20
2.4K 235 30
Zawgyi
ဟိုးယခင်​ကတင့်​တယ်​ခဲ့​သော အသ​ရေတို့သည်​က
စိတ်​၏ဆင်းရဲခြင်း အကုသိုလ်​၏ဖိနှိပ်​ခြင်း​ကြောင့်
သူမဟာ ညပိုင်း​​တွေလည်း အိပ်​စက်ခြင်းမရှိခဲ့ပါ..
အမှန်​​တော့ အိပ်​စက်​၍မရခဲ့တာပါ..
ညမိုးချုပ်​​သွားလည်း သူမက​တော့အသံ​တေ
ွ ကြား​နေရဆဲ..သူတို့က သူမကို​ခေါ်​နေကြသည်​။
သူတို့မတရားခံရ​ကြောင်း ​နေ့တိုင်း​အော်​​ပြောသည်​။
ခြောက်​ခြားဖွယ်​ ငို​ကြွေးသံ​တွေ ..
သတ်​ပစ်​မယ်​လို့​ခြိမ်း​ခြောက်​သံ​တွေ ကြားရသည်​။
နားနှစ်​ဖက်​ကိုပိတ်​ထား​ပေမယ့်​..
မျက်​လုံး​တွေပိတ်​ထား​ပေမယ့်​..ဒါနဲ့.​နေပါအုန်း
သူမရဲ့သား​တော်​​လေးက
မယ်​မယ်​ သားကိုကယ်​ပါအုန်းလို့​ ငို​ပြောသံ​လေး
သူမ ဝမ်းဗိုက်​ထဲမှာ လပိုင်းသာ ​နေခဲ့ရတဲ့
သား​လေးက ကြီးလာေ​တာ့ဝဝတုတ်​တုတ်
ပါး​ဖောင်း​ဖောင်း​လေး...
မျက်​ရည်​​တွေနဲ့တက်​မတတ်​ ငိုသည်​..။
သူမရင်​ကို အစိတ်​စိတ်​ခွဲ​နေသလိုပဲ..
လူတိုင်း​မော်​မဖူးရဲ့တဲ့ သူမကို ​သေမိန့်​ချ​တော့မယ်​လို့ ​ပြော​နေကြသံကို သူမသိသည်​။
တစ်​ပတ်​အကြာအ​ဆောင်​တွင်းချိတ်​ပိတ်​ခံထားရတဲ့သူမ....
ခင်​ပွန်းသည်​ မင်းကြီးက​ရော ဘယ်​လို​နေလိမ့်​မလဲ
ဝဋ်​နာကံနာလို့သ​ဘောထား​လိမ့်​မည်​..။
သူမ မရှိခြင်းက သူ့အတွက်​ ဝဋ်​ကျွတ်​သွားသည်​ဟု
သူယူဆလိမ့်​မည်​..။
တကယ်​ဆို သူမ မမှားခဲ့ဘူး..
သူမ က​လေး​လေးအတွက်
်​ အ​မေတစ်​​ယောက်​အ​နေနဲ့ နာကြည့း်​တာ​လေ..ဘာမှားလဲ...
ကနာမငြိမ်​စွာ မျက်​ဆံတလည်​လည်​နှင့်
မယ်​​တော်​ကြီးပုံစံက ​အ​တော်​ စိတ်​မချမ်း​မြေ့စရာ
ကောင်း​နေပါပြီ...
မိဖုရားအ​ဆောင်​အ​ယောင်​ အစုံအလင်​နှင့်
အ​မွှေးနံသာ မျက်​နှာခြယ်​တို့ရံ​သော
မျက်​နှာတွင်​ မျက်​တွင်းညိုတို့နှင့်​ အနိဋ္ဌာရုံ အသွင်
က လွန်​စွာ အကျည်းတန်​လွန်း​နေသည်​ ။