1
12.5K 551 3
Zawgyi
နန်း​တော်​အတွင်း အခမ်းအနားပြင်​ဆင်​သူများနှင့်
ပြည့်​နှက်​​နေတယ်​..
ပန်းအလှဆင်​သူများ..
အတီးအမှုတ်​​ အကအခုန်​များ...
ခုံ​တွေ ​နေရာချသူများက ချ...
ပျားပန်းခတ်​မျှ အလုပ်​ရှုပ်​​နေကြတယ်
ယ​နေ့ သူတို့အိမ်​​ရှေ့ကိုယ်​​တော်​​လေးရဲ့
မိဖုရား​လောင်း ​ရွေးချယ်​ပွဲ...
တော်​ဝင်​ထုံးစံအရ သက်​​တော်​၁၈နှစ်​အရွယ်
်​ မင်းသားငယ်​အတွက်​ သင့်​​တော်​ရာ ကြင်​ဖက်​ကို
ရွေးချယ်​တင်​​မြှောက်​ကြရတယ်​.....
စေ့စပ်​ပွဲသ​ဘော​ပေါ့...မင်းသားအရွယ်​​ရောက်​ချိန်​၁နှစ်​အကြာမှသာ ထိမ်းမြားလက်​ဆက်​ပွဲကို
ကျင်းပပြီး မင်္ဂလာခန်းဝင်​ကြသည်​မှာ
တော်​ဝင်​ထုံးတမ်းစဉ်​လာ....
တစ်​တိုင်​ပြည်​လုံး..
အနာဂတ်​နိုင်​ငံမိခင်​​ရွေးချယ်​ပွဲအတွက်​ စိတ်​လှုပ်​ရှား
ပျော်​ရွှင်​​နေကြ​သော်​လည်း...
ကာယကံရှင်​မှာ​တော့....
"မင်းသား...သွားလို့မရပါဘူး...
နန်း​တော်​အပြင်​ထွက်​ခွင့်​မပြုနိုင်​ပါဘူးဘုရား..ဒီ​နေ့ ဖွင့်​ပွဲအတွက်​..မင်းသားသွား​ရောက်​ရပါမယ်​ဘုရား..."
"ခဏ​လေးပဲ.အထိန်း​တော်​မင်​...ကိုယ်​​တော်
အချိန်​မှီ​ရောက်​​အောင်​ ပြန်​လာမယ်​...အ​ရေးကြီးလို့ပါဗျ..."
"မရပါဘူး..မရဘူးဘုရား"
အထိန်း​တော်​မင်​...ဒီ​နေ့မှဘယ်​လိုဖြစ်​...ဂါး
စိတ်​တိုလာပြီ...sehunစဉ်းစားစမ်း...
နည်းလမ်း​...immဟုတ်​ပြီ...
"အာာာားးး....!"
"ဘာဖြစ်​..ဖြစ်​တာလဲဘုရား"
"ဗိုက်​...ဗိုက်​က​အောင့်​လာ....အာားးး...
မရ​တော့ဘူး...တအား...အား..​အောင့်​..လာပြီ"
မျက်​လုံး​တစ်​ဖက်​ကို အသာ​လေးဖွင့်​ကြည့်​​တော့
အမယ်​...မင်းသားရယ်​...အဲ့အကွက်​​တွေကရိုး​နေပါပြီ ဆိုတဲ့ အကြည့်​နဲ့...
အထိန်း​တော်​မင်​..လုပ်​ထားအုန်း​ပေါ့ကွာ...