A/N... Fic လေးရဲ့ setting ကို
အနောက်နိုင်ငံက အိမ်တော်တခုလို့ မြင်ပေးပြီး timeကို တော့ 1770 ကာလအဖြစ်တွေးပေးကြပါရန်...
ဝပ်သရင်းဟိုက် ( Wuthering Heights ) အိမ်တော်ကြီးရဲ့ ဧည့်ခန်းထဲမှာ အလုပ်မတူညီတဲ့ လူသား၎ဦးဟာ သခင်ကြီးပြန်အလာကိုမျှော်နေကြသည်
သခင်မကြီးက ကျမ်းစာဖတ်နေသလို
အကိုကြီး ဗြောင်ချွဲဟန် ( Byun choi han ) က တယောလက်ကွက်တွေကိုကျင့်နေလေသည်
စံအိမ်တော်ရဲ့ အငယ်ဆုံးသားဖြစ်တဲ့ အကိုလေး ဗြောင်ဘတ်ဟျွန်း ( Byun baek hyun ) ကတော့
အစေခံမလေး ကင်ဂျီရှင်း ( Kim ji shin ) ရဲ့ ရင်ခွင်ထဲမှာနေပြီး ဂျီရှင်းဖတ်ပြတဲ့ ပုံပြင်တွေကို ဇိမ်ရှိရှိနားထောင်နေလေရဲ့...
သူတို့ မျှော်နေကြတာက စံအိမ်ကြီးရဲ့အရှင် သခင်ကြီးဗြောင် ကိုပါပဲ...
သခင်ကြီး လီဗာပူးမြို့ ကိုသွားတာ ၃ရက်ရှိနေပြီ..ဒီနေ့ ပြန်လာရမှာ ပေမယ့် ညစာစားချိန်ကိုတောင်ကျော်လွန်ပြီး တော်တော်တောင်ညဘက်ရောက်လာပြီ
၁၁နာရီကျော်ကျော်လောက်မှာတော့ တံခါးခေါက်သံနဲ့ အတူသခင်ကြီးဟာ ပြန်လာခဲ့ပြီ
ပင်ပန်းတဲ့အမူအယာနဲ့ ပဲ ဧည့်ခန်းထဲကထိုင်ခုံပေါ်မှာ ပစ်ထိုင်လိုက်သည်
" ရှင်မရေ.. မင်းကိုဒီအကြောင်းပြောဖို့  စိုးရိန်စိတ်နဲနဲရှိပေမယ့်  .. ကိုယ်ပြောမှဖြစ်မှာမို့ သေချာနားထောင်.. ပြီးတော့ ဒီကိုလာကြည့်ကြဦး "
သခင်ကြီးရဲ့စကားဆုံးတာနဲ့  လေးယောက်လုံးဟာ သခင်ကြီးအနီးမှာဝိုင်းကြည့်လိုက်မိကြသည်
သခင်ကြီးရဲ့ ကြီးမားလွန်းလှတဲ့ကုတ်အက်ျီထဲက ထွက်လာသော ကလေးလေး... ညစ်တိညစ်ပတ်ကလေးလေး
" ဘာလို့ ခေါ်လာတာပါလဲ.. သခင်ကြီး "
" မွေးစားဖို့ ပေါ့ ရှင်မရယ်.. လီဗာပူးမြို့ လမ်းတနေရာကနေ သူ့ ကိုတွေ့ ခဲ့တာ.. သူ့ ပိုင်ရှင်ကိုဘယ်လိုမှ မသိရတာနဲ့ မွေးစားဖို့ ခေါ်လာခဲ့တာပဲ "
သခင်ကြီးရဲ့ အေးစက်စက်စကားအောက်မှာ သခင်မကြီး ဒေါသမီးတွေတောက်လေပြီ
" ရှင် ဘယ်လိုတွေလုပ်လာတာလဲ.. ကျွန်မတို့ မှာကျွေးမွေးဖို့ သားအရင်းနှစ်ယောက်တောင်ရှိတယ်လေ "
