Part-6(💛...💛)

Start from the beginning
                                    

ဝမ်းနည်းနေပါတယ်ဆိုတဲ့ လူတစ်ယောက်ရှေ့မှာ အားပါးတရ ဟား တိုက်ရယ်မောနေတဲ့ ဝတ်ရည်ကျော်ကို ပိုင်ရတုမောင် တကယ်
စိတ်ဆိုးမိသည်...အစကတော့ သူ့အပေါ်မှာသနားသလိုလိုနဲ့ လာ
ဖက်ကာ နှစ်သိမ့်ပေးနေပြီးတော့ အခုကျမှ ရုပ်ဆိုးတယ်လို့ပြော
လိုပြော... သူ့သူငယ်ချင်းမှဟုတ်ရဲ့လားလို့ ပြောလိုပြောနဲ့ ...
ဝတ်ရည်မ တကယ်တတ်လည်း တတ်နိုင်တယ်

'ဝတ်ရည်....အစုတ်ပလုတ်မ...
နင်က ချက်ချင်းကြီးကို အပြောင်းအလဲမြန်လှချည်လား...ခုနက ငါ့ကိုဖက်ထားပေးတာ နင်မဟုတ်တဲ့အတိုင်းဘဲ...
ပြီးတော့ ငါ့ကို ကလေးလို့မပြောနဲ့..ငါ ကလေးမဟုတ်ဘူး
လူကြီးဖြစ်နေပြီ....
နောက်ပြီး ငါ့ဘာသာနဲ့ငါ နှာရည်ဘဲထွက်ထွက် နှပ်ချေးဘဲထွက်ထွက် ရုပ်ဆိုးလည်း ဘာဖြစ်လဲ...တကယ်ဘဲ ငိုပါတယ်ဆို နှာရည်ကထွက်မှာပေါ့....ငိုနေတဲ့လူကကောင်းကောင်းကို မငိုရဘူး'

မျက်ရည်တွေကိုသုတ်ကာ စိတ်ဆိုးမာန်ဆိုးနဲ့ ရန်ပြန်တွေ့နေတဲ့
ပိုင်ရတုမောင်ကြောင့် ဝတ်ရည်ကျော် အားရပါးရ
ရယ်ပစ်လိုက်ကာ...

'ဟားဟားဟား.....အမယ်လေး ပိုင်ပိုင်ရယ် နင်ငိုနေတာမိုလို့ဘဲတော်သေးတယ်..မငိုသာမငိုရင်တော့ ငါ့ကိုဘယ်လောက်များ ပြန်ခံ
ပြောမလဲမသိဘူး ....ဟဟာ'

ပိုင်ရတုမောင်ကမူ အာပြဲမတတ်အော်ရယ်နေသည့် ဝတ်ရည်ကျော်ကို ကြည့်ကာ သူ့စိတ်ထဲ၌မှတ်ချက်အမျိုးမျိုးချနေတော့သည်...
ကြည့်ပါဦး....ကြည့်ပါဦး ရယ်နေလိုက်တာများ ငါ့အခန်းတောင်
သူ့ရယ်သံကြောင့် ကွဲထွက်တော့မယ်....
မိန်းကလေးတန်မဲ့ ရယ်နေလိုက်တာများ သွား၃၂ချောင်းပေါ်မ
တတ်ဘဲ...သွားတိုက်ဆေးကြေညာဖို့လေ့ကျင့်နေတယ်လို့တောင် အောက်မေ့ရတယ်.....ငါ့ညီမသာဆို ဒီလိုရယ်နေလို့ကတော့ ဒီနားမှာ
တင် မှတ်လောက်သားလောက်အောင် ဆုံးမပလိုက်မှာ....

'ဝတ်ရည်ကျော်...တော်တော့ နင်အူတက်ပြီးလည်းသေသွားဦးမယ်..
နင့်အဲ့လိုပုံကြောင့် ငါလိုရုပ်ချောချော ပိုင်ရတုမောင် ရဲ့သူငယ်ချင်းဖြစ်
ပြီး အခုချိန်ထိ ရည်းစားလည်းမရ ကြိုက်မယ့်သူလည်း မရှိတာ....

"သူ" သာလျှင်.....💘Where stories live. Discover now