🌺အချစ်ပန်းတွေပွင့်ဖို့  စောင့်ရချိန် 🌺

252 24 1
                                        


" Baek..  မနက်ဖြန် scheduleကို ပြန်ပြင်ပေး.. Noona ပြန်လာမှာ သွားကြိုမို့ "

" မဖြစ်ဘူးလေ chanyeolရ.. အရေးကြီးတဲ့ပွဲလေ.. မင်းရဲ့ soloမိတ်ဆက်နော် "

" ကျွန်တော်မအားဘူးလို့ ပြောနေတယ်လေ.. အဲ့ပွဲထက် noonaက အဆတစ်ရာ ပိုအရေးကြီးတယ် "

ပြောပြီးထွက်သွားသော အိုင်တောလန်းလန်းကြီးကြောင့် byun Baek hyunတို့  အသက်မြန်မြန်တိုရမည်သာ။
ဇွတ်တရွတ် တဇောက်ကန်းကြောင့် အမြဲတမ်းCEOရဲ့ ဆူပူတာ ခေါင်းကျိမ်းမတတ်ခံရတာ တခါက နှစ်ခါ မကတော့.. ။ အရင်က ကျွန်တော် အလိုလိုက်မိတာတွေလည်းပါမည်။ အခုတော့ ဘယ်လိုမှထိန်းမရတော့ သူဖြစ်ချင်တာဇွတ်လုပ် ကျန်နေတဲ့ မန်နေဂျာဘာဖြစ်နေခဲ့နေခဲ့ လှည့်မကြည့်ပေး... တစ်ချက်ကလေးမှတောင်လေ။
ဒါတောင် Byun Baek hyun သူ့ ကို မစွန့် ခွာနိုင်သေးတာ အလုပ်အတူတွဲလုပ်လာတာကြာနေတဲ့ မန်နေဂျာနဲ့  artistသံယောဇဉ်ပဲ ဖြစ်ပါစေ။ ။

~~

အိမ်မှာတော့ ဦးငယ်.. Companyမှာတော့  CEOကြီး ဆီ အသွား  ဦးငယ်အခန်းထဲက မျက်နှာမကောင်းစွာ ထွက်လာသော   Baek hyun Oppaကို တွေ့ လိုက်တာမို့  အမြန်ခေါင်းငုံ့ နှုတ်ဆက်လိုက်ရသည်။

" Baek hyun Oppa.. မဂ်လာပါ "

" အာ.. Niniလေးပါလား  CEO ဆီလာတာလား? "

" ဟုတ် "

" အွန်း အခု seriesတွေ စ ရိုက်တော့မယ်ဆို "

" Nae.. Bo gum oppa နဲ့ "

" ကြိုးစားနော် nini လေး
oppa သွားပြီနော် "

"Nae"

( nini က  kim Jong in ကိုပြောတာမဟုတ်ပါ..  ဟောဒိက နေကော လေးပါနော် 😊 )

ပျက်ယွင်းနေတဲ့ မျက်နှာကို အတင်းဟန်လုပ်ပြုံးပြီး နှုတ်ဆက်နေတာ မသက်သာလိုက်တာ Byun ရာ ။
သိတယ် အခုဘာဖြစ်လာပြန်ပြီလဲဆိုတာ။ အဆူခံလာရတာမလား?  Park chanyeol ကြောင့်အဆူခံလာရတာမလား?
ဒီဦးငယ်ကလည်း Byun oppaကို မဆူနဲ့ ဆိုတာ .. မေမေ့ကို နားရွက်ဆွဲခိုင်းဦးမယ် ဦးငယ်က နီနီ့ စကားနားမထောင်ဘူးဆိုပြီး။

~~~

" Baek..  သယ်နိုင်တာသေချာလို့ လား "

" Nae  သယ်နိုင်ပါတယ် noona ရ "

Chanbaek ~~~Only one collection 💜Where stories live. Discover now