စာစဉ် ၇ (11+12+13+14+15)
Start from the beginning
သူ့အနားတစ်ဝိုက်ဆီမှ ဆွေးနွေးပြောဆိုနေကြသံတွေကို ကြားလိုက်ရသည့်အခါ။ ချန်းရွှေ။ သူမရဲ့တစ်ကိုယ်လုံး ကျောက်ချ
သွားသည့်အလား လုံးဝပင် မရွေ့နိုင်လေတော့။ သူမရဲ့ မျက်နှာမှာ ကြောက်စရာကောင်းလှသည့် အရာတစ်ခုကို မြင်တွေ့လိုက်ရလေ သယောင်ယောင် ထူးထူးဆန်းဆန်းဖျော့တော့လို့သွားပါ၏။
စီ...စီရီဟန်.....
မျက်တောင်တစ်ချက်တောင် မခတ်ဘဲသတ်ပစ်တတ်တဲ့
စီမိသားစုရဲ့ ဒဏ္ဍာရီသခင်လေး !
စီရှားကြောင့်မို့ သူမသည် ဟိုးအဝေးကနေ သူ့အား တစ်ကြိမ်တစ်ခါ မြင်ဖူးခဲ့တာတောင်မှ သူမသည် သေချာပေါက်ကို သူ့အား မှတ်မိနေ ခြင်းပါတည်း။
ဤလူ။ သင်သည် သူ့ကို တစ်ကြိမ်လောက်လေးပဲ တွေ့ဆုံရရုံလောက်လေးနဲ့ပင် သူ့အား ဘယ်တော့မှ မေ့ပျောက်သွားမိလိမ့်မည် မဟုတ်လေခြင်း။
ဒါပေမယ့်၊ ဘယ်လိုဖြစ်ပြီးတော့ !
ရီဝမ်ဝမ်ရဲ့ ရည်းစားက ဘယ်လိုဖြစ်ပြီးတော့
စီရီဟန် ဖြစ်နေရတာလဲ ?!
ဒါသာ ဒီလိုမျိုးဟုတ်နေရင် ဘာကြောင့် ရီဝမ်ဝမ်က စီရီဟန်ကိုလက်လွတ်ခံပြီးတော့ စီရှားကိုဆွဲဆောင်ရလိမ့်မလဲ ?
ဖြစ်နိုင်တာ...ဖြစ်နိုင်တာက စီရှား ဟိုးအစကတည်းက
ရီဝမ်ဝမ်ကို ဂရုစိုက်ပေးနေတယ်ဆိုတာက အဲဒါကြောင့်များလား ?
ရီဝမ်ဝမ်က စီရီဟန်ရဲ့မိန်းကလေးဖြစ်နေတာကြောင့်လား !
အိုး ဘုရားရေ၊ စီရီဟန်သာ ငါ ရီဝမ်ဝမ်အပေါ်ကို
လုပ်ထားခဲ့တဲ့ အရာတွေကိုသိသွားလို့ကတော့....
ထိုအတွေးနှင့်အတူ ။ ချက်ချင်းဆိုသလိုပင်။ သေလောက်အောင် ကြောက်ရွံ့မှုတစ်ခု။ ချန်းရွှေရဲ့မျက်နှာထက် ပေါ်ထွက်လာတော့လေပြီ။
တစ်ချိန်တည်းမှာပဲ။ သူမ ရုတ်တရက် အမှတ်ရမိသွားသည်ကား။
စီရှား သူမကိုပေးခဲ့သည့် သတိပေးစကား။
"မင်းမသေချင်ရင် ပါးစပ်ပိတ်ထားစမ်း".....
လူတိုင်းသည်ကား ကြက်သေသေလို့နေစဉ်မှာပင်။ ထိုလူသား၏နောက်ဘက်ဆီမှ အသံတစ်သံ ရုတ်တရက်ပေါ်ထွက်လာပါပြီ။