အဲ့ဒီ​နေ့က အ​မေနဲ့ကျွန်​​တော်​ နှစ်​​ယောက်​သား
လွတ်​ထွက်​မတတ်​ ဖက်​တွယ်​ပြီးမျက်​ရည်​​တွေကျခဲ့ကြသည်​..။

ကိုယ့်​သားအရွယ်​​လောက်​ပဲရှိသည့်​ က​လေးတစ်​​ယောက်​ကို
မမုန်းချင်​ဘူးလို့ မျက်​ရည်​​တွေကြားထဲက​နေ
အ​မေ​ကြေ​ကြေကွဲကွဲ
ပြောခဲ့သည်​..။

ကျွန်​​တော့်​ဘက်​ကလဲ အ​မေ့ဖြစ်​​စေချင်​သလို
မကြိုးစား​ပေးနိုင်​ခဲ့တဲ့အတွက်​ ​တောင်းပန်​စကား
အထပ်​ထပ်​​ပြောကြားရင်း..
အ​မေကန့်​ကွက်​သည့်​လမ်းကိုမှ အဆုံးထိဆက်​​လျှောက်​ခဲ့သည်​..။

ဒါ​တွေအားလုံးက သူ့ကိုချစ်​လွန်းလို့လုပ်​ခဲ့တာ​ပေမယ့်​..
သက်​ဆိုင်​သူက​တော့ ကျွန်​​တော့်​ကို နည်းနည်း​လေး​တောင်
လှည့်​မကြည့်​ခဲ့ပါ..။

သူ..အခုထိ သူ့အ​မေသင်​ပြသွား​ပေးခဲ့သည့်​ အတ္တနွံကြားထဲ နှ​မြောစရာ​ကောင်းစွာ..
နစ်​မွန်း​နေဆဲပင်​..။

ကျွန်​​​တော်​သူ့အတွက်​ ​နေ​ရောင်​ခြည်​တန်း​တွေ
ထွန်းလင်း​ပေး​နေ​ပေမယ့်​လဲ..၀မ်းနည်းစရာ​ကောင်းစွာပင်
သူသည်​ မျက်​လုံးနှစ်​ဖက်​လုံးကို..
စုံးစုံးမှိတ်​ချထားဆဲဖြစ်​သည်​..။

::::::::::: Tyranny :::::::::::::

အခန်းထဲမှာ..မတိုးမကျယ်​ထွက်​​ပေါ်​နေသည့်​ သီချင်းသံစဉ်​တစ်​ခု..။

နောက်​တစ်​နည်း​ပြောရရင်​..ကျွန်​​တော့်​လက်​ထဲက..
ဂီတာကြိုး​တွေကို...
ကျွန်​​တော်​ကိုယ်​တိုင်​ကျွမ်းကျင်​သွက်​လက်​စွာ တီးခတ်​​နေရာမှ ထွက်​​ပေါ်လာသည့်​ သီချင်းသံစဉ်​​လေး..။

ငယ်​ရွယ်​စဉ်​တုန်းက​တော့...
ဂီတာတစ်​လက်​ရင်​ခွင်​ထဲပိုက်​ပြီး သီချင်း​တွေသီဆိုဖို့ဆိုတာ
ကျွန်​​တော့်​ဘ၀ရဲ့ အိမ်​မက်​ကြီးတစ်​ခုဖြစ်​ခဲ့သည်​..။

သီချင်း​တွေကိုရူးသွပ်​ခဲ့သည်​..။
သံစဉ်​​တွေကို နှစ်​ခြိုက်​ခဲ့သည်​..။

ဒါ​ပေမယ့်​ ဘ၀​ပေးကံကြမ္မာကိုက..သူ့လိုလူကို..
ကိုယ့်​အသက်​ထက်​ချစ်​မိသွားတဲ့..
ကြမ္မာပါလာခဲ့​တော့...

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now