Baekhyunee BDay Party

Start from the beginning
                                    

BH: ဒီနောက်ပိုင်း နားထောင်ဖြစ်တဲ့သီချင်းတွေက
ကျွန်တော့်သီချငိးတွေပါ...ကျွန်တော်ချစ်စရာကောင်းတဲ့သီချင်းတွေဆို သဘောကျတယ်...ချစ်စရာကောင်းတဲ့သီချင်းတွေက အယ်ရီတွေကိုတွေးမိစေတယ်..concertပြီးခါနီးမှာ For life ဆိုတုန်းကလား..အယ်ရီတွေအကြောင်းတွေးမိပြီး ကျွန်တော်မျက်ရည်ကျခဲ့သေးတယ်...(တကယ်ပဲ
ဗြောင်ဘတ်ဟျွန်းဆိုတာ သူ့အယ်ရီတွေကိုသိပ်ချစ်တာနော် )

BH: အယ်ရီတွေက ကျွန်တော်နဲ့ပက်သတ်လို့သေးသေးမွှားမွှားလေးတွေကအစ reactလုပ်တာကို ကျွန်တော်ချစ်တယ်.. Love shot ကတုန်း က ကျွန်တော့လက်ရဲ့ gesture ကိုreactလုပ်တာမျိုး..
အဲ့လိုမျိုးလေးမြင်ရတာ မင်းတို့အားလုံးအများကြီး
ကြီးပြင်းလာပြီလို့ ခံစားရတယ်..ကျွန်တော်တို့အားလုံးဒီလိုလေးတူတူအသက်ကြီးလာတာလို့ခံစားရတယ်...အဲ့ဒါတကယ်ချစ်ဖို့ကောင်းတယ်...အယ်ရီတွေက အမြဲတမ်းချစ်ဖို့ကောင်းတယ်..အဲ့လိုအချိန်တွေဆိုပိုချစ်ဖို့ကောင်းတယ်....

BH: ကျွန်တော့်ရဲ့ အယ်လ်ဘမ်~အဲ့ဒါနဲ့ပက်သက်ပြီးတော့ အတိအကျ ပြောစရာမျိုးမရှိပေမယ့် Youtubeကတော့...ကျွန်တော်မကြာခင်channelတစ်ခုလုပ်တော့မယ်...အခုဆိုvideo၂ခုလောက်ရိုက်ပြီးနေပြီ...အခုလောလောဆယ်တော့ သူတို့ကိုeditလုပ်နေတယ်...
(youtube channelလာပါတော့မယ်နော် 😌💜)

BH: အဆိုတော်တစ်ယောက်အနေနဲ့ လွှမ်းမိုးမှုရှိတယ်လို့ခံစားရတဲ့အချိန်?ကျွန်တော်တို့ Daeseang ဆုကြီးတွေ လက်ခံရတဲ့အချိန်တိုင်း...ကျွန်တော်ဒါနဲ့ထိုက်တန်ရဲ့လားလို့အမြဲစဉ်းစားမိတယ်...အယ်ရီတွေရဲ့ကြိုးစားမှုနဲ့ယှဉ်လိုက်ရင်...ကျွန်တော်နည်းနည်းပဲပြန်ပေးနိုင်တယ်...အယ်ရီတွေ ကျွန်တော့်ကိုလုပ်ပေးတဲ့အရာတွေက တကယ်ကိုယှဉ်စရာမရှိလို့
အရမ်းအားနာရပြီးတော့ တစ်ချိန်တည်းမှာလည်း
Emotionalဖြစ်တယ်...

အယ်ရီတွေကိုအရမ်းလွမ်းတဲ့အချိန်တွေဆို...ကျွန်တော်အိမ်မှာ ကျွန်တော်တို့ရဲ့stageတွေကိုပြန်ကြည့်တယ်...ကျွန်တော်တကယ်ပဲ ဖျော်ဖြေချင်တယ်...
အယ်ရီတွေရဲ့အားပေးတဲ့အသံတွေက ကျွန်တော့အတွက်အားတွေဖြစ်စေတယ်...သိတယ်မလား...
ကျွန်တော်တို့စင်ပေါ်တက်တိုင်း "EXO''လို့အော်ပေးတယ်...စင်ပေါ်ကဆငိးတိုင်းလည်း အားပေးတယ်...မင်းတို့ရဲ့အားပေးသံတွေက ကျွန်တော်တို့ကိုတကယ်ရူးစေနိုင်တယ်...

BH: fans တွေကို ဆွဲဆောင်နိုင်တဲ့ ကျွန်တော့်ရဲ့
Charms တွေကဘာလဲ??..aigoo..ကျွန်တော်ထင်တာ ကျွန်တော့်ရဲ့မိသားစုလိုဆက်ဆံပူံနဲ့ friendlyဖြစ်တာလို့ထင်တယ်(fanတွေကိုနွေးနွေးထွေးထွေးဆက်ဆံပေးတာကိုပြောချင်တာပါ)...ကျွန်တော့်မျက်နှာ?? မဟုတ်ဘူး...
ကျွန်တော်တို့memberတွေအကုန်ချောတယ်လေ..
ကျွန်တော့အသံတွေ?? ဒါမှမဟုတ် ရီစရာတွေလုပ်တာနဲ့ စကားကောင်းကောင်းပြောတတ်တာ??အကုန်လုံးလား??ဟုတ်ပြီ... အဲ့ဒါဆိုအကုန်လုံးပဲ ><
(စကားကိုချစ်ဖို့ကောင်းအောင်ပြောတတ်တာလေးပါထည့်ပါဦး ပိစိရဲ့)

BH: အခုနောက်ပိုင်း လုပ်ဖြစ်တဲ့လေ့ကျင့်ခန်း??
အသက်ရှူတဲ့လေ့ကျင့်ခန်းပါ..(ဒီလိုမှမပြောရင်ဗြောင်ဘတ်ဟျွန်းဘယ်ဟုတ်တော့မလဲ 😆)

နောက်တစ်ခုက Baekhyuneeက Medium sizeတွေဆိုမဝတ်တတ်ပါဘူးတဲ့...သူ့ခန္ဓာကိုယ်နဲ့fitဖြစ်တာကိုမကြိုက်လို့ပါတဲ့...အမြဲတမ်းပိုကြီးတဲ့ oversized တွေပဲဝတ်တတ်ပါတယ်တဲ့...(oversizedတော်တော်များများက ကြက်ဥရဲ့ဟာတွေမဟုတ်ရင် ကြက်ဥနဲ့ဆင်တူတွေလည်းပါသေးတယ်လေ ယူရဲ့ 😝💜)

သူရဲ့fav colourကတော့အနီရောင်ပါတဲ့...
ငယ်ငယ်တုန်းကပါဝါရိန်းဂျားအနီရောင်ကိုကြိုက်လို့ အနီကိုကြိုက်တာပါတဲ့...(အရင်က အဝါဆိုပြီး ယူနော် 😏💜)

ဒါကတော့adminတွေ့သလောက်eng transတွေကိုဘာသာပြန်ပေးထားတာပါ...
ပိစိမွေးနေ့မတိုင်ခင် throwbackစရာလေးတွေလည်းရှိပါတယ်...
Analysisတွေလည်းပြန်ရေးပေးမှာပါ..
လောလောဆယ်ဘာကိုအရင်လုပ်ရမလဲမသိလို့ပါ ><
ဒါလေးကနည်းနည်းရှည်လို့ pageမှာမတင်ဘဲ
Wpမှာတင်လိုက်တာပါ...

#helrene #anna
#BH_Birthday_Party2019
#190503

SKY_LOVE Where stories live. Discover now