Part 12

13 3 0
                                    

ဂျွန်​​ဆောတို့ အိမ်​​ရောက်​​တော့ ​နေ့လည်​ ၂ နာရီ ​လောက်​ပဲရှိ​သေးသည်​...။ ထို့​ကြောင့်​ ဂျွန်​​ဆောနှင့်​ နာရာတို့ ဝယ်​လာ​သော အထုတ်​များချကာ ကမ်း​ခြေဘက်​သို့ထွက်​လာကြသည်​။ ​​အေးမြလတ်​ဆတ်​လှ​သော ​လေများက တိုက်​ခတ်​​နေသည်​။ လှိုင်းလုံးများက တစ်​​ဖွေး​ဖွေး တစ်​ရိပ်​ရိပ်​တက်​​နေသည်​ကို မြင်​​နေရသည်​။ ပြာလဲ့သန့်​ရှင်း​သော ​ရေပြင်​ကြီးတွင်​ မိုး​ကောင်းကင်​၏ အရိပ်​ထင်​ဟပ်​​နေသည်​။ ဇင်​​ယော်​ငှက်​က​လေးများက ​ရေပြင်​​ပေါ်တွင်​ ဘယ်​ညာဝဲပျံ​နေသည်​...။ နာရာနှင့်​ ဂျွန်​​ဆောတို့ သဲ​သောင်​ပြင်​​ပေါ်တွင်​ထိုင်​ချလိုက်​ကြသည်​။ရေလှိုင်းသံနှင့်​ ဇင်​​ယော်​များ၏အသံများမှအပ တစ်​​လောကလုံးက ​တိတ်​ဆိတ်​ငြိမ်​သက်​​နေသလို....။ ထိုတိတ်​ဆိတ်​မှုကို ဖြိုခွင်းလိုက်​သူက နာရာ...
" ဂျွန်​​ဆော...ဒီလို​နေရတာ ​ပျော်​လား..."
" ​ပျော်​တာ​ပေါ့နာရာရဲ့...နာရာနဲ့အတူရှိ​နေတဲ့ စက္ကန့်​​လေး​တွေကအစ ကိုယ်​​ပျော်​တယ်​..."
ရေပြင်​ဘက်​သို့ ​တွေ​ဝေစွာ ကြည့်​​နေ​သော နာရာကို ဂျွန်​​ဆော ကြည့်​မိသည်​။ တစ်​ခုခု​ပြောချင်​​နေ​သော်​လည်း မျိုသိပ်​ထားသလို ဖြစ်​​နေ​သော နာရာ၏ ပုံရိပ်​ကို ဂျွန်​​ဆော ခံစားမိသည်​..။ ဒါ​ပေမဲ့ နာရာဘာ​ပြောချင်​​နေတာလဲလို့ ဂျွန်​​ဆောမ​မေးရဲ..။ နာရာက ဂျွန်​​ဆောနှင့်​လမ်းခွဲမယ်​ဟု​ပြောလိုက်​မှာကို ဂျွမ်​​ဆော​ကြောက်​သည်​။ ထိုစကားက ဂျွန်​​ဆော ကမ္ဘာ​ပေါ်တွင်​ အ​ကြောက်​ဆုံးစကားဆိုလည်းမမှား​ပေ..။ဘာ​တွေပဲဖြစ်​ဖြစ်​ ဂျွန်​​ဆော နာရာ့​ဘေးမှာ တစ်​သက်​လုံးရှိချင်​သည်​။ ဒီလို​ပျော်​ရွှင်​စရာ အခိုက်​အတန့် ​လေး​တွေကိုလည်း ​ပျောက်​ကွယ်​သွားမှာ စိုးမိသည်​။ နာရာက ဖြစ်​ချင်​တာထက်​ ဖြစ်​သင့်​တာကို ပိုဦးစား​ပေးတတ်​တဲ့သူမျိုး......။ ထို့​ကြောင့်​ ဂျွန်​​ဆော နာရာ ဒီလိုပုံမျိုးဖြစ်​​နေလျှင်​ အလွန်​​ကြောက်​မိသည်​။ ​နောက်​ထပ်​ နာရာ နှင့်​ ထပ်​မ​ဝေးချင်​​တော့...။ ဒီ​အချိန်​အထိ ဂျွန်​​ဆော ခံစားခဲ့ရတာ​တွေက လုံ​လောက်​ပြီမဟုတ်​ပါလား...။ ဂျွန်​​ဆော အ​တွေးများကို ရပ်​လိုက်​ပြီး ထလိုက်​သည်​။ ထို့​နောက်​ ကမ်းစပ်​သို့ လမ်း​လျှောက်​သွားသည်​။
" နာရာ လာခဲ့ပါဦးခဏ​လောက်​..."
ဂျွန်​​ဆောက လှမ်း​ခေါ်​သော​ကြောင့်​ နာရာ ထပြီး ဂျွန်​​ဆောဆီသို့အ​ပြေးသွားမိသည်​။
" ဘာလို့လဲဂျွန်​​ဆောရဲ့..."
" ဒီ​နေ့ ရာသီဥတုက နည်းနည်းပူတယ်​မထင်​ဘူးလား..."
