Part 9

9 2 0
                                    

" နာရာ တကယ်​ပဲထွက်​သွား​တော့မလို့လား "
" နာရာ ဂျွန်​​ဆောနဲ့ ခဏ​လေးပဲ ​ဝေးသွားတာပါ...နာရာ မကြာခင်​ ဂျွန်​​ဆောဆီ ​သေချာ​ပေါက်​ပြန်​လာခဲ့မယ်​...."
" နာရာ....နာရာ....မသွားနဲ့......"
ဂျွန်​​ဆော အိပ်​​နေရာမှ လန့်​နိုးလာသည်​။ ဒီအပ်​မက်​တကယ်​မဖြစ်​ပါ​စေတဲ့လို့ပင်​ ဂျွန်​​ဆောဆု​တောင်း​နေမိသည်​။
ဆေးရုံကုတင်​​ဘေးက ထိုင်​ခုံ​ပေါ်တွင်​ အိပ်​​ပျော်​​နေ​သောနာရာကို ဂျွန်​​ဆော​တွေ့လိုက်​ရသည်​။
ဂျွန်​​ဆော အိပ်​ရာမှထပြီး နာရာကို ​ဆောင်​ခြုံ​ပေးလိုက်​သည်​။
" ဟုတ်​ပါတယ်​​လေ အခုအချိန်​အထိ အတူတူရှိ​နေတာပဲ ထပ်​​ဝေးဖို့​တော့အ​ကြောင်းမရှိ​​လောက်​​တော့​ပါဘူး " ဂျွန်​​ဆော စိတ်​ထဲကပင်​​တွေးလိုက်​မိသည်​။
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.
" နာရာ ဂျယ်​ဂျူးကို ပြန်​ချင်​ရင်​ပြန်​​လေ "
" ဟင်​...ဂျွန်​​ဆော တကယ်​​ပြောတာလား...."
" ကိုယ်​လဲလိုက်​မှာ​ပေါ့ "
"ဟာ..​ပြောပြန်​ပြီ ဒီစကားပဲ...ဂျွန်​​ဆောလိုက်​လို့ ဘယ်​လိုမှမဖြစ်​ပါဘူးဆို​နေမှ..."
" နာရာ အခုဆုံးဖြတ်​ရမယ့်​အချိန်​​ရောက်​​နေပြီ​နော်​....ဒီတစ်​ခါအခွင့်​အ​ရေးက နာရာ နဲ့ ကိုယ်​ မ​ဝေးရ​တော့မဲ့​နောက်​ဆုံးအခွင့်​အ​ရေးပဲ "
" ဒါ​ပေမဲ့ ဂျွန်​​ဆောရဲ့ သရုပ်​​ဆောင်​အလုပ်​က​​ရော"
" မဟုတ်​လဲကိုယ်​သရုပ်​​ဆောင်​အလုပ်​ကို ငြီး​ငွေ့​နေပါပြီ....နာရာ"
နာရာ ​ခေတ္တငြိမ်​သက်​သွားသည်​။
" ဒါဆိုရင်​ ဂျွန်​​ဆော​ရော နာရာနဲ့အတူ ဘယ်​လိုအခက်​အခဲပဲဖြစ်​ဖြစ်​ ရင်​ဆိုင်​နိုင်​လား "
" ကိုယ်​ နာရာနဲ့အတူဆိုရင်​ အခက်​ခဲ​တွေကို​တောင်​ရင်​ဆိုင်​နိုင်​ပါတယ်​ "
နာရာ ဂျွန်​​ဆောကို ဖက်​ထားလိုက်​သည်​။ နာရာ ထင်​ထားသလို ​ဝေးရမယ့်​ရက်​ဆိုတာ နာရာ နဲ့ ဂျွန်​​ဆော ရဲ့ အချစ်​စစ်​​တွေ​ကြောင့်​ တစ်​ဖြည်းဖြည်း​ပြောက်​ကွယ်​စပြု​နေပြီ ဆိုတာ နာရာ သိလိုက်​ရပါသည်​။
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.
ဆိုးလ်​မြို့ရဲ့ ဟန်​မြစ်​ကိုဖြတ်​သွားပြီးတဲ့​နောက်​မှာ​တော့ ဂျွန်​​ဆော နဲ့ နာရာ တို့၏ ​ပျော်​စရာဘဝက​လေးသည်​ တစ်​ဖြည်းဖြည်း နီးကပ်​လာပြီဟု ခံစားလာရသည်​။ ဂျွန်​​ဆော ကား​မောင်း​နေရင်းက နာရာ့၏ လက်​က​လေးကို ကိုင်​ထားမိသည်​။
" နာရာရဲ့မိဘ​တွေက ကိုယ်​နဲ့​သ​ဘောတူပါ့မလား....နာရာမှာ ​ဆွေမျိုးသားချင်း​တွေ​ရောများလား....သူတို့က​ရော ကိုယ့်​ကိုသ​ဘောကျပါ့မလား...."
" ​မေးခွန်း​တွေက များလိုက်​တာ ဂျွန်​​ဆောရယ်
...ဂျယ်​ဂျူး​ရောက်​ရင်​အကုန်​လုံးကိုသိရမှာ​ပေါ့.."
နာရာ ဂျွန်​​ဆောရဲ့မျက်​နှာမှာ စိုးရိမ်​မှု​တွေကို​တွေ့​နေရသည်​။ " ခစ်​...."
" ဟင်​...နာရာ..ဘာလို့ရယ်​တာလဲ..."
