြည့်နေမိသည်အထိပင်။

Perfect StrangerWhere stories live. Discover now