နေရာတကာမှာစပ်စုလှလွန်းတဲ့ ဇွဲကြောင့် ကျောင်းသားတစ်စုလုံးမှာ အင်တာနက်ထက်မြန်တဲ့သတင်းအချက်အလက်များကိုရကြရသည်။ သူ့ခမျာလည်း မနက်မိုးလင်းတာနဲ့တစ်ကျောင်းလုံးကိုပတ်ပြီးသတင်းကောက်နေတဲ့သူလိုပင်။ လျှောက်သွားပြီးကြားတဲ့သတင်းကုန်စင်အောင်ပြောပြသည်။

အခုလည်းအလောတကြီးပြေးလာရင်း ကြားခဲ့တဲ့သတင်းကိုပြောပြတော့၏။

''ဟင် ဘယ်လို. . . . ''

အကုန်လုံးကလည်း ထိုအကြောင်းကိုစိတ်ဝင်စားလာကြသည်နှယ် ဇွဲအနားကိုဝိုင်းအုံကပ်လာကြသည်။

သူ့အသံကကျယ်လွန်းတော့ စစ်သွေးရဲ့နားထဲလည်းဝင်မည်အသေအချာ။ ထိုအဖွဲ့နဲ့သိပ်ပြီးကီးမကိုက်သော သူ့မှာ သွားနားမထောင်သော်လည်း အဝေးကနေ နားစွင့်နေခဲ့မိ၏။

''မနေ့ညက ခိုးထွက်ကြတာတဲ့. . . ပြီးတော့မင်းတို့သိတယ်မလား ဟိုကျောင်းအိုကြီးထဲကို ဝင်ကြတာတဲ့. . . ''

ကျောင်းအိုကြီးအကြောင်းကိုကြားတာနဲ့ အားလုံးကကြက်သီးထကြသည်။

''ဘုရား ဘုရား မိန်းကလေးတွေကယောကျာ်းလေးတွေထက်ပိုသတ္တိကောင်းနေကြပါလား. . .''

''ဒါနဲ့ရော သူတို့တွေ ဘာမဖြစ်ခဲ့ဘူးလား. . . အဲ့ဒီထဲကိုဝင်သွားရင် အကုန်လုံးတော့အသက်ရှင်လျက်ပြန်မလာနိုင်ကြဘူးနော်. . . ''

''အေး ဘာတဲ့လဲ ဆက်ပြောလေကွာ. . . ''

အားလုံးကလည်း သိချင်ကြတာမို့ ဇွဲကိုအတင်းမေးလေ၏။ သူတို့မေးခွန်းအတွက်တော့ ဇွဲမှာအဖြေအတိအကျမရှိသည့်ဟန်။

''အဲ့ဒါတော့ငါလည်းမသိဘူးကွ. . လေးယောက်စလုံးအသက်ရှင်လျက်ပြန်လာကြတာဆိုတော့တော်ရုံတန်ရုံစကေးမဟုတ်ဘူးနော်. . . ''

သူတို့ပြောနေတဲ့စကားတွေကြောင့် ရှားတစ်ခုကိုစိုးထိတ်သွားလေသည်။ မနေ့ညက လေပြေ သူ့ကိုဖုန်းဆက်ခဲ့သေးတယ်မဟုတ်လား။

အဲ့ဒီ်မနက်ကလည်း သူမပြောခဲ့သေးတယ်လေ. . . ''ငါတို့သရဲတွေ့ဖို့စီစဉ်နေကြတယ်''ဆိုတာ။

*လေပြေကရော. . . သူလည်းပါမယ်မလား. . . *

ွှှရှားစိတ်ပူသွားရပြီး ထိုအဖွဲ့နားကို ပြေးသွားလိုက်ကာ ဇွဲကိုဝင်မေးလေတော့သည်။

Piano Ghost (Complete)Where stories live. Discover now