10
3.8K 232 20
Zawgyi
ရှေ့မှရှိ​နေတဲ့ ပုဂ္ဂိုလ်​ကိုကြည့်​ရင်း
မလုံမလဲ ခံစားရသည်​..။
မင်းသားစာကို ​ဖေ​ဖေတို့က လက်​ခံရရှိ​ကြောင်းနဲ့
Jonginကိုသွားကြည့်​ခိုင်းလို့နန်း​တော်​ကို
ရောက်​လာခဲ့သည်​။
ချစ်​သူနှစ်​​ယောက်​ရဲ့ ရင်​ခုန်​စရာ​မြင်​ကွင်း​လေးက
ရင်​ဘတ်​ကို ​အောင့်​သက်​သက်​..
အဲ့​ကြောင့်​ သူသိပ်​ချစ်​တဲ့
Kim Jonginကို ​ရေထဲတွန်းချခဲ့တာ..
အဲ့တာ ကျွန်​မပဲ..
ခံစားရတဲ့နာကျင်​မှုဟာ ထိုမျှ​လောက်​နဲ့
ကျေနပ်​ရ​လောက်​မယ်​မထင်​ဘူး..
နောင်​ဘဝအဆက်​ဆက်​​တောင်
အဆုံးသတ်​​ပေးချင်​တာ ကျိန်​စာတစ်​ခုလိုပင်​..
မိန်းမကြီးတစ်​​ယောက်​ရဲ့
ခေါ်​ဆောင်​မှု​ကြောင့်​ ​ရောက်​​နေတာ
မိဖုရား​ခေါင်​ကြီး အ​ဆောင်​​တော်​...
အမူအယာကင်းမဲ့​နေတဲ့ မျက်​နှာဟာ
ကြောက်​လန့်​စရာ​ကောင်းသည်​..။
ဒီကိစ္စကို ​ရှေ့မှာ နှပ်​​နေတဲ့ လက်​ဖက်​ရည်​ကြမ်း
လောက်​​တောင်​ စိတ်​ဝင်​စားမှုမရှိသလို..
အိမ်​​ရှေ့စံမင်းသားရဲ့ ကြင်​ယာ​တော်​ကို
သေ​ကြောင်းကြံစည်​မှုနဲ့ ဘယ်​လို ​သေမိန့်​ချရမလဲ
ဆိုတာ ​တွေး​နေတာလား.
"​သောက်​ကြည့်​ပါအုန်း..စံပယ်​ ​ရနံ...
စိတ်​ဖိစီးတာတွေ ​ပြေ​ပျောက်​​စေတယ်
လက်​ဖက်​​ခြောက်​အနှပ်​က​တော့ အ​တော်​​ပဲ.."
"ဘာအ​ကြောင်း​ပြောချင်​လို့ ​တွေ့ချင်​ရတာပါလဲ
မယ်​မယ်​ကြီး"
"ဟင်း...မ​လောပါနဲ့...
အကြမ်းရည်​​လေးသုံး​ဆောင်​ပါအုန်း..
အရင်​ဆုးံ စိတ်​ကိုငြိမ်​​အောင်​ထား..ဟုတ်ပြီလား.."
ချထား​ပေးတဲ့ ​ရေ​နွေးကြမ်းကို​သောက်​လိုက်
ပေမယ့်​ ပူပန်​​နေတဲ့စိတ်​ကမငြိမ်းချမ်းနိုင်​..
မယ်​မယ်​ကြီး ဘာ​တွေကြံစည်​​နေတာလဲ..
"Kim Jongin ​​သေ​လောက်​လား "
ခွက်​​တွေတိုက်​မိပြီး ဖိတ်​စင်​သွားတဲ့​ရေ​တွေက
ထိတ်​လန့်​စရာ ပတ်​ဝန်းကျင်​ကိုဖြစ်​​စေတယ်​..