" အင်းသိပ်​​တော့မပူပါဘူး...အ​အေးဓာတ်​​လေး​တော့ ကျန်​​သေးတယ်​...ဒါနဲ့..အဲ့တာဘာဖြစ်​လို့လဲ..."
ဂျွန်​​ဆောက ​ကမ်းစပ်​မှ ​ရေအချို့ကိုယူပြီး နာရာ့ကိုပက်​လိုက်​သည်​။
" အား...ဂျွန်​​ဆော..မလုပ်​နဲ့ ​ရေ​တွေစိုကုန်​ပြီ​လေ.."
" မ​ကျေနပ်​ရင်​ ပြန်​ပက်​​ပေါ့..."
နာရာက ဂျွန်​​ဆောကို ​ရေနှင့်​ ပြန်​ပက်​လိုက်​သည်​။ ထို့​နောက်​ တစ်​​ယောက်​နှင့်​တစ်​​ယောက်​ ​ရေပြိုင်​ပက်​ကြသည်​။ နာရာနှင့်​ဂျွန်​​ဆော တို့ ​ရေများစိုရွှဲကုန်​သည်​။
" နာရာ...ဒီ​နေ့မိတ်​ကပ်​လိမ်းထားလား.."
" ဟင့်​အင်း မလိမ်းထားဘူး ဘာလို့လဲ..."
ဂျွန်​​ဆောက ကမ်းစပ်​မှ ရွှံ့ ​အနည်းငယ်​ကိုယူပြီး နာရာပါးကို သုတ်​လိုက်​သည်​။
" ဟာ..ဘာလို့တာလဲ...ရွှံ့ ​​တွေ​ပေကုန်​ပြီ​လေ.."
" မိတ်​ကပ်​မလိမ်းထားဘူးဆိုလို့ လှသွား​အောင်​ လိမ်း​ပေးတာ​လေ..."
နာရာက ရွှံ့ ​တွေအများကြီးယူပြီး ဂျွန်​​ဆောမျက်​နှာတစ်​ပြင်​လုံးကို လိမ်း​ပေးလိုက်​သည်​။
" ဟား...ဒီမှာ လှသွားပြီ...ဒီလိုမှပိုချစ်​စရာ​ကောင်းတာ..."
" နာရာ...ကိုယ်​က ရွှံ့  ​တွေလိမ်းထားလဲ ရုပ်​က​တော့​ဖြောင့်​​နေတုန်းပါ​နော်​..."
" အမယ်​..ကိုယ့်​ကိုယ်​ကို​ အထင်​ကြီး​နေတာ...​ကြောင်​ချီးရုပ်​​ပေါက်​​နေတာကို မသိဘူး.."
" ဟာ...ဘာ​ပြောတယ်​...​ကြောင်​ချီးရုပ်​ဟုတ်​လား.."
နာရာက လျှာထုတ်​ပြပြီး ကုန်း​ပေါ်သို့တက်​​ပြေးသည်​။ ဂျွန်​​ဆောက ရယ်​ပြီး ​နောက်​ကလိုက်​သည်​။ " မမိ​အောင်​​ပြေး​နော်​..."
ဂျွန်​​ဆော နှင့်​ နာရာ တို့၏ ရယ်​သံများက ကမ်း​ခြေတွင်​လွှမ်း​နေသည်​..။ ကမ်း​ခြေက သူတို့၏ ရယ်​သံများ​ကြောင့်​ ပိုအသက်​ဝင်​သွားသလို...။
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-
" ဟယ်​...."
တစ်​ကိုယ်​လုံး ရွှံ​တွေနှင့်​ ညစ်​​ပေ​နေ​သော ဂျွန်​​ဆောနှင့်​ နာရာ့ကို ကြည့်​ကာ နာရာ့အ​မေ အံသြသွားသည်​။
" ဒါဘယ်​လို​တွေဖြစ်​လာကြ​တာလဲ..."
ဂျွန်​​ဆောက ပြုံးစိစိဖြင့်​ ​ပြောလိုက်​သည်​။
" ကျွန်​​တော်​တို့ ရွှံ့​တွေနဲ့ ကစားလာတာပါ အ​မေ"
" ဟယ်​...က​လေး​တွေလည်းမဟုတ်​....ဘာလို့အဲ့လို​တွေ ​ဆော့လာရတာလဲ..."
" ဟီး..."
နှစ်​​ယောက်​စလုံးက အ​မေ့ကို သွားဖြဲပြလိုက်​သည်​။ ဂျွန်​​ဆော နှင့်​ နာရာတို့၏ ပုံ​ကြောင့်​ အ​မေ ရယ်​မိသည်​...။
" ဟား..ဟား...​အေးပါ ဒါဆိုလည်း ​ရေချိုးကြ​တော့...ပြီးရင်​ ညစာစားရ​အောင်​ထွက်​လာခဲ့​နော်​..."
" ဟုတ်​ကဲ့...."
