ဒီတိုင်းထိုင်​​နေ​သေးတဲ့ Jonginကို...
"Jongin..ထ​လေ က​လေး"
"...."
"ထပါ..Sehunနိုးလာရင်​အရင်
တွေ့ချင်​ဆုံးသူက မင်းဖြစ်​​နေမှာ.."
___________
တကယ်​တမ်းမှာ​တော့အရှင့် Sehunသတိရ
တာ တစ်​ပတ်​​လောက်​ရှိလာ​ပေမယ့်​ Jongin
အရိပ်​အ​ရောင်​​တောင်​မ​တွေ့ရ​သေး
Jonginဘယ်​​နေရာ​ရောက်​​နေမှန်းကို
မသိတဲ့အဖြစ်​ရယ်​ပါ..
ကြင်ယာ​​တော်​​Jongin​ပျောက်​​နေမှန်း
အရှင်​သိသိချင်း ဝရုန်းသုန်းကားဖြစ်​သွား
ခဲ့​သေးတယ်
ရောဂါတစ်​ခုမ​ပျောက်​​သေးဘဲ ​နောက်​တစ်​မျိုး
သေလု​မျောပါးဒဏ်​​ရာ​တွေပါ ရ​လာပြန်​တော့
အရှင့်​ကျန်းမာ​ရေးဟာ စိုးရိမ်​စရာ
အ​ခြေအ​နေကို​ရောက်​​နေခဲ့ပြီ
"အဟွတ်​...​ဝေါ့"
ခန္ဓာကိုယ်​မှာ ​သွေး​တွေကုန်​သွားသလား
မှတ်​ရ​အောင်​ အန်​ထုတ်​မိတဲ့​သွေး​တွေက
မနည်းမ​နော..
အန်​ပြီးတာနဲ့တပြိုင်​နက်​ ​ခွေ​ခေါက်​လဲသွားတဲ့အရှင်​​ကြောင့်​ အကုန်​လုံး ရုန်းရင်းဆန်းခတ်​ဖြစ်​သွားကြတယ်​...
သွေး​တွေအန်​ရလို့ အားအင်​ ကုန်​ဆုံးသွားတဲ့
အရှင်​ဟာ စက္ကူ ဖြူ​လေးလို
ပါးပါးလျလျသာကျ​န်​​တော့သည်
သတိမလွတ်​သွား​အောင်​အတင်း
လှုပ်​နှိုး​နေရတဲ့အထိ..
ရင်​ဘတ်​က အညိုအမဲ​တွေက ​ပျောက်​ကင်း
သင့်​တာကြာပြီဖြစ်​​သော်​လည်း
ရောဂါကိုပစ်​ထားတဲ့အရှင်​​ကြောင့်
ပျောက်​သင့်​သ​လောက်​မ​ပျောက်​..
"ဒါ​တွေက ဘာ​တွေလဲ"
"မင်းသား Taehun "
အညိုအမဲ​တွေကိုအမြန်​ဖုံး​သော်​လည်း
မရ​တော့..မင်းသားTaehunက
မြင်​ပြီးနေပြီ
"သူ ဒီလို​တွေဖြစ်​​နေတာ ဘယ်​​လောက်​ကြာပြီလဲ"
"...."
"​မေး​နေတယ်​​လေ...ဘယ်​​လောက်​ကြာပြီလဲလို့"
"အရှင်​က....အရှင်​က
မ​ပြောဖို့ အမိန့်​​ပေးထားပါတယ်​"