ငိုချလိုက်​ရုံနဲ့နာကျင်​ရတာ​တွေ​ပျောက်​သွားမယ့်​ဟာမျိုး
မဟုတ်​​တော့ငိုဖို့လဲ စိတ်​မပါဘူး​လေ..။

"ငါက အ​ကြောင်းပြချက်​တစ်​ခုခု လိုချင်​တာ..
အခုနှစ်​ရက်​ရှိသွားပြီ..
ငါမှားပါတယ်​ပဲဖြစ်​ဖြစ်​..
ငါအရူးစိတ်​၀င်​မိလို့ပဲဖြစ်​ဖြစ်​..
တစ်​ခွန်း​လောက်​​များ လာ​ပြောလား.."

အိမ်​မက်​ဖြစ်​ပါ​စေလို့ဆု​တောင်းပြီး နိုးထလာ​ပေမယ့်​..
ဒါကြီးကလက်​​တွေ့ဖြစ်​​နေတာဆိုတဲ့ခံစားချက်​မျိုး..
ဒီနှစ်​ရက်​ထဲ အိပ်​လိုက်​ ..နိုးလာလိုက်
ဖြစ်​​နေရတဲ့အဖြစ်​မျိုး​တွေလဲ မုန်းတီးလွန်းလို့...။

ခဏ​လောက်
အရူးထခဲ့မိတာ ဆိုပြီး..
ခပ်​​ချေ​ချေ​တောင်းပန်​စကားတစ်​ခွန်းလာ​ပြောရင်​​တောင်​မှ..
အားလုံးကိုခွင့်​လွှတ်​​ပေးဖို့ထိ ​တွေးထား​ပေမယ့်​..။

ဒီ​နေ့ဒီ အချိန်​ထိ..!

ဘာစကားတစ်​ခွန်းမှ လက်​ခံမရရှိခဲ့ဘူး..။

ဒါက တစ်​ခြားတစ်​​ယောက်​နဲ့သွားအိပ်​ထားတာလိုမျိုး
အနည်းငယ်​​ပေါ့​ပေါ့ပျက်​ပျက်​ကိစ္စမဟုတ်​ဘူးဆိုတာ..
ဘယ်​လိုပဲ အသည်းနှလုံးမရှိဘူးပဲ ဖြစ်​ပါ​စေ..
လူဆိုရင်​..နည်းနည်း​လေး​တော့
လူ့အသိစိတ်​ရှိရမယ်​မလား...။

ကိုယ့်​ကိုချစ်​ပါတယ်​ တဖွဖွ​ပြော​နေတဲ့လူကို
သတ်​ပစ်​ရ​လောက်​တဲ့အထိ ရူးမိုက်​မိသွားတာက
ဘာ​ကြောင့်​များလဲ ဆိုတာ..
သိခွင့်​မရ​လောက်​တဲ့အထိ..
သူ့အ​တွေးထဲမှာ..ကျွန်​​တော့်​ရဲ့အဆင့်​အတန်းက
အဲ့​လောက်​ထိကို နိမ့်​ကျ​နေပြီတဲ့လား..။

"ငါ..အဲ့Byun Baek Hyunကို
နာမည်​​တောင်​မကြားချင်​​လောက်​တဲ့အထိ..
အရမ်းရွံ​နေပြီ...
ငါငိုဖို့​တောင်​ မျက်​ရည်​ကျန်​​တော့တာမဟုတ်​ဘူး..!!!"

"ကျွန်​​တော်​ပဲ..ကြားထဲက ​တောင်းပန်​ပါတယ်​..
hyung ရယ်​..တစ်​ကယ့်​ကို​တောင်းပန်​ပါတယ်​.."

အပြစ်​လုပ်​ထားတာကတစ်​​ယောက်​..။
ဘာမှ မလုပ်​ထားတဲ့ SeHunee က..
ကျွန်​​တော့်​​ရှေ့ဒူး​ထောက်​ထိုင်​ချပြီး..
လက်​အုပ်​မချီရုံတစ်​မယ်​..
မျက်​ရည်​​တွေ​ပေါက်​​ပေါက်​​ပေါက်​​ပေါက်​ကျပြီး
တောင်းပန်​စကားဆို​နေတဲ့ပုံကိုမြင်​ရတာ..
ရင်​​တွေနာလွန်းသည်​...။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] حيث تعيش القصص. اكتشف الآن