My Everything (JaemRen)

473 30 0
                                    

ဒီ Fic လေး ဖတ်ရင် My Everything နားထောင်စေချင်ပါတယ်။ Mm sub နဲ့ အရင် နားထောင်ပြီးမှ ဖတ်ရင် ပိုကောင်းပါတယ်။ 😍

------------------- My Everything ------------------



"Everything" ဒီစကားလုံးလေးက သူ ကျွန်တော့်ကို ခေါ်တဲ့ နာမ်စားလေးပေါ့။

သူနဲ့ ကျွန်တော် ချစ်သူသက်တမ်း ခြောက်လပြည့်တဲ့နေ့မှာ ဒီနာမ်စားလေးကို သတ်မှတ်ခဲ့တယ်။

------------------- My Everything ------------------

မီးလင်းထိန်နေတဲ့ ချယ်ရီပင်တွေအောက်က လမ်းလေးထဲ အေးစက်တဲ့ ဆောင်းရာသီရဲ့ နှင်းဖွဲလေးတွေကြား တစ်ယောက်လက်ကို တစ်ယောက် မြဲမြံစွာ တွဲလို့ လမ်းလျှောက်ခဲ့ကြတယ်။

"Jaem" နားဘေးနားမှာ တွဲလျှောက်နေတဲ့ ကောင်လေးက သူ့ကို ငေးကြည့်ရင်း ခေါ်လာလေသည်။

"အင်း ပြော"

"ဟိုနားမှာ ထိုင်ရအောင်" မလှမ်းမကမ်းက ခုံလေးတစ်ခုံကို လက်ညွှန်ပြရင်း သူပြောလာလေသည်။

"အင်း သွားမယ်လေ" လို့ ပြောပြီးတဲ့နောက် ကောင်လေးရဲ့ လက်ကို ဆွဲလို့ ကောင်လေးညွှန်ပြတဲ့ ထိုင်ခုံဆီကို သွားလိုက်သည်။

"Jaem" ထိုင်ခုံမှာ ထိုင်ပြီး စက္ကန့်ပိုင်းအကြာမှာ သူ့နာမည်ကို ထပ်ခေါ်လာတဲ့ ကောင်လေး။

"အင်း ဘာပြောစရာရှိလို့လဲ"

"ကျွန်တော် Jaem ကို Nicknameလေး ပေးချင်တယ်"

ဒီစကားဟာ nickname ပေးချင်တာကို ပေးခွင့်ရအောင် ခွင့်တောင်းနေသလိုပင်။

"အင်း ပေးလေ။ ဘယ်လိုပေးချင်လို့လဲ Bao Bei က"

သူပြောတဲ့ စကားနောက်မှာ ကောင်လေးက ခုနကထက် ပိုပျော်သွားသလိုပင်။ ချစ်သူတွေ nickname မှည့်တာ အထူးအဆန်း မဟုတ်သလို ပေးချင်ရင်လည်း ခွင့်တောင်းဖို့ မလိုဘူး မဟုတ်လား။ ဒါပေမယ့် ဒီကောင်လေးကတော့ တစ်မျိုးလေးဗျ။

"My Everything"

"ဟင် My Everything" ကောင်လေးရဲ့ စကားကြောင့် သူ နားမလည် ဖြစ်မိသည်။

"အင်း Jaem က ကျွန်တော့်ရဲ့ အရာရာပဲမို့ My Everything"

"ထူးဆန်းလိုက်တာ" ကျွန်တော့်စကားကို သိပ်နားမလည်ဟန် ဘာမှပြန်မပြောဘဲ ငေးကြည့်နေလေသည်။

NCT DREAM - One Shot CollectionsWhere stories live. Discover now