စိုင်း နေသွေးအကြောင်းစဉ်းစားရင်းကားမောင်းလာတာ နေသွေးအိမ်တောင်ရောက်လာခဲ့သည်...

1st yearမှခု Finalရောက်သည်အထိ ရင်းရင်းနှီးနှီးခင်လာခဲ့သည့်သူငယ်ချင်းဖြစ်သည့်အပြင် ကိုယ့်အိမ်သူ့အိမ် ၀င်ထွက်သွားလာနေသည်မို့ နေသွေး ရဲ့တိုက်ခန်းတံခါးpasswardကိုတော့စိုင်းသိပါသည်...

သူ့​မွေး​နေ့လည်းမဟုတ်​​သော ဂဏာန်း​လေးလုံး
၏အဓိပ္ပါယ်​​တော့ ​မေးမကြည့်​မိ ........

                      🎬🎬🎬🎬🎬🎬🎬🎬

အခန်းထဲသို့​ရောက်​​သော်​ ​နေ​သွေးခန့်​အား
Sofa ​ပေါ်ချပြီး ​စိုင်း​ပါထိုင်​ချပြစ်​လိုက်​သည်​။

"စိုင်း......ငါက​လေ .......​စ​တွေ့တဲ့.......​​နေ့ထဲက....
ချစ်....မိ....ခဲ့တာ.. အေ့..လော ......ကကြီးက.....မတရား....လိုက်...တာ....ကွာ..အေ့...ငါ....မလို....
ချင်.....​တဲ့....လူတွေ.....က...ငါ့နား....မှာ ရှိ.......​နေကြ.....ပြီး.....​အေ့..ငါ....မြတ်နိုး...ရတဲ့တစ်ယောက်......တည်းသော....မင်းက......ဘာလို့....ဘာလို့.....ငါ့ကို......​လှောင်ေ​ပြာင်​ရက်​......တာ
လဲကွာ.....ခုတော့..ဒီကောင်.....ကြီး. ရင်ဘတ်တစ်ခု........ လုံး စုတ်...ပြတ်....​သတ်နေ...ပြီ ကွ....
ငါက​လေ......ငါ့ကို​လှောင်​​နေတဲ့..မင်းရီသံ​လေး​တွေကို​တောင်​....ချစ်​မိ​နေတာ........"

ပြောချင်တာတွေပြောပြီး​နေ​သွေးခန့်​ အန်​​တော့သည်​။ပြီးမှ
ငိုရင်းပြန်မှောက်အိပ်သွားတော့သည်..
စိုင်း သူ့ရှေ့မှာနာကျင်ခံစားနေရသော သူငယ်ချင်းကိုကြည့်ရင်း သနားမိသလို စိတ်လည်းပူမိသည်..

Uncleလေးပြောပြလို့ နေသွေးငယ်ငယ်က ကိုယ့်ကိုယ်ကို suicide လုပ်
ခဲ့ဖူးသည်ဟု သိခဲ့ရသည်..
သူ့မိဘ၂ပါးလုံးဆုံးသွားတော့ စိတ်ဓာတ်ကျပြီး မိုက်ရူးဆန်တဲ့အလုပ်တွေလုပ်ဖို့ ဆုံးဖြတ်ခဲ့ဖူးသည်တဲ့လေ..
ဒါကြောင့် နိုင်ငံခြားကိုခေါ်သွားပြီး ထိုစိတ်ဓာတ်ကျမှုကို အတော်ကြာကုယူခဲ့ရသည်...ခုလည်းအဲ့တုန်းကလိုပုံစံမျိုးထပ်ဖြစ်မှာစိုးရိမ်ရသည်..
စိုင်း သိပါသည်..နေသွေးက ပြဿနာတစ်ခုကြုံလာရင်
ထိပ်တိုက်ရင်ဆိုင်ဖို့ထပ် လက်လျှော့အရှုံးပေးလိုက်တတ်သည်..
အရမ်းစိတ်ဓာတ်ကျလွယ်တဲ့သူတစ်ယောက်....

"ဘုရားသခင်..နေသွေးထံ ကံကောင်းခြင်းတွေသာဆောင်ယူလာပေးပါ...သူ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဆက်လက်ရှင်သန်ခွင့်ပေးပါ.."
နှစ်ခြိုက်စွာအိပ်ပျော်နေသော သူငယ်ချင်းလေးအားကြည့်ကာ စိုင်း ဘုရားသခင်ထံသာ ဆုတောင်းမိလေတော့သည်...

                 🖤🖤🖤🖤🖤🖤🖤🖤

အမှန်​တရား​တွေကခါးတယ်​ဆိုရင်
မှား​နေတာ​တွေက​ရောချိုရဲ့လား
မသိဘူး ကိုယ်​မသိဘူး...
ဒါမဲ့ မင်းရယ်​သံလွင်​လွင်​​လောက်​ဘယ်​အရာမှမချို ဘူး...

                  💔💔💔💔💔💔💔💔

Authorလေးအဆဲခံရတော့မှာမြင်ယောင်နေပြီ..🤥.

{A/N..နေသွေးက နိုင်ငံခြားမှာငယ်ငယ်ကနေခဲ့လို့ LGBTအကြောင်းသေချာနားလည်ပြီး LGBTကိုလက်ခံသူတစ်ဦးပါ..😁ဒါကြောင့်သူ လျှမ်းဆက်ကို စတွေ့တော့ သူ့ရင်ထဲကခံစားချက်ကို သူအလွယ်တကူလက်ခံနိုင်ခဲ့တာပါ..}

➡️TBC~~

နေ​သွေးခန့်​ကိုပုံ​ဖော်​​ပေးထားတာပါ ​​ရှေ့ပိုင်းမှာ လျှမ်းနဲ့ ဒီ​ရေကိုတင်​ထား​ပေးပြီးဆက်​တင်​​ပေးဖို့​မေ့​နေတာခုမှသတိရလို့ပါMiyanae yo

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

နေ​သွေးခန့်​ကိုပုံ​ဖော်​​ပေးထားတာပါ 
ရှေ့ပိုင်းမှာ လျှမ်းနဲ့ ဒီ​ရေကိုတင်​ထား​ပေးပြီး
ဆက်​တင်​​ပေးဖို့​မေ့​နေတာ
ခုမှသတိရလို့ပါ
Miyanae yo......

နေ​လေးရဲ့​မွေး​နေ့ကို​မေးထားတဲ့ reader ​လေးအတွက်​​နေ​လေးကဲ့​မွေး​နေ့သတ်​မှတ်​​ပေးထားပြီးပါပြီ

November 16 ပါ​နော်​ ❤

Love you.....😘

Aw aww ဒီအပိုင်း​လေးက​တိုတဲ့အတွက်​ ခဏ​နေတပိုင်းထက်​တင်​​ပေးပါ့မယ်​​နော်​ ....💔

CAN I............(Completed!)Tempat cerita menjadi hidup. Temukan sekarang