"Chan Yeol-ah.."

"arjushi..arjushi..ထပါဦး.."

မွန်းကျပ်​စွာ..
ဝမ်းနည်းစွာ..
နိုးထခဲ့ရပြီး...ပါးပြင်​​ပေါ်မျက်​ရည်​​တွေရွှဲရွှဲစို​နေတဲ့
အထိအ​တွေ့ကို ခံစားလိုက်​ရမှ..
အိမ်​မက်​မက်​​နေတာသိလိုက်​ပြီး..
အာ..​တော်​ပါ​သေးရဲ့လို့ခပ်​တိုးတိုး​ရေရွတ်​မိလိုက်​သည်​..။

ဘေးနားမှာ..appa က..စိုးရိမ်​တကြီးနဲ့..
ရပ်​​နေတာ​တွေ့လိုက်​ရသည်​..။

မ​နေ့ညက appa အဖျား​တွေတက်​လို့..
appa အခန်းထဲမှာ​စောင့်​အိပ်​ရင်းနဲ့ Chan ကို
အိမ်​မက်​မက်​​ခြင်းဖြစ်​သည်​..။
သူငယ်​ပြန်​​နေတဲ့ appaက ကျွန်​​တော့်​ကို သူ့အ​ဖေ​လောက်​နီးနီးချစ်​ရတဲ့ ဦး​လေးကြီးဆိုပြီး..
က​လေးတစ်​​ယောက်​လို သူစားချင်​တဲ့မုန့်​​တွေ..
သွားချင်​တဲ့​နေရာ​တွေလိုက်​လိုက်​ပို့ခိုင်းလွန်းလို့...

ဒီအ​တောအတွင်း..Chan ကို စက္ကန့်​မလပ်​သတိရ​နေရတာ​တွေက..စိတ်​ထဲမှာ သတိရ​နေ​ပေမယ့်​လဲ..
appaကိုပြုစု​စောင့်​​ရှောက်​​နေရတာနဲ့တစ်​ခါတစ်​ခါ
အပြင်​ဘက်​ထွက်​ကျလာဖို့အထိအချိန်​မရ​တော့
တစ်​မျိုး​ကောင်းတယ်​​ပြောရမလား..။

အရမ်းသတိရလာရင်​ ငိုလိုက်​..
အဲ့ထက်​ဆိုးလာရင်​ ​နေမ​ကောင်းဖြစ်​တဲ့အထိခံစားလိုက်​..
တစ်​ခါတစ်​ခါ ​သေမတတ်​ လွမ်း​ပေမယ့်​ appaရဲ့.
တပူပူတဂျီဂျီ ဂျစ်​တိုက်​သံ​တွေအကြား..အလွမ်း​တွေကို
ထိန်းသိမ်းထားလိုက်​နဲ့..
မ​သေရုံတစ်​မယ်​အားတင်း​နေရ​သည်​..။

ဒါ​ပေမယ့်
Chan ကိုတစ်​​နေ့ကျရင်​ ပြန်​​တွေ့မှာဆိုတဲ့စိတ်​တစ်​ခုနဲ့
ကျွန်​​တော်​​နေ​ပျော်​​အောင်​ ​နေသည်​..။

"arjussi..Chan Yeol က ဘယ်​သူလဲဟင်​..?
အိပ်​​နေရင်း နဲ့​ယောင်​ပြီးငို​နေတယ်​.."

"အာ..Chan Yeol ဆိုတာ..arjussi ရဲ့ ချစ်​သူပါ.."

"ဟာ..!
arjussi မှာ ချစ်​သူရှိတာလား..?
ဘယ်​မှာလဲ..ကျွန်​​တော့်​ကိုပြ​လေ.."

က​လေး​လေးတစ်​​ယောက်​လို..ကျွန်​​တော့်​လက်​ကို လှုပ်​ယမ်းပြီး Chan Yeol ဆီ​ခေါ်သွားဖို့..
ဂျစ်​တိုက်​​နေတဲ့ appa ​ကြောင့်​..
ငိုရအခက်​ ရယ်​ရအခက်​နဲ့..။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now