15 ( မင်္ဂလာဦးည -.- )

Start from the beginning
                                    

ဘာမှမလိမ်းထား​ပေမယ့်​ ကြည်​​တောက်​​နေသည့်​မျက်​နှာလှလှ​လေးရယ်​..
ပြီး​တော့ တီရှပ်​အဖြူနဲ့ ဂျင်း​ဘောင်းဘီရှည်​​လေးသာ
ဝတ်​ထား​ပေမယ့်​..
ကျွန်​​တော့်​မျက်​လုံးထဲမှာ​တော့ နတ်​သား​လေးတစ်​ပါးလို..။

ဆံပင်​​လေး​တွေဖွာဖွာ​လေးဖြစ်​​နေတာက​တော့..
ကြည့်​အ​ကောင်းဆုံးပင်​..။

"Hyun..အိမ်​ထဲဝင်​ကြရ​အောင်​​လေ.."

"ဘာလို့လဲ..? ဘယ်​သူမှမပြန်​​သေးတာကို​လေ..
နေပါဦး.."

"မ​နေဘူး..၀င်​မယ်​..!"

အရိပ်​ပြလို့အ​ကောင်​မမြင်​တဲ့လူဆိုး​ကောင်​က
အံ့ကြိတ်​မျက်​လူံးပြူးပြ လိုက်​တာ​တောင်​မှ..
ဘာလဲဆိုသည့်​အထာ လုပ်​ပြ​နေ​သေးသည်​..။

သူသာ ဘာမှန်းမသိဖြစ်​​နေ​ပေမယ့်​..
ဝိုင်းထဲကလူ​တွေက​တော့..
အဟင်းဟင်းအဟွန်းဟွန်းနဲ့​ချောင်းဟန့်​ပြီး..
ပြုံးစိစိကိုဖြစ်​လို့...။

ဧည့်​သည်​​တွေပြန်​မှ အိမ်​ထဲဝင်​မယ်​ဆိုရင်​...။

အင်း..ငါ​ပြောလဲ​ပြောတယ်​ဖြစ်​ဦးမယ်​..ဒီလူဆိုး​ကောင်​​တော့..။

အဲ့​တော့..ဘာဘာညာညာထပ်​​ပြောမ​နေ​တော့ပဲ..
လက်​နုနု​လေးတစ်​ဖက်​ကိုဆွဲပြီး...
အဲ့​နေရာကထွက်​လာ​တော့လဲ...
ယက်​ကန်​ယက်​ကန်​နဲ့ပါလာသည်​...။

တစ်​ကယ်​..တစ်​သက်​လုံး မျက်​နှာတည်​နဲ့အုပ်​ချုပ်​လာခဲ့တဲ့
Park အိမ်​​တော်​သခင်​ရဲ့ ဂုဏ်​ပုဒ်​က ဒင်း​ကြောင့်​နဲ့
စက္ကန့်​ပိုင်း​လေးအတွင်း ပျက်​​တော့မလို့...။

အိမ်​ထဲ​ခြေ ချမိလိုက်​​တော့..
အပြင်​က အ​ခြေအ​နေနဲ့ဆန့်​ကျင်​ဘက်​ဖြစ်​စွာ...
လူတစ်​​ယောက်​မှ မရှိတဲ့အိမ်​ကြီးက တိတ်​ဆိတ်​​ခြောက်​ကပ်​လို့...။

အပြုံးတစ်​ပွင့်​ကိုမျက်​နှာထက်​ချိတ်​ဆွဲလို့..
အ​ပေါ်ထပ်​က အိပ်​ခန်းကျယ်​ကြီးဆီ သူ့လက်​က​လေးတစ်​ဖက်​မြဲမြဲဆွဲလို့တက်​​နေတဲ့အချိန်​..
ရင်​ခုန်​သံ​တွေ ၀ုန်းဒိုင်းကြဲ​နေလို့..
အသံတိတ်​ရယ်​​မောရတာလဲ အကြိမ်​ကြိမ်​...။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now