နေမင်းမဟာ ရဲ့ဖြူဖွေးနေတဲ့မျက်နှာအသားရည်က တဖြည်းဖြည်းနဲ့
ပန်းနုရောင်ဘက်ကနေ ပန်းဆီရောင်ဘက်ကို တဆင့်ဆင့်ကူးပြောင်းလာခဲ့တယ်....
ပိုင်ရတုမောင်ရဲ့ နှုတ်က စကားတစ်ခွန်းပြောလိုက်တိုင်းလည်း သူ့ရဲ့ ရင်ခုန်နှုန်းတွေက တစ်စတစ်စ ပိုမိုမြန်ဆန်လာခဲ့တယ်....

'အကို~~~~ကျွန်တော့်လိုချင်တဲ့ အကို့ရဲ့ အချစ်တွေ ကျွန်တော့်ကိုပေးနိုင်မလား????'

ပိုင်ရတုမောင် ပြောသာပြောနေရတာ..သူ့ရဲ့ခြေဖျားလက်ဖျားတွေက အေးစက်နေပြီ....မီးရထားခုတ်မောင်းသလို မြန်ဆန်နေတဲ့ သူ့ရင်ခုန်သံတွေကြောင့်လည်း အတတ်နိုင်ဆုံးစကားကိုထိန်းပြောနေရသည်
သူ့ခံစားချက်တွေကို... ကိုနေ နားလည်လက်ခံလာအောင်ပေါ့...

ပိုင်ရတုမောင် ရဲ့ တောင်းဆိုချက်ကို နေမင်းမဟာ တော်တော်နဲ့ ပြန်မဖြေ....နေရောင်ခြည်တွေဖြာကျလို့ တလက်လက်တောက်ပနေတဲ့ အင်းယားကန်ရဲ့ ရေပြင်ကျယ်ကိုသာ ငေးမောစိုက်ကြည့်နေတယ်...
ဘေးနားမှာထိုင်နေတဲ့ ပိုင်ရတုမောင်ကတော့ နေမင်းမဟာရဲ့ မှန်းဆရခက်တဲ့အခြေအနေကိုကြည့်ရင်း ကျွန်တော့်ကို မငြင်းလိုက်ပါနဲ့ လို့ဘဲ သူ့စိတ်ထဲ တိတ်တိတ်လေးဆုတောင်းနေတယ်...
အတန်ကြာမှ နေမင်းမဟာဆီက စကားသံထွက်ပေါ်လာခဲ့သည်...
သို့သော် ပိုင်ရတုမောင်ကို မကြည့်ဘဲ အင်းယားကန်ကို ငေးမောလျက်သာပြန်ဖြေခဲ့သည်...

'အကိုပြောခဲ့ဖူးပါတယ်....ညီတောင်းတာ မှန်သမျှ ကိုယ်ကျေကျေနပ်နပ်ကြီးပေးပါ့မယ်လို့'

ပိုင်ရတုမောင် ရဲ့ဆုတောင်းတို့က ပြည့်ဝခဲ့လေပြီ...
နေမင်းမဟာ စကားကို ကြားပြီး ယခုအချိန် ကမ္ဘာပေါ်မှာအပျော်ဆုံးနှင့် ကံအကောင်းဆုံးသူသည်....သူဘဲဖြစ်မည်ဟု တွေးမိသည်....

'အဲ့တာဆို ကိုနေကျွန်တော့်အချစ်ကိုလက်ခံလိုက်ပြီပေါ့....'

နေမင်းမဟာက စကားနဲ့ပြန်မဖြေဘဲ ခေါင်းငြိမ့်ပြီး လက်ခံကြောင်းပြလိုက်သည်...အခုအချိန်မှာ သူ ပိုင်ရတုမောင် ကိုစေ့စေ့ပင်မကြည့်ရဲ... အရမ်းကိုရှက်နေမိသည်...
အဲ့တာကြောင့်...သူစားလက်စ ရေခဲမုန့်ကိုဘဲ ဆက်စားနေတဲ့အချိန် ပိုင်ရတုမောင် ထပ်ပြောလိုက်တဲ့စကားကြောင့် စားနေတဲ့ရေခဲမုန့်ပင်
သီးသွားသည်.....

"သူ" သာလျှင်.....💘Where stories live. Discover now