နေပါဦး..​နောက်​ထပ်​ဆယ်​မိနစ်​​လောက်​​နေရင်​..Baek Hyunee ၀င်​လာရမယ့်​တံခါး​ပေါက်​က​နေ..
ကျွန်​​တော်​မသိတဲ့လူ​တွေ ဘာလို့ဝင်​လာရသလဲ..။

"ခင်​ဗျားတို့ ဘယ်​သူ​တွေလဲ..!"

ဒီ​လောက်​သာ ​ပြောလိုက်​ရသည်​..။

အင်္ဂလိပ်​လူမျိုး လူဝကြီး ငါး​ယောက်​ တံခါး​ပေါက်​၀က​နေ
ကျွန်​​တော်​ရှိတဲ့ဆိုဖာနား မျက်​စိတစ်​မှိတ်​အတွင်း
ရောက်​လာကြပြီး..
ကျွန်​​တော်​ ကိုယ့်​ကိုကိုယ်​ ကာကွယ်​မှု​သေး​သေး​လေး​တောင်
မလုပ်​ရ​သေးခင်​မှာပင်​..
လည်​ပင်းနဲ့ပုခုံးထိစပ်​တဲ့​နေရာကို စူးခနဲ ​ရောက်​လာခဲ့တဲ့
အထိအ​တွေ့တစ်​ခု...။

ဆေးထိုးအပ်​နဲ့တစ်​ခုခုအထိုးခံလိုက်​ရသည်​လို့သိသိချင်း
အခန်းထဲက ထွက်​ဖို့ကြိုးစားလိုက်​​ပေမယ့်​လဲ...
သုံးလှမ်း​လောက်​သာလှမ်းရ​သေးသည်​..။

အမြင်​အာရုံ​တွေ ​မှောင်​အတိလွှမ်းကာ..
နောက်​ဆုံးအသိထဲမှာ..ကျွန်​​တော်​​အောက်​ကြမ်းပြင်​ကို
ပိုးလိုးပက်​လက်​လဲကျ​သွားခဲ့တာပဲ..။

နေပါဦး...ခဏ..။
လွန်​ခဲ့တဲ့ နှစ်​နာရီ​လောက်​က..ဒီ​ဟော်​တယ်​ကို လာဖို့
BaekHyunee ဆီက​နေ စာ​ရောက်​လာခဲ့လို့
ဒီကို လာခဲ့တာ​လေ..။
ပြီး​တော့ ​နောက်​ထပ်​ဆယ်​မိနစ်​​လောက်​ပဲ ​စောင့်​ဆိုလို့.​စောင့်​​နေတာကို..။
ဒီလူ​တွေက ဘယ်​လိုဖြစ်​လို့​ရောက်​လာကြတာလဲ..။

တစ်​ခုခု များမှား​နေတာလား..။

ကျစ်​..Baek Hyun.​ရောက်​လာလို့သူ့ကိုပါ အန္တရာယ်​ပြုမယ်​ဆိုရင်​.!

အဟား...ကာကွယ်​ ​ပေးချင်​​ပေမယ့်​ ကိုယ်​ကိုယ်​တိုင်​၌ကိုက
အင်​အား​တွေ ယုတ်​​လျော့​နေရတဲ့အ​ခြေအ​နေကြီးက
ဘယ်​လိုမှ အဆင်​မ​ပြေဘူးဗျာ...။

::::::::: Tyranny ::::::::::::::

"သွားလို့ရပြီ.."

နှလုံးတစ်​ခုလုံးပြုတ်​ကျမတတ်​လှိုက်​ခနဲ လှိုက်​ခနဲ ခံစားချင်​​တွေနဲ့ appa ထိုင်​​နေတဲ့ ဝှီးချဲကို ခပ်​တင်းတင်းဆုပ်​ကိုင်​​ထားတုန်းမှာ..အ​ရှေ့ကဂျပန်​ကြီးဆီက​နေ
သွားလို့ရပြီဆိုတဲ့အသံထွက်​လာ​တော့..
ဝှီးချဲကို ခပ်​ကြမ်းကြမ်းတွန်းထုတ်​ပြီးအခန်းထဲက​နေ ထွက်​လာခဲ့လိုက်​သည်​..။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now