Markhyuck

2.4K 80 0
                                    


ကျွန်​​တော်​ ချစ်​ရတဲ့သူက နှလုံးသားမရှိတဲ့သူ။ ကျွန်​​တော်​ သ​ဘောကျတာ သိရဲ့သား​တောင်​ မသိသလို​နေတယ်​။ သူက skinship သိပ်​မကြိုက်​ဘူး။ ကျွန်​​တော်​က ချစ်​လို့ အသည်းယားပြီး သူ့ကို စ​နောက်​မိတယ်​။ သူက သ​ဘောမကျ​တော့ ​ဒေါသထွက်​​ရော။

တစ်​ခါ​လောက်​ ကိုယ်​သူ့အ​ပေါ်ထားတဲ့ သ​ဘောထား​လို သူလည်းကိုယ့်​အ​ပေါ် ပြန်​ထား
ပေးရင်​​ကောင်းမယ်​လို့ ​တွေးဖူးတယ်​ အများကြီး မဟုတ်​ပါဘူး တစ်​ခါ​လောက်​ပဲ​လေ။

ခင်​ဗျားကို ချစ်​​နေရတဲ့ ကျွန်​​တော့်​ နှလုံးသား​လေး ပင်​ပန်းလာသလိုပဲ ~~~

'Donghyuck မလုပ်​နဲ့ကွာ'

ရုပ်​ရှင်​တူတူကြည့်​ရင်းနဲ့ ပျင်းလာလို့ Markeu hyungရဲ့နား​လေးကို ကိုင်​ပြီး​ဆော့​နေမိတယ်​။ မကြာပါဘူး သူ့ဆီက ထုံးစံအတိုင်း အသံ​တွေ ထွက်​လာပါပြီ။ ကျွန်​​တော်​ကလည်း မလုပ်​နဲ့ဆိုတာ ထပ်​လုပ်​​သေးတယ်​။

'Lee Donghyuck မင်းကို မလုပ်​နဲ့လို့ ​ပြော​နေတယ်​မလား'

ကျွန်​​တော်​ လန့်​သွားတယ်​။ တစ်​ခါမှ သူကျွန်​​တော့်​ကို ဒီ​လောက်​ထိ မ​အော်​ဖူးဘူး​လေ။ ကျွန်​​တော်​က ​အော်​ခံရရင်​ ခန္ဓာကိုယ်​က တုန်​ပြီး မျက်​ရည်​က ဝဲတက်​လာ​ရော။ ဘယ်​လို အကျင့်​မျိုးပါလိမ့်​။ ကျွန်​​တော်​ လက်​ကို ပြန်​သိမ်းလိုက်​ပြီး သူ့ကို ​တောင်းပန်​စကားဆိုလိုက်​တယ်​။

'​တောင်း ... ​တောင်းပန်​ပါတယ်​ hyung'

'မင်းက သူများမကြိုက်​တာ လုပ်​ရတာ ​ပျော်​​နေလား။ လုပ်​လို့ဝမှ ​တောင်းပန်​တာ​နဲ့ ပြီး​ရောပဲလား'

'Nae hyungကလည်း ဒါ​လေး စတာကို'

'ဒါ​လေး စတာကို ​အော်​ မင်းကိုငါ မကြိုက်​ဘူးလို့ ​ပြောတာ ဘယ်​နှစ်​​ခေါက်​ရှိပြီလဲ မင်းက ကြာ​လေ စိတ်​ရှုပ်​ဖို့ ​ကောင်း​လေပဲ ​တော်​ပြီ ငါပြန်​​တော့မယ်​'

အရင်​​နေ့ကလည်း စ​နေကြပဲ​လေ။ ဒီ​နေ့ကျမှ အရမ်း​တွေကို ​ဒေါသထွက်​​နေပါလား။ ကျွန်​​တော်​ စတာ အရမ်းများသွားလို့လား။ သူ့ နားရွက်​ကို ကိုင်​ရုံပဲကို​လေ။ အရင်​ကဆို ဒီ့ထက်​ အများကြီး​တောင်​ ပိုစ​သေးတာကို။

NCT DREAM - One Shot CollectionsWhere stories live. Discover now