အဲဒီ "ဗုံး" အကြောင်းကိုပင် လုံးဝမေ့နေမိသည်အထိ။
"နင် ဘာလို့ မအိပ်သေးတာလဲ?" ရီဝမ်ဝမ်။
ခါတိုင်းလိုပင် ပုံမှန်အတိုင်းမေးလိုက်ခြင်းပါတည်း။
"အင်း။ မင်းအကြောင်းစဉ်းစားနေတာနဲ့ အိပ်လို့မရဘူး"
"...." ဆွံ့အသွားရတော့သည့် ရီဝမ်ဝမ်။
"၀မ်ဝမ်...." ဆယ်ကျော်သက်လေးရဲ့ အသံတိုးတိုးညင်းညင်းကလေး သူမလေးနားဆီ ပျံ့ဝဲလာချေမှ။
"ဟမ်? ဘာလဲ?"
ရီဝမ်ဝမ်။ စိတ်နဲ့ကိုယ်နဲ့ ကပ်သွားရခြင်းပါတည်း။
"မင်းရောဘာလို့ မအိပ်သေးတာလဲ? ငါ့ကိုစောင့်နေတာမှတ်လား?" မေးလာလေသည့် သူ၏မျက်လုံးတို့မှာလူတွေကိုလမ်းမှားသွားအောင် ပြုစားပစ်နိုင်သည့် ဒီမွန်းတစ်ကောင်နှယ် သစ်ရွက်ကြားလေးကနေ ဆမ်းကျလာသည့်လရောင်ခြည်တို့ အရောင်ဟပ်လို့ နေလေလျက်။
ရီဝမ်ဝမ် : "...!!!"
သူ ငါ့ကိုအနှောင့်အယှက်မပေးဘဲနဲ့ ငြိမ်နေတာ ရက်ပိုင်း လေးပဲရှိသေးတယ်! ဘာလို့ ထဖောက်လာရပြန်တာလဲ?!
ငါ့ရဲ့ဘ၀လေးက ရှည်လျားလွန်းပြီး ပျင်းစရာ
ကောင်းလွန်းနေတယ်လို့များသူထင်နေလို့လား?
ရီဝမ်ဝမ် ပြင်းပြင်းထန်ထန်ကိုခံစားနေမိသည်ကား။
ငါ ဒီအတိုင်းဆက်သွားနေလို့ မဖြစ်တော့ဘူး။ တစ်ချက်ထဲနဲ့ သူ့ကို
အမြဲတမ်းခွာချပစ်နိုင်ဖို့ နည်းလမ်းတစ်ခု မြန်မြန်ရှာတွေ့မှ ဖြစ်မယ်။
ရီဝမ်ဝမ်။ အသက်ကိုခပ်ပြင်းပြင်း ရှူရှိုက်လိုက်တော့ပြီး။ သူမကိုယ်သူမတည်ငြိမ်သွားအောင် လုပ်ယူလိုက်ကာ။ ဒီနောက်။ ဖြေးဖြေးချင်းစီ ပြန်ဖြေလိုက်သည်ကား။
"ဟုတ်တာပေါ့။ ငါ နင့်ကိုစောင့်နေတာ!"
ချက်ချင်းဆိုသလိုပင်။ သူ့ရဲ့မျက်လုံးတို့ ၀င်းပသွားတော့ချေပြီ။
မယုံမကြည်နိုင်သောသံသယအနည်းငယ်နှင့်။
"တကယ်လား....?"
YOU ARE READING
Romanceစာစဉ် ၆ မှ စပြီး ဖတ်ရှုနိုင်ပါသည် စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။
စာစဉ် ၆ ( ၇ )
Start from the beginning