Baby က ယောကျာ်းလေးဆိုပေမဲ့ သိပ်လှတယ်

ဖြူစွတ်နေတဲ့ အသားရည်လေးနဲ့
ပန်းနုရောင်သန်းနေတဲ့ ပါးပြင်လေးကအစ ပါးလွှလွှနှုတ်ခမ်းရဲ့ အပြုံးလေးအဆုံး…

Baby ရဲ့အလှကို ပုရိသ တိုင်းကစွက်မက်ရသည်အထိ Jun ဆိုတဲ့ ကောင်လေးက နာမည်ကြီးတယ်

Jun ရဲ့အဖေက Xing အဖေပိုင်တဲ့ ဂိုဏ်းရဲ့လူယုံတစ်ယောက် ဆိုပေမဲ့ အာဏာရှိတဲ့သူဆိုလဲမမှား…

Xing က ဂိုဏ်းချုပ်ရဲ့သားဆိုပေမဲ့ အနေအေးတယ် ပြီးတော့ ငြိမ်တယ် သူကဆရာဝန်တစ်ယောက်မို့ လူသတ်တာထက် လူ့အသက်ကယ်ရတာ ပိုစိတ်ဝင်စားတယ်

ဒါပေမဲ့ Xingက ကြင်နာတတ်တဲ့လူလားဆိုတော့လဲ မဟုတ်ဘူး…

သူက သူ့စည်းနဲ့သူနေတာ သည်းခံနိုင်တဲ့အတိုင်းအတာထက်လွန်သွားရင်တော့ Xing ရဲ့ ရက်စက်မှုတွေက မကြည့်ရဲလောက်အောင်ပဲ သွေးပျက်ဖွယ်ကောင်းအောင် သတ်ပစ်တတ်တာမျိုး…

Jun အကြောင်းသူစကြားတော့ စိတ်မဝင်စားခဲ့ဘူး
သူ့လိုလူတစ်ယောက်က သာမာန်ယောကျာ်းလေးတစ်ယောက်ကို ကြိုက်မိမယ်လို့လဲ မထင်ထားခဲ့တာ ပါတာပေါ့

ဒါပေမဲ့…

သူရှုံးခဲ့ပါတယ်…

Baby Jun ကို စတွေ့ချင်းမှာပဲ သူ့နှလုံးသားက baby အကြည့်တွေဆီမှာ ဖမ်းချုပ်ခြင်းခံလိုက်ရပြီး မကြာခင်အချိန်မှာပဲ baby ကိုမမြင်ရမနေနိုင်လောက်အောင် ရူးသွပ်ခဲ့ရတယ်

အခုလို အတင်းအဓ္ဓမ လက်ထပ်ခဲ့ရသည် အထိပေါ့…

Baby လား?
Baby လေးကတော့ သူထင်တာထက် ပိုသွေးအေးတယ် ပြီးတော့ ဆိုးတယ်

Baby က သူစိတ်ကုန်သွားအောင် သက်သက်မဲ့ ဆိုးနေတာပေမဲ့
ချစ်ရတဲ့သူကတော့ baby နဲ့ပက်သက်တာ အကုန်လုံးကို ကြည်ကြည်ဖြူဖြူလက်ခံပေးနေမိတာပေါ့

Baby jun ကစိတ်မရှည်ဘူး
သူလုပ်ချင်တာမှ မလုပ်ရရင် အရမ်းအရွဲ့တိုက်တာ

အဲ့တာကြောင့်လဲ xing က သဲသဲလှုပ် အလိုလိုက်ရတာပေါ့…

Baby jun အိပ်နေတဲ့ ကုတင်တွင် Xing ထိုင်လိုက်ရင်း ကိုယ်လုံးသေးသေးလေးကို အနောက်မှ ထွေးပွေ့ထားမိသော်လဲ baby ဘက်က တုန့်ပြန်မှုဟူ၍ ရှိမလာပါချေ…

နှင်းဆီငယ်Kde žijí příběhy. Začni objevovat