"Chanyeol ..."

အိမ်ရှေ့ရောက်နေပြီဖြစ်သော်ငြား လက်ကိုမလွှတ်ပေးသေးသည့် Chanyeol လက်ကို ကျွန်တော်ပြန်လည်ဆုပ်ကိုင်ထားပြီး အကြည့်ချင်းဆုံစေမိသည်။

"ကျန်းမာရေးဂရုစိုက် ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေ"

"အင်း...."

"ငါ့ကိုဆက်သွယ်ဖို့ကတော့အထွေအထူးမှာမနေတော့ဘူး အရေးကြီးတာက ကျန်းကျန်းမာမာနဲ့ပျော်ပျော်ရွှင်ရွှင် နေပြီး ကိုယ်လုပ်ချင်တာလုပ်ရဖို့ပဲ"

"မင်းရောပဲ Baekhyunee "

ခနတာတိတ်ဆိတ်သွားသည့်တိုင်အောင် ကျွန်တော့်မျက်ဝန်းများသည် တစ်စိမ်းသူမျက်ဝန်များမှ နေရာရွေ့ခဲ့ခြင်း မရှိပေ။

"ည ၉ နာရီ.... လိုက်ပို့ပေးဖို့မတောင်းဆိုပေမယ့် ငါမျှော်လင့်လို့ရတယ်မဟုတ်လား Chanyeol"

"ငါလိုက်ပို့နိုင်ပါ့မလား Baekhyunee... ဟင်"

"ကံပေါ့ကွာ မဟုတ်ဘူးလား..... flight ပေါ်မတက်ခင်အထိ ငါ့မှာမျှော်လင့်ချက်လေးရှိဦးမှာပါ"

"ချစ်တယ် Baekhyunee"

"ငါလဲ မင်းကိုချစ်တယ် Chanyeol"

နှုတ်ဆက်အနမ်းတစ်ပွင့်အား ကျွန်တော့်ဘက်မှစတင်၍ တစ်စိမ်းသူပါးပြင်ထက်သို့ဆင်းသက်စေပြီးနောက် ကျွန်တော်ကျောခိုင်းလိုက်မိသည်။

ငါ့ကိုမင်းဆွဲထားပေးနိုင်ရင်ကောင်းမယ်ဆိုတဲ့ ခပ်ကြောင်ကြောင်အတွေးအချို့နဲ့အတူ ကျွန်တော်ထွက်ခွာခဲ့မိသည်။

ငါတို့အချစ်တွေတည်မြဲပါစေ Chanyeol။

□□□□□□□□□□□

"တစ်ခွက်လောက်သောက်သင့်တယ်လေ"

တစ်စိမ်းသူနှင့်တွေ့ပြီးနောက် အိမ်တွင် သူငယ်ချင်းသုံးယောက်စာအတွက် omma လုပ်ပေးသော စားပွဲလေး

ညစာအတူစားကြရင်း ရေချိန်ကိုက်စပြုလာသော Jong Dae က ကျွန်တော့်ကိုရစ်စပြုနေလေပြီ။

"အင်း.....ရော့ ငါ့ရဲ့ကိုယ်ရံတော်လုပ်ပေး"

ရှန်ပိန်ခွက်အား Sehun ရှေ့ချပေးလိုက်ကာ မျက်စပစ်ပြလိုက်တော့ စူပုတ်ပုတ်မျက်နှာပေးလုပ်လာသော Jong Dae ။

Perfect StrangerWhere stories live. Discover now