ဒီအချိန်​ကျွန်​​တော်​သိတာတစ်​ခုတည်း...။

Chan ပြန်​လာရင်​..ဆိုတဲ့​မျှော်​လင့်​ချက်​တစ်​ခုနဲ့အသက်​ရှင်​​နေရတာကလဲ​တော်​​တော်​​လေးပင်​ပန်း​နေပြီ..။
Chan ဘယ်​မှာလဲ​တောင်​..ဒီ​နောက်​ပိုင်းသတင်းတစ်​စ​လေး​တောင်​ မရခဲ့...။

ဟင့်​အင်း.. အသက်​ရှင်​​နေရတာကြီးက
ဘာအဓိပ္ပါယ်​မှမရှိ​တော့သလိုမျိုး...။

"Chan..အားလုံးအတွက်​ ငါ့ကိုခွင့်​မလွှတ်​​လေနဲ့..
အရင်​တုန်းကလုပ်​ခဲ့ဖူးတာ​တွေအတွက်​​ရော..
အခုလုပ်​မယ့်​ကိစ္စအတွက်​​ရော.."

သူတစ်​​နေ့​တော့ကိုယ့်​ဆီပြန်​လာမှာပါဆိုတဲ့ ​မျှော်​မှန်းချက်​​တွေတစ်​စတစ်​စတိမ်း​ကောလာတဲ့အခါ...

အရင်​ကသူ့​မေတ္တာကို လျစ်​လျူရှုမိလို့များ ​မေတ္တာစူး​လေသလား..။

မလုပ်​သင့်​ဘူးဆိုတာသိ​ပေမယ့်​ ခဏ​လောက်​နာကျင်​ပြီးသွားရင်​ အမြဲထာဝရငြိမ်းချမ်း​တော့မှာ ဆိုတဲ့ စိတ်​​တွေနဲ့..
မိုက်​ရူးရဲဆန်​လိုက်​မိတဲ့အခါ...။

ရည်​ရွယ်​ချက်​ရှိရှိနဲ့ဝယ်​ထားခဲ့တဲ့ အရက်​ပုလင်း​ဘေးက
ဆေးပုလင်း​လေးကို လက်​လှမ်းလိုက်​တယ်​...။

ပြီး​တော့ ဘာရယ်​ညာရယ်​စဉ်းစားမ​နေ​တော့ပဲ
အထဲက ​ဆေးလုံးဖြူဖြူ​တွေကို တုန်​ယင်​​နေတဲ့လက်​အစုံနဲ့
ထုတ်​ပြီး အရက်​နဲ့​မျှောချပစ်​လိုက်​တယ်​..။

ကျွန်​​တော့်​လိုလူမိုက်​တစ်​​ယောက်​အသက်​ဆက်​ရှင်​​နေရင်​​ရော..ဒီ​လောကအတွက်​ ဘာ​ကောင်းကျိုးရှိမှာတဲ့လဲ..။

"ငါကတိ​ပေးတယ်​..ငါတို့ပြန်​​တွေ့တဲ့အခါကျရင်​..
အရင်​တုန်းက Baek Hyun နဲ့လုံးဝမတူ​စေရဘူးလို့.."

ချစ်​​သောသူ့ကို တိုင်​တည်​လိုက်​ပြီးတဲ့​နောက်
မျက်​ခွံ​တွေတစ်​ဖြည်းဖြည်း​မှေးစင်းကျလာတဲ့အခိုက်​..

ကျွန်​​တော့်​မျက်​၀န်း​တွေက မျက်​ရည်​စီး​ကြောင်းတစ်​ချို့
ဆင်းသက်​လာ​လေတယ်​...။

တစ်​ကယ်​လို့..တစ်​​ယောက်​​ယောက်​များ​တွေ့ခဲ့လို့ရှိရင်​လဲ..
ကံစီမံရာအတိုင်း​ပဲ​ပေါ့....။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Wo Geschichten leben. Entdecke jetzt