7

5.6K 659 46
                                    

Zawgyi>>>

"ချာနူးလ်လေး! ဒီ လာ!"

Baekhyun ခေါ်သံကြားသည်နှင့် ချာနူးလ်လေးက အပြေးလေးရောက်လာကာ သူ့ရင်ခွင်ထဲတိုးဝင်လာသည်

ပြောရရင် ပါးလေးနဲ့အပ်ပြီး ချွဲတဲ့သဘော...

ဒီနေ့ baekhyun အပြင်သွားတာ
ပြောရရင် သူ့စာအုပ်အသစ်ထုတ်ဖို့ သွားလုပ်တာပေါ့...

အိမ်မှာ ချာနူးလ်လေးတစ်ယောက်ထဲ ကျန်တာဆိုတော့ ပျင်းနေလို့ထင်ရဲ့...

Baekhyun လဲ ပြန်လာရော ပျော်နေတာ...

သူ့အမြှီးလေးကို တရမ်းရမ်းနဲ့...

"ချာနူးလ်က ကိုကို့ကို စောင့်နေတာ"

သူ့ရဲ့နှုတ်ခမ်းပုစိလေးကို စုလိုက်ချွန်လိုက်ပြုကာ
ဆိုလာတဲ့ အကောင်ပေါက်လေးကြောင့် Baekhyun အူယားနေရသည်...

ထုံးစံအတိုင်း ရှပ်အင်္ကျီအဖြူရောင် ပွပွလေးဝတ်ထားတဲ့ ချယ်ရီသီးလေးက နားရွက်ချွန်ချွန်လေးတွေကြောင့် တကယ့်ကြောင်ပေါက်လေးလိုဖြစ်နေတာရယ်...

"ဘာဖြစ်လို့လဲ ချာနူးလ်လေးရဲ့"

"ဟီးး ချာနူးလ်လေးကိုကိုနဲ့ လက်ထပ်တော့မို့!"

ဘုရားရေ!

ဘယ်လို ဘယ်လို လက်ထပ်မလို့?

ဒီကလေးကတော့ Baekhyun မရှိတုန်း ဘာတွေ အတွေးရလာပြန်ပြီလဲမသိ...

"ဘာဖြစ်လို့ လက်ထပ်ရမှာလဲ ချာနူးလ်လေးရဲ့"

"ချာနူးလ်လေးအခုသိသွာပြီကိုကို"

"ဟုတ်လား ပြောပါဦး ဘာတွေသိလာတာလဲ"

"ချာနူးလ်လေးက ကိုကိုနဲ့မခွဲချင်ဘူး...
မခွဲချင်ရင် လက်ထပ်ရတယ်တဲ့
ချာနူးလ်လေး တီဗွီ မှာ ကြည့်ပြီးပြီ ဟီး!"

သွားလေးအဖြဲသားနဲ့ မျက်လုံးလေးတွေမှိတ်တဲ့ထိ ရယ်ရင်းပြောလာတဲ့ကြောင်ပေါက်ကြောင့်
Baekhyun ခပ်ဟဟရယ်မိသည်

ကြောင်ပေါက်က သူ့ကိုယ်သူတောင် ဘာပြောနေမှန်းသိပုံမပေါ်...

"အဲ့တာဆို ကိုကိုတို့လက်ထပ်မယ်လေ"

Baekhyun မှာ အကောင်ပေါက် စိတ်ချမ်းသာအောင် ပြောလိုက်တော့ မျက်လုံးလေးတွေက အရောင်လဲ့လို့...

Pussy cat!Where stories live. Discover now