1

3.3K 175 20
                                    

Zawgyi>>>

"Xing ဒါကဘာလဲ"

Xing ပြင်ပေးထားတဲ့ မနက်စာ ပေါင်မုန့်နဲ့ကော်ဖီကိုကြည့်ရင်း အလိုမကျဟန် မျက်နှာလေးမဲ့ထားသော JunMyeon…

Xing သည် သက်ပြင်းအသာချ၍
Baby ရဲ့ခေါင်းလေးကို ဖွဖွပုတ်ပေးမိ၏

"ဘာလို့လဲ baby မကြိုက်လို့လား"

"Baby မနက်စာမစားဘူးဆိုတာ မှတ်မထားဘူးလား xing"

"ကိုယ်မှတ်မိတာပေါ့ baby ရယ် ဒါပေမဲ့ ဒီလိုမျိုး နေ့တိုင်းမနက်စာလုံးဝမစားလို့မဖြစ်ဘူးလေ"

Xing စကားကို လုံးဝနားမထောင်ချင်သည့်အလား baby လေးက ခေါင်းကိုခါယမ်း၏ နားနှစ်ဖက်ကိုလက်လေးနဲ့ပိတ်ပြီး ဒူးပိုက်ထိုင်နေသည်မှာ ဘာကိုမှမသိချင်တော့သည့်အလား ကလေးဆိုးလေးဟန်…

Xing မိမိ၏ချစ်ရသော ခင်ပွန်းလေးကို အသာပွေ့ချီလိုက်တော့ ထွန့်ထွန့်လူးရုန်းကန်ပါလေရဲ့ သို့သော်လဲမတတ်နိုင်ပါ ကောင်လေးကိုပေါင်ပေါ်ဆွဲတင်လိုက်ပြီး နှုတ်ခမ်းနားရောက်သည်အထိ ပေါင်မုန့်ကိုအတင်းကျွေးကာမှ မစားချင်စားချင်နဲ့ ကြိတ်မျိုချရှာတယ်

ဒါတောင် xing ကို မပီမသ မျက်စောင်းလေးတွေထိုးနေတတ်သေးတာ
Xing ကတော့ သူ့ baby လေးကိုကြည့်ရင်း ခပ်ဟဟရယ်နေမိရဲ့

"Baby jun သိပ်ဆိုးနေတာပဲ သိလား"

"Baby ဘာလုပ်လို့လဲ xing"

"စကားနားမထောင်ဘူးလေ… ပြီးတော့ အစာလဲမစားဘူး အဲ့တာ ဆိုးတာပေါ့ baby ရဲ့"

"ဆိုးတာက baby အကျင့်ပဲ ခင်ဗျားမကြိုက်ရင်မချစ်နဲ့လေ xing"

Jun က မိမိပေါင်ပေါ်မှ လှစ်ခနဲဆင်းသွားပြီးနောက် သူ့ရှပ်အင်္ကျီဝတ်ထားသည်မို့ ပေါင်တံလေးကတလှပ်လှပ်မြင်နေရ၏…
အပေါ်ထပ်ပြေးတက်သွားသော baby ခြေလှမ်းတွေကပေါ့ပါးနေသော်ငြား မျက်နှာတော်လေးကတော့ ငြိုငြင်နေဟန်ပင်

Xing သည် ခေါင်းကိုခါယမ်းရင်း baby ရဲ့ကျောပြင်လေးကိုသာ ခပ်တွေတွေလေး စိုက်ကြည့်နေမိပါတော့သည်

Baby က သူ့လက်ထပ်ထားတဲ့ ကောင်လေးပေါ့…

ချစ်ရလွန်းလို့ အမြတ်တနိုး တန်ဖိုးထားပြီး အထိမခံနိုင်လောက်အောင် သည်းသည်းလှုပ်ရသည်ဆိုလဲ မမှားချေ…

နှင်းဆီငယ်Where stories live. Discover now