Baek >> ကိုကို ရက်စက်တယ် ပြောတော့ မောင်နှမ ၂ယောက်လုံးချစ်သူမရှာကြေးဆိုပြီး ကိုကိုက ခုလက်ထပ်တော့မယ်
ပြောလည်းပြော ငိုလည်းငိုနေသောညီမဆိုးလေးကို ဘယ်လိုစကားလုံးတွေသုံးပြီးချော့ရမလဲ Kris တယောက်မသိတော့
အချစ်နဲ့ မတွေ့ သေးတဲ့အချိန်တုန်းက လွယ်လွယ်ကူကူထားခဲ့တဲ့ ကတိဟာ အချစ်နဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ လာတဲ့အခါငြင်းဆန်ဖို့ မလွယ်
Kris >> Baek ညီမလေးရာ TaOမှာ ဘာ ပြစ်ချက်ရှိလို့ လဲ
Baek >> ရှိတယ်လေ ကိုကို့ ကိုပိုင်ဖို့ ကြိုးစားတာသူ့ အပြစ်ပေါ့
ပြေးကြည့်ရင်တောင် ၂ယောက်မရှိနိုင်တဲ့ Baek ရဲ့ကိုကို ကိုသူက လုယူတော့မှာ
အရှင်းဆုံးပြောမယ် သူအိမ်ပေါ်ရောက်လာမယ့်နေ့ မှာ Krisရဲ့ညီမ Baek hyun ဆိုတာ ဒီအိမ်မှာရှိနေမှာမဟုတ်ဘူးးး
ကျလာတဲ့မျက်ရည်ကို လက်ဖ၀ါးနဲ့ ခပ်ကြမ်းကြမ်းပွတ်ဆွဲပြီး baekအခန်းဆီပြေးလာခဲ့သည်
ထို့ နောက် မှန် တင်ခုံပေါ်ထောင်ထားတဲ့ ဓာတ်ပုံလေးကိုယူရင်း
Baek >> Oppa channie ah .. Baek ကိုကို တကယ်မတရားဘူးမလားး
Baek ကိုကျoppa ဇာတ်ကားတွေရုံတင်ရင်တောင် လိုက်မပြ .. သေအောင်ချုပ်ချယ်ခဲ့ပြီး သူကျမိန်းမယူတော့မယ်
ဟွန်းး သူ့ မိန်းမအိမ်ကိုရောက်လာရင် Baek oppa ဆီလာခဲ့မှာ သိလား
Oppa အိမ်ကိုသိတယ် ပိုက်ဆံပေးပြီးစုံစမ်းခိုင်းထားတာ
တယောက်တည်းစကားတွေပြောကာ မှန်သွင်းထားသော နာမည်ကျော်ရုပ်ရှင်မင်းသားPark chanyeol၏ ဓာတ်ပုံလေးကို ရင်ခွင်ထဲထည့်ဖက်ကာ အိပ်စက်ခြင်းဆီသို့ 
~~~~
ပြောပြီးမပြင်တတ်သောဝသီအတိုင်း Baek တယောက်အထုပ်ဆွဲပြီး နှင် ချမည့်သူမရှိသောအိမ်က ဆင်းလာခဲ့သည်
ကိုကိုလားးး ?ဖိတ်စာလိုက်ဝေနေလို့ အိမ်မှာမရှိဘူးးး
လက်ထဲတွင်က မင်းသား Park chanyeol ရဲ့ အိမ်လိပ်စာလေးကို ကိုင်လို့ 
ကိုကိုမပါရင်အိမ်အပြင်တောင်ကောင်းကောင်းမသွားတတ်တာ ခုတော့ လမ်းမထက်မှာလည်တယ်တယ်
တဖက်လမ်းကူးချင်တာမို့  ကားရှင်းတုန်းကူးလိုက်ပေမယ့် မထင်မှတ်ထားသောကားတစီးက~~
