8

1.5K 139 5
                                    

Zawgyi>>>

နှင်းဆီနဲ့တူတဲ့ baby က အဆိပ်ပြင်းတယ် Xing...

လျစ်လျူရှုတတ်တဲ့ဆူး...
သွေးစိမ်းရှင်ရှင်ထွက်စေမဲ့ဆူး...
ခင်ဗျားရဲ့ နှလုံးသားကိုစိုက်ပြီး အသက်ကိုခြွေမဲ့ဆူး...

ဒီဆူးတွေပြည့်နှက်နေတာကို ခံနိုင်ရည်ရှိရင်တော့ baby ဘဝထဲဝင်လာခဲ့ပေါ့ Xing...

Baby နှုတ်ခမ်းတွေက Xing နမ်းရမဲ့ ပွင့်ဖတ်လေးတစ်ခုအဖြစ် အမြဲစောင့်ကြိုနေတယ်...

********************************

ထိုနေ့က Mr.kim ပြောသွားသော စကားတွေကိုပြန်ကြားယောင်ရင်း
Jun တစ်ယောက်ထဲအတွေးတွေများနေမိ၏...

သူပြောခဲ့သမျှကို Jun နားမလည်နိုင်တော့ဘူး
Jun ကပဲ ထူးဆန်းနေတာလား?

အဖေဆိုတဲ့သူ့ထက် Xing ကို ပိုယုံနေမိတယ်...
Jun ရဲ့မသိစိတ်ကနေ Xing ကို ကာကွယ်ပေးချင်နေမိတာ...

Jun လေ...
တကယ်ပဲ Xing ကိုမုန်းခဲ့တာ ဟုတ်ရဲ့လား?

"မင်းနားလည်ဖို့ မလိုပါဘူး JunMyeom...
မင်းအလုပ်က Zhang yixing ရဲ့ ယုံကြည်မှုနဲ့အချစ်ကိုယူပြီး သူ့ကိုသတ်ဖို့ပဲ"

"ဒါဆို ခင်ဗျားသတ်လဲရတာပဲလေ"

"အင်း ရတာပေါ့....ဒါပေမဲ့ ငါက သူသိပ်ချစ်တဲ့သူဆီကပဲ နာနာကျင်ကျင် သတ်တာပဲခံစေချင်တာ...Zhang yixing ရဲ့နှလုံးသားရော...လူရော..
တစ်ပြိုင်နက်သေစေချင်တာဆိုရင်ရော?"

"ကျွန်တော်ကဘာလို့အဲ့လိုလုပ်ရမှာလဲ Mr.kim.."

Mr.kim ရဲ့အဖြေက သိပ်ရိုးရှင်းခဲ့ပါသည်...

"ဘာလို့လဲဆိုတော့...
မင်းက... သူ့တန်ဖိုးထားတဲ့နှင်းဆီငယ် မို့လို့ပေါ့...

မင်းရဲ့ဆူးတွေက...
သူ့အတွက်အဆိပ်ဖြစ်နေရင်တောင်...
သူကဆုပ်ကိုင်ပြီး ဆက်နမ်းနေဦးမှာပဲမို့လေ"

Jun က ဘာလို့...
Zhang yixing ကို သတ်ဖို့ လက်ထပ်ခဲ့ရတာလဲ?

Jun က ဘယ်လိုအမုန်းတွေ ရှိနေလို့လဲ?
ဒါမှမဟုတ် တခြားကိစ္စတွေကြောင့်ပဲလား?

Jun သည် တွေးရင်းနှင့် အမှန်ပင် ခေါင်းနောက်လာရ၏...

Jun အပေါ်ဒီလောက်ကောင်းတဲ့သူကိုမှ ဘာလို့ သတ်ပစ်ရမည်လဲ?

နှင်းဆီငယ်Where stories live. Discover now