နှစ်​​ယောက်​စလုံးပြိုင်​တူ ​ဖြေလိုက်​ကြသည်​။
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-
ဂျွန်​​ဆော ၏ အခန်းမှာ နာရာ့အခန်း​ရှေ့တွင်​ ရှိ​သော​ကြောင့်​ ​ရေအရင်​ချိုးပြီး​သော ဂျွန်​​ဆော က နာရာ့အခန်း​ပေါက်​ဝတွင်​ ​စောင့်​​နေသည်​။
" နာရာ​ရေ....​ရေချိုးပြီးပြီလား..."
" အင်း...ခဏ​လေး​နော်​ ဂျွန်​​ဆော.."
အခန်းထဲမှ နာရာ့၏ ပြန်​ထူးသံကြားရသည်​။
မကြာမီပင်​ နာရာ ထွက်​လာ​လေသည်​။
" ဂျွန်​​ဆော...​​စောင့်​​နေတာကြာပြီလား..."
" အင်း....နာရာ...ဆံပင်​​တွေလည်းမ​ခြောက်​​သေးဘူး..."
" ဟုတ်​တယ်​...​နောက်​ကျ​နေမှာစိုးလို့  အမြန်​ထွက်​လာတာ.."
" ဟာ...နာရာ...ဆံပင်​ကို အစိုအတိုင်း​ထားရင်​ အ​အေးမိမှာ​ပေါ့..."
" ရပါတယ်​..."
" မရပါဘူး...ကိုယ်​​ခေါင်းသုတ်​​ပေးမယ်​"
" ရပါတယ်​ ဂျွန်​​ဆောရဲ့ မြန်​သွား​အောင်​ dryer နဲ့ပဲ ​ခြောက်​​အောင်​လုပ်​လိုက်​​တော့မယ်​..."
" ဟာ...dryer သုံးရင်​ ဆံပင်​​တွေပျက်​စီးလိမ့်​မယ်​..."
ဂျွန်​​ဆောက​ပြော​ပြောဆိုဆိုနှင့်​ နာရာ့ ပခုံး​ပေါ်​တွင်​တင်​ထား​သော သဘက်​ကို ယူပြီး နာရာ့​ခေါင်းကို သုတ်​​ပေးလိုက်​သည်​။
" ဒါနဲ့...dryer သုံးရင်​ မ​ကောင်းဘူးတို့ဘာတို့ကို ဘယ်​ကတည်းကသိတာလဲ...မဟုတ်​မှလွဲ​ရော အရင်​ရည်​စားးက​ပြောပြတာလား...သူ့ကို​ရော ဒီလိုအမူအယာ​တွေနဲ့ ​ပြောခဲ့​သေးလား​ပြော....."
" အင်း.....မ​ပြောမိဘူးလို့​တော့ထင်​တာပဲ..."
" ဘာ...ဘာ​ပြောတယ်​.."
" စတာပါ နာရာရယ်​....နာရာလည်းသိသားနဲ့ ကိုယ်​ဘယ်​တုန်းကမှ ရည်းစားမထားခဲ့ဖူးပါဘူး...နာရာသာ ကိုယ့်​ရဲ့အချစ်​ဦး​လေး...."
ဂျွန်​​ဆောက နာရာ့​မေး​စေ့​လေးကို ကိုင်​ပြီး​ပြောလိုက်​သည်​။
" သမီး​တို့​ရေ...ဆင်းလာခဲ့​တော့​လေ"
" ဟာ...ဂျွန်​​ဆော...အ​မေ​တောင်​​ခေါ်​နေပြီ..လာ​လေ ​အောက်​ဆင်း​ရ​အောင်​..."
" ​နေဦး​လေ နာရာ...ဆံပင်​...မ​ခြောက်​​သေးဘူး"
" ခဏ​နေ​ခြောက်​သွားပါလိမ့်​မယ်​...လာပါ"
နာရာ၏ စကား​ကြောင့်​ ဂျွန်​​ဆောစိတ်​ပူမိသည်​။
" ဒီ​​ကောင်​မ​လေး​တော့ ဒီလိုလုပ်​​နေရင်​ အ​အေးမိ​တော့မှာပဲ..."
ဂျွန်​​ဆောစိတ်​ထဲမှ ​တွေးလိုက်​မိသည်​။
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.
Part 12 end

You've reached the end of published parts.

⏰ Last updated: Mar 24, 2019 ⏰

Add this story to your Library to get notified about new parts!

THE ACTOR I LOVEWhere stories live. Discover now