"စိတ်​ချ..!
သားအလိမ္မာတုံး​လေးက ၀ယ်​ခဲ့မှာတဲ့ဗျား.."

မနက်​ဖြန်​ အတွက်​ အစီအစဉ်​ကို ​ပြောကြရင်း..
Byun အိမ်​​တော်​က လူဆိုး​ကောင်​ဆီ စိတ်​​ရောက်​သွား​တော့
ပြုံးရပြန်​သည်​..။

ငယ်​ငယ်​က သူ့အ​ဖေ ဘူဆန်​သွားတိုင်း
သူ့ဖို့ဝယ်​လာ​ပေးသည့်​ ဆန်​မုန့်​ကို..
Chan Yeollie လဲစားဆိုကာ..​ဝေမျှ​ပေးတတ်​တာ​လေး​တွေ..။
Byun အိမ်​ရဲ့ဧည့်​ခန်းထဲမှာ..နှစ်​​ယောက်​သား TV
ကြည့်​ရင်း ဆန်​မုန့်​တူတူ စားခဲ့ကြတာ​လေး​တွေ..။

ပြန်​သတိရမိ​တော့ မျက်​လုံးထဲမှာ ကြယ်​​လေး​တွေ
တောက်​ပ​နေသလို...။

ငါတို့မှာ သိပ်​ကိုလှတဲ့ အတိတ်​​လေး​တွေရှိခဲ့တာပဲ..
Baek Hyunee..။

"hyung..ဆန်​မုန့်​လာပို့ရင်းနဲ့ ဒီတစ်​ခါတစ်​ကယ်​ကြုံးလိုက်​​တော့ ..အဲ့တာမှ မှတ်​မှာ.."

"ဟာ.. ​ခွေး​ကောင်​​လေးရဲ့..omma ရှိ​နေတာကို..
ဘာ​တွေ​ပြော​နေလဲ..!?"

"ကျွန်​​တော့်​အစ်​ကို အကျင့်​မ​ကောင်းတာကို
မကြည့်​နိုင်​လွန်းလို့ပါ​ဗျာ.."

ထုံးစံအတိုင်း လမ်းဆုံးပို့​နေပြန်​တဲ့​ယောက်​ဖ​လေးကို
ဆူရဆဲရ​သေးသည်​..။

တော်​ပါ​သေးရဲ့..။
ရေခဲ​သေတ္တာထဲ ဟင်းဘူး​တွေထည့်​ရင်း
အလုပ်​ရှုပ်​​နေတဲ့ omma တစ်​​ယောက်​ ဘာမှ မကြားလိုက်​လို့..။

အဲ့တာ​တောင်​..​ယောက်​ဖဆိုး​လေးက​ပြောလိုက်​​သေးတယ်​..။

အနုနည်းနဲ့မရရင်​..အကြမ်းနည်းသုံးရတယ်​တဲ့​လေ...။

တကယ်​ဗျာ..။
အစ်​ကိုက တင်းမာသ​လောက်​..ညီက
အတင်း​မြှောက်​​ပေး​နေတယ်​..။

သူတို့နဲ့မှ မရူး ရင်​..ကျွန်​​တော်​ဘယ်​​တော့ရူးမလဲ..။

Baek Hyunee က အဲ့လိုလုပ်​လဲ မရဘူးဆိုတာ..
သူသိသိရက်​နဲ့..အဲ့SeHunee
လူကို သက်​သက်​​ချောက်​တွန်း​နေတာ..။

ကျွန်​​တော့်​လူဆိုး​ကောင်​အ​ကြောင်း..
ကျွန်​​တော်​ပဲသိသည်​...။

::::::::: Tyranny ::::::::::::

/ I need u in my life..
Oh , my necessity ~ /

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now