ကျိုးယွင်ရှန့် ဒီမိသားစုအကြောင်းကို သိပြီးသားဖြစ်လေသည်။အကယ်၍ မင်းသာ သူတို့ကို တစ်ကြိမ် အသုံးပြုခွင့်ပြုလိုက်မည်ဆိုလျှင် သူတို့က မင်းရဲ့ ရိုကျိုးမှုနဲ့ လိုက်လျောမှု့တွေကို လုပ်ရိုးလုပ်စဉ်ဟု သတ်မှတ်ပစ်လိုက်တော့မည်ဖြစ်ကာ မင်းရဲ့ အပိုထပ်ဆောင်း ကူညီပေးမှု့တွေကို နောက်ဆုံးရေစက်တစ်စက်အထိ သနားညှာတာမှု့ကင်းစွာနှင့် ဖျစ်ညှစ်ယူမည့်သူမျိုးတွေ ဖြစ်လေသည်။ထိုသို့သော လူမျိုးတွေသာလျှင် ရွှယ်ဇီရွှမ်လို မကောင်းဆိုးဝါးမျိုးကို ပျိုးထောင်နိုင်ကာ ထိုအရာတွေတင်မကဘဲ သူတို့က ဖြူစင်ပြီးကြင်နာတတ်တဲ့ ရွှယ်ကျင်းရီကို လှည့်စားမှု့အနည်းလေး အပြီးမှာ အလွယ်တကူပျက်စီးသွားစေသည့် အကြောင်းပြချက်များလည်း ဖြစ်လေသည်။

သူက အပြင်ဘက်မှာတော့ ကြောက်ဟန်ဆောင်ပြနေပေမယ့် စိတ်ထဲတွင်တော့ လှောင်ပြောင်နေလေသည်။

ဘဏ္ဍာထိန်းကလည်း သူ့ရဲ့ သူရဲဘောကြောင်မှု့အပေါ် အလွန် အားရကျေနပ်နေပြီး သူက ဗီရိုထဲက crop shirtတစ်ထည်နှင့် ကိုယ်ကျပ်ဘောင်ဘီးလေးတစ်ထည်ကို ထုတ်ယူလိုက်ပြီး အဖြူရောင်ကြိုးသိုင်းဖိနပ်ကလေးကိုပါ ထုတ်ယူလိုက်သည်။

"ကောင်းတယ်! သွားတော့။သတိရပါ…ယျန်ရဲ့ကို မင်းရဲ့ ပုံစံအမှန်ကို မသိစေနဲ့"
ဘဏ္ဍာထိန်းကြီးက ကောင်လေးကို အခန်းပြင် တွန်းလွှတ်လိုက်ပြီး အထပ်ထပ်အခါခါ သတိပေးလိုက်သည်။

ကျိုးယွင်ရှန့်သည်လည်း ကျိုးနွံစွာပင် ကတိပေးလိုက်သည်။

ရွှယ်လောင်စီက စတော်ဘယ်ရီယိုအပြည့်နဲ့ ပေါင်မုန့်မီးကင် တစ်ပန်းကန်လုံးကို စားသောက်နေပြီး ဖြစ်ကာ အောက်ထပ်ကို ဆင်းလာတဲ့သူ နှစ်ဦးကို မြင်တဲ့အခါမှာတော့ သူ့ပါးစပ်ကို လက်ကိုင်ပုဝါနှင့် ကြော့ရှင်းစွာ သုတ်လိုက်လေသည်။သူက သူ့ကိုယ်သူ ပြန်ပြင်ဆင်လိုက်ကာ ကောင်ငယ်လေးရဲ့ လက်ကို ဆွဲပြီး ဘာမပြော ညာမပြောနှင့် ထပြန်တော့သည်။

"အချိန်ကိုလည်း ကြည့်ဦး! ဘာလို့ အခုထိ မနက်စာ မစားရသေးတာလဲ? ခင်များ ကျန်းမာရေးအတွက် နည်းနည်း ပို အာရုံစိုက်သင့်နေပြီ"
ကျိုးယွင်ရှန့်က ထမင်းစားခန်းထဲ ဝင်လာကာ မပြောမဆိုနဲ့ဘဲ ရွှယ်ယျန်ဘေးက ထိုင်ခုံကို ဆွဲယူပြီး ဝင်ထိုင်လိုက်သည်။သူက ထမင်းစားပွဲကို ကြည့်လိုက်ကာ ပူပူနွေးနွေး ဖက်ထုပ်အချို့ကို ထိုလူ့ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

ဗီလိန်မာယာ (Arc-14) Completed Kde žijí příběhy. Začni objevovat