" ကိုယ့်ကလေးလေးက မင်းသမီးလေးလေ အဲ့တော့ မင်းသမီးတွေနားနေခန်းထဲမှာရှိနေမှာ ကိုကိုသိတယ်လေ.. အဲ့တာတော့မေးလာတာပေါ့ "
" တော်လိုက်တာ မွ.. "
Baekကိုမမြင်နိုင်လောက်အောင် သာယာနေကြသော အသစ်စက်စက်ချစ်သူနှစ်ဦးကိုကြည့်ပြီး ငိုချင်လာရသည်
ဘယ်လောက်ပဲ စိတ်ကိုပြင်ဆင်ထားပါစေ
တကယ်ကြီးကြုံလာရတော့လည်း နှလုံးသားက စူးနစ်နေအောင် အောင့်မျက်လှသည်..
ကိုယ်ကပဲ သိပ်ချစ်ခဲ့ရသူကိုး..
မှားယွင်းသော ဆုံးဖြတ်မှုတခုကြောင့်သာ.. Baekတို့...
" အော်.. ကိုကို့ ကို မိတ်ဆက်ပေးရမယ်.. ဒါ haeyoonနဲ့ အတူတူ တွဲ အလုပ်လုပ်ရမယ့် onnieလေ Byun Baek hyunလေ
Onnie ဒါ ညီမလေး ချစ်သူ park chanyeolတဲ့
Rap kingကြီးပေါ့ ဟီးး "
Haeyoon မိတ်ဆက်ပေးမှ Baekကို သတိထားမိသောသူ.
ဒါပေမယ့် အံ့သြသွားပုံမရတော့ Baekရှိနေတာ သိပြီးသားဖြစ်မှာပါ
" Nae.. Byun Baek hyun ပါ "
" အပေါ်ယံတွေခုံမင်နေတုန်းနော် Baek hyunnee
ကိုယ် မင်းကိုသိပါတယ် မိတ်ဆက်စရာမလိုတော့အောင် ရင်းနှီးဖူးတယ်မလား "
သူ့ အပြောတွေ ချေပဖို့  Baekမှာ ပြောစရာမရှိ.. မှားနေတာ Baekမဟုတ်ပေမယ့်.. သူသိနေတာအဲ့အတိုင်းပဲမို့ ရှိပါစေတော့လေ
~~~
Haeyoon ဖုန်းဆက်ခေါ်လို့  သူမတို့  shootingနားမှာရှိနေတာလည်းဖြစ်လို့  သွားဖို့ ဆုံးဖြတ်မိသည်
Shootingတွေမှာ သွားတွေ့ ရမယ်ဆိုတော့ တချိန်က ချစ်ဖူးသူရဲ့ shootingတွေကို ခြေတိုအောင်လျှောက်လိုက်ဖူးတဲ့အခြေအနေကိုသတိရသွားမိသည်.. အောင်မြင်နေတဲ့ချစ်သူက မအောင်မြင် မထင်ရှားတဲ့ ကျနော့်ကို ထားခဲ့တာ.. ။
ချစ်နေရင်ပြီးပြီ.. အချစ်ပဲလိုတယ်ဆိုတဲ့စကားက သိပ်ကိုမှားတာ.. အောင်မြင်နေတဲ့သူုမအတွက် အောင်မြင်မှုတွေကိုမက်မောနေတုန်းပဲ
Haeyoon က နားနေခန်းထဲမှာဆိုလို့ ၀င်သွားတော့အရင်ဆုံးမြင်လိုက်ရတာက သူမ.. ခုံလေးတခုပေါ်မှာ လေးတွဲ့ တွဲ့ လေးထိုင်ပြီး သီချင်း နားထောင်ရင်း မျက်လုံးလေးတွေကိုမှိတ်ထားသည် ပင်ပန်းရင်အမြဲ အဲ့လိုခွေခွေလေးနေတတ်တဲ့အကျင့်က မပျောက်သေးဘူးပဲ
🌳မာယာကင်းသော ချစ်ခြင်းဖြင့်သာ🌳
Start from the beginning
