ပြီး​တော့ အံ့သြ သွားသည့်​အရိပ်​အ​ယောင်​​တွေ..။
အဲ့ဒီ​နောက်​မှာ..လာရှုပ်​ပြန်​ပြီဆိုသည့်​ မလိုလားမှု..
အရိပ်​အ​ယောင်​​တွေပါ ထပ်​ပါလာသည်​..။

လှလှ​လေးပြုံးပြပြီး..သူနဲ့မျက်​နှာချင်းဆိုင်​ကခုံမှာ
သွားထိုင်​လိုက်​​တော့ ​စော​စောကထက်​ပိုဆိုးသည့်
မလိုလားခြင်း အ​ငွေ့အသက်​​တွေက သူ့မျက်​နှာတစ်​ခုလုံးမှာ
နေရာယူသွားတဲ့အခိုက်​..
ကျွန်​​တော်​ နှစ်​နှစ်​ခြိုက်​ခြိုက်​ ပြုံးမိလိုက်​သည်​..။

ဟားဟား..!

Ghou ​ခေါင်း​ဆောင်​ကိစ္စနဲ့ပြသနာ ဖြစ်​ပြီး​နောက်​ပိုင်း..
သူ့appa နှစ်​ပတ်​လည်​​နေ့ကို အရင်းပြုပြီး..
ကျွန်​​တော်​ သူ့ကို အရင်​လိုပဲ လိုက်​ကပ်​တွယ်​​နေပြန်​ပြီဆိုတာ
သူသိ​လောက်​​ရော​ပေါ့..။

အရင်​ လို သူသွားသည့်​​နေရာတိုင်းမဟုတ်​ရင်​​တောင်​..
တစ်​ပတ်​မှာ သုံးရက်​​လောက်​​တော့..သူ့အနားမှာ
ကျွန်​​တော်​​ဝေ့သီ​နေတတ်​သည့်​ ထုံးစံအတိုင်း..
ဒီ​နေ့မှာလဲ SeHunee ဆီက သတင်း​ပေးပို့မှုနဲ့အတူ..
သူရှိ​နေရာ ​ရောက်​လာခဲ့ကြာင်းကိုလဲ..
ထပ်​ဆင့်​သိသွား​လောက်​ပြီဖြစ်​သည်​..။

ဒါက သူနဲ့ကျွန်​​တော်​နဲ့အ​ခြေအ​နေအရဆို
ကျွန်​​တော့်​ဘက်​က ​တော်​​တော်​​လေးကို
မာနထိခိုက်​စရာကိစ္စ​ပေမယ့်​..
ဘယ်​တတ်​နိုင်မလဲ..။
ချစ်​တတ်​တဲ့နှလုံးသား​လေးက သူ့နားမှာပဲ
အရိပ်​လိုအမြဲ ကပ်​တွယ်​ချင်​​နေတာကို တွန်းလှန်​ဖို့အင်​အား
မှမရှိပဲ..။

သူဘယ်​​လောက်​ပဲ ရက်​စက်​ပြပါ​စေ..
နောက်​ဆုံး ဒုံရင်းပဲ ပြန်​ပြန်​​ရောက်​သွားတတ်​တာ​တွေကို
လဲ လျစ်​လျူရှုတတ်​​အောင်​ကြိုးစားရင်း...

လွန်​ခဲ့သည့်​သုံးရက်​က ကျွန်​​တော့်​အခန်းထဲမှာ..
သူ့ကို နမ်းရှိုက်​ဖို့​ပြောခဲ့ဖူးတာ​လေးကို..
ကြားခံနယ်​ထားပြီး သတ္တိရှိရှိနဲ့​ပျော်​မြူး​နေမိသည်​..။

ကျွန်​​တော်​​သေချာ​ပြောရဲတယ်​..။

အဲ့​ကောင်​.ကျွန်​​တော့်​အ​ပေါ် နည်းနည်း​တော့ခံစားချက်​ရှိလိမ့်​မယ်​..။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now