"ငါရောပဲ Baekhyunee"

တစ်စိမ်းသူရဲ့ကျေးဇူးတင်စကားအဆုံး ကျွန်တော်အပြုံးအချို့ကိုစွန့်ကျဲမိသည်ထင်၏ တစ်စိမ်းသူလဲ ကျွန်တော့်ကို အပြုံးများပြန်လည်တုံ့ပြန်လာခဲ့သည်။

စားလက်စအချို့ကိုလက်စသတ်ကာ ဆိုင်အတွင်းပျံ့နှံ့နေတဲ့ ခပ်တိုးတိုးသီချင်းသံကိုသာ ကျွန်တော်နားစွင့်နေမိသည်။

"ဘယ်သွားချင်သေးလဲ Chanyeol"

"ဟင့်အင်း.... လုံလောက်ပြီ ဒီလောက်ဆို"

ကျွန်တော်တို့နှစ်ယောက်ရဲ့အိမ်ပြန်လမ်းလေးဟာ တိတ်ဆိတ်စွာနဲ့ပဲ ပြီးဆုံးတော့မှာလားလို့ ကျွန်တော် ခပ်ကြောင်ကြောင်တွေးလိုက်မိသေးသည်။

"လာ ငါတို့ သွားကြရအောင်"

ကောင်တာ၌ကျသင့်သည့်တန်ဖိုးအားရှင်းပြီးနောက် သူသည် ကျွန်တော့်လက်ကိုတစ်ဖန်ပြန်လည်ဆုပ်ကိုင်လာပြန် သည်။

"တစ်ခုခုသောက်ချင်သေးလား Baekhyunee"

ကားတံခါးကိုဂရုတစိုက်ဖွင့်ပေးရင်း မေးလာသော တစ်စိမ်းသူအား ကျွန်တော်ခေါင်းခါပြလိုက်မိသည်။

"မင်းရော...."

"ကော်ဖီတစ်ခွက်လောက်တော့သောက်ချင်တယ်"

"အဆင်ပြေတဲ့တစ်နေရာဝင်လိုက်လေ Chanyeol"

ကားအား လမ်းမပေါ်၌အနေအထားမှန်ကန်စွာမောင်းနှင်နေသော တစ်စိမ်းသူမှာ style ကျလျှက်ပင်။

"တော်ပြီလေ ဒီအချိန်လေးကအရမ်းကိုတန်ဖိုးရှိနေလို့ ငါအမှားအယွင်းမခံနိုင်ဘူးဖြစ်နေတယ်"

တစ်စိမ်းသူဟာ တစ်ခါတစ်လေတော့ ထိုကဲ့သို့ ကဗျာဆန်တက်ပါသေးသည်။

"ဒီနေ့ မင်းကိုကြည့်ရတာ တစ်မျိုးပဲ Chanyeol"

"အင်း အဲ့လိုဖြစ်နေတာလား"

ရယ်မောရိပ်လွှမ်းနေသော တစ်စိမ်းသူသည် ခါတိုင်းတွေ့မြင်နေရသည့်ပုံစံနှင့်မတူပေ။

တိတ်ဆိတ်နေမည်ဟုထင်ခဲ့သောအိမ်ပြန်လမ်းသည် တစ်စိမ်းသူနှင့်စကားတွေဖောင်ဖွဲ့ရင်း ပျော်ရွှင်ခဲ့ရသလို အချိန်တွေက မြန်ဆန်လွန်းလှ၏။

Perfect StrangerTahanan ng mga kuwento. Tumuklas ngayon