စိုင်း ချက်​ချင်း ​နေ​သွေးခန့်​သွား​တတ်​​သော​နေရာများကိုစဉ်းစားသည်​။
နေ​သွေးခန့်​​တော်​​ရုံအပြင်​မသွားတတ်​သည့်​သူမို့
ထွေ​ထွေထူးထူးသွားစရာ​နေရာသိပ်​မရှိ။
ဆွေမျိုးဆိုလို့......
ဟုတ်​ပြီ။.....

"အန်​တီ ​နေကြီးဒီကိုလာ​သေးလား "

"ဟိုတခါလာပြီးထဲက​ပျောက်​သွားတာပြန်​​ပေါ်မလာ​တော့ဘူး​လေ အန်​တီလည်း ​မျှော်​​နေတာ... ဘာလို့လည်းစိုင်း
သူနဲ့အဆက်​အသွယ်​မရဘူးလား "

"မဟုတ်​ပါဘူး အန်​တီ သူဒီမှာရှိမယ်​လို့​ပြောလို့ပါ
အဲ့ဒါဆို သားသွား​တော့မယ်​​နော်​ "

စိုင်း ​ဒေါသတို့ထွက်​​ချေပြီ။
ဘယ်​ကိုလိုက်​ရှာရမှန်းလည်းမသိ​တော့.....။

လုပ်​ချင်​ရာလုပ်​သွား​သောချစ်​ရ​သောသူငယ်​ချင်းကို
လည်း ​ဒေါသထွက်​သည်​။
ညီ ဆိုတဲ့​ကောင်​ကိုလဲတစ်​စစီဆွဲဆုတ်​ဖြဲပစ်​ချင်​သည်​။
ခု​တော့မတတ်​နိုင်​​တော့ .....

"သက်​ပြင်းချရုံကလွဲပြီး ငါတခြားဘာလုပ်​​ပေးခွင့်​ရှိမလဲ
နေကြီးရာ ....."

စိုင်း ​နေ​သွေးခန့်​အိမ်​ကိုပြန်​ပြီး .......

diary နှင့်​အတူ စားပွဲ​ပေါ်မှ
ဖုန်းနှင့်​ ပစ္စည်းတချို့ကို​သေချာသိမ်း​ပေးရင်း
အခန်းကိုသန့်​ရှင်း​ရေးလုပ်​​ပေးသည်​။
သန့်​ရှင်း​ရေးလုပ်​ရင်း စားပွဲ​အောက်​မှစာတစ်​​စောင်​...

"Diary စာအုပ်​ကို ညီ့ကို​ပေး​ပေးပါ
နာမည်​က HSK....."

စိုင်း ဘယ်​သူမှန်း စဉ်းစား၍မရ
တခါမှလည်းမစဉ်းစားခဲ့ဖူး​သောကိစ္စဖြစ်​သည်​။
ကိုယ့်​သူငယ်​ချင်းကချစ်​ရတဲ့​ကောင်​​လေးဆိုတာမျိုး​ပေါ့....

နေ​သွေးခန့်​ပြန်​လာရင်​အဆင်​​ပြေ​ပြေ​နေနိုင်​​အောင်
အပတ်​တိုင်းလာပြီးသန့်​ရှင်း​ရေးလုပ်​ထား​သော်​လည်း.....

°•°•°•°•°•°•°•°•°•°•°

"Rhyme မင်း​နောက်​တပတ်​စာ​မေးပွဲ​နော်​ ခုထိဘာ​တွေလုပ်​​နေတာလဲ"

CAN I............(Completed!)Where stories live. Discover now