"ကျွန်တော်တို့ကချစ်လို့ လက်ထပ်ခဲ့ကြတာလားဟင်"

"အဲ့လိုတော့ မဟုတ်ဘူး သခင်လေးရဲ့…
Boss က သခင်လေးကိုချစ်လွန်းလို့ အတင်းအကြပ်လက်ထပ်ခဲ့တာ…"

"အတင်းအကြပ်လက်ထပ်တယ်? ကျွန်တော့်ဆန္ဒမပါပဲနဲ့လား?"

"ဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့ သူကလက်ထပ်ပြီးတော့လဲ သခင်လေးကိုသိပ်ချစ်တာလေ သိပ်ဂရုစိုက်ပြီး ကြွေရုပ်ကလေးလို အပွန်းအပဲ့မခံနိုင်အောင်ထားရှာတာ"

Bin စကားအဆုံး Jun သက်ပြင်းကိုချ၏
သူ့အနေနဲ့ အတင်းအကြပ်လက်ထပ်ထားတဲ့လူကို မုန်းသလိုဆက်ဆံရမလား သူ့ရဲ့ဂရုစိုက်မှုတွေကို အသိအမှတ်ပြုသင့်သလား ?

Zhang yixing နဲ့ပက်သက်ရင် ခံစားချက်တွေက သိပ်ရှုပ်ထွေးပါသည်

"ဒါဆိုကျွန်တော်ကရော? ကျွန်တော်ကရော ဘယ်လိုလူမျိုးလဲ Bin?"

Bin သည် သက်ပြင်းကိုချ၏....

"အင်း.. သခင်လေးက ပိုပြီးသွေးအေးတယ် လုပ်ချင်တာကိုလုပ်တယ် boss အပေါ်ကိုဆို အရမ်းဆိုးလွန်းတယ်လေ ဒါပေမဲ့ ကျွန်တော်တို့ boss က အရမ်းချစ်တာဗျ သခင်လေးဘာလုပ်လုပ် အပြစ်မမြင်ရှာဘူး ဟီး"

Bin ပြောသည့် စကားများကို နားထောင်ရင်း Jun
အတွေးထဲ လွင့်မျောနေရ၏…

သွေးအေးတယ်…

ဒီလောက်ထိ သူ့အပေါ်ဂရုစိုက်တဲ့လူကို နိုင်စားတယ်ဆိုတာက တကယ်ပဲ သူကဘယ်လိုလူမျိုးဖြစ်ခဲ့ပါလိမ့်?

"ဟော boss ရောက်လာပြီ သခင်လေး"

"ဟင် "

တံခါးကိုဖွင့်ရင်းဝင်လာတဲ့
ထိုလူကို Jun လှည့်ကြည့်မိ၏…

Zhang yixing ဆိုတဲ့ထိုလူ မျက်နှာက ပင်ပန်းနေသည့်အလား တဖြည်းဖြည်းမျက်နှာက ချောင်ကျလာပါသည်

အထူးသဖြင့် သူနေမကောင်းရင်ပိုဆိုးတယ်
သူ့ခမျာ အရူးမီးဝိုင်း ဖြစ်နေရရှာတာ

ကြာတော့ Jun လဲ အဲ့လူကို သနားမိလာတယ်…

ဘာလို့ Jun ကို ဒီလောက်ထိ ချစ်နေရသလဲပဲ ...

"Baby သက်သာရဲ့လား ဘာတွေအဆင်မပြေတာရှိလဲဟင်"

"X..xing.."

နှင်းဆီငယ်Where stories live. Discover now