" မဟုတ်​ပါဘူး ဂျွန်​​ဆောက အရမ်းချစ်​ဖို့​ကောင်းလို့ပါ..."
နာရာ ရဲ့စကား​ကြောင့်​ ဂျွန်​​ဆော၏ မျက်​နှာမှာ အပြုံးတစ်​ပွင့်​ဖြစ်​​ပေါ်လာသည်​။
" စိတ်​မပူပါနဲ့ ဂျွန်​​ဆောရဲ့.....ဒီတစ်​ခါ​တော့ ဘယ်​သူကမှ နာရာတို့ကို ခွဲလို့ရမှာမဟုတ်​​တော့ဘူးလို့ ဂျွန်​​ဆော​ပြောခဲ့တယ်​​လေ....အဲ့ဒီ့လိုပဲဖြစ်​လာမှာပါ"
" ကိုယ်​ယုံပါတယ်​...."
ဂျွန်​​​ဆောနဲ့နာရာတို့၏ ကားက​လေးသည်​ ဂျယ်​ဂျူးကျွန်းသို့သာ ဦးတည်​လျက်​......
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.
နာရာ နှင့်​ ဂျွန်​​ဆော တို့ ဂျယ်​ဂျူးကျွန်းသို့​ရောက်​ဖို့ရန်​ သ​ဘောင်္ဖြင့်​လည်းတစ်​ဆင့်​ကူးရသည်​။
သာယာလှပ​သော ​ရေပြင်​ကျယ်ကို ​ဂျွန်​​ဆောတို့တွေ့ကြရသည်​။
" ဟို...စာ​ရေးဆရာမ နာရာလားမသိဘူး"
" ရှင်​...ဟုတ်​...ဟုတ်​ပါတယ်​ရှင့်​ "
" ဟာ...ကျွန်​​တော်​က နာရာရဲ့ ပရိတ်​သတ်​ပါ...လက်​မှတ်​​လေးထိုး​ပေးလို့ရမလား"
" ဟုတ်​ကဲ့ ရပါတယ်​ရှင့်​ "
သေ​ဘာ​င်္​ပေါ်တွင် ​​ဆယ်​​ကျော်​သက်​​ကောင်​​လေးများက နာရာ့ နားလာပြီးစကား​ပြော​နေခြင်း​ကြောင့်​ ဂျွန်​​ဆောက ​ဘေးနားမှ ကွက်​ကြည့်​ကွက်​ကြည့်​ လုပ်​​နေသည်​။
" ဟို...အမနာရာက ရုပ်​ရှင်​မင်းသား ကင်​ဂျွန်​​ဆောနဲ့ လုံးဝလမ်းခွဲလိုက်​ပြီလား "
" ရှင်​....ဟို....မဟုတ်​"
" လုံးဝကို လမ်းမခွဲ​ပါဘူး ...."
ဂျွန်​​ဆောက နာရာ့ ပခုံးကိုဖက်​လိုက်​ပြီး ​ကောင်​​လေးများကို​ပြောလိုက်​သည်​။
"ခင်​ဗျားက ရုပ်​ရှင်​မင်းသား ကင်​ဂျွန်​​ဆော လား "
ဂျွန်​​ဆောက ​နေကာမျက်​မှန်​ကို ချွတ်​ရင်း​ပြောလိုက်​သည်​။
" မဟုတ်​ပါဘူး စာ​ရေးဆရာမ ဂျန်​နာရာ ရဲ့ချစ်​သူ ကင်​​ဂျွန်​​ဆောပါ...."
ကောင်​လေးများ မျက်​လုံးပြူး၍ အချင်းချင်းလက်​တို့ကာပြန်​သွားကြသည်​။ ​ဘေးနားကလူများကလည်း ဂျွန်​​ဆောတို့ကိုကြည့်​ကာ တီးတိုး​ပြော​နေကြသည်​။
" ဘာလို့သူတို့ကို​ပြောလိုက်​တာလဲ ​ဘေးကလူ​တွေ ကြည့်​​နေကြပြီ "
" ကြည့်​ပါ​စေ​ပေါ့ ပို​တောင်​​ကောင်း​သေးတယ်​"
နာရာ့၏ မျက်​​စောင်းကို​တော့ဂျွန်​​ဆော လက်​ခံရရှိလိုက်​​ပေသည်​။
-.-.-.-.-.-.-.-.-.-.-.-.-.-.-.
နောက်​ဆုံး​တော့ ဂျွန်​​ဆောနှင့်​ နာရာတို့ ဂျယ်​ဂျူးကျွန်းသို့​ရောက်​ရှိလာခဲ့ကြသည်​။
ဆိပ်​ကမ်းမှ ဆင်းကတည်းက ​လေက ထူးထူးခြားခြား ​ကောင်းမွန်​သန့်​ရှင်းလာသည်​။ ဂျွန်​​ဆောမှာ​တော့ နာရာ့မိဘ​တွေကို​တွေ့ရမည့်​အတွက်​ အလွန်​ပင်​ စိတ်​လှုပ်​ရှား​နေမိသည်​။
နာရာ ဂျွန်​​ဆောလက်​ကို ဆုပ်​ကိုင်​ထားလိုက်​သည်​။ " သူတို့ ဂျွန်​​ဆောကိုသ​ဘောကျ​လောက်​မှာပါ....."
ဂျွန်​​ဆောနှင့်​ နာရာတို့ဘတ်​စ်​ကားဂိတ်​ကိုလာခဲ့ကြသည်​။ ကားက မနက်​ဖြန်​မှ ဆိပ်​ကမ်းသို့​ရောက်​မည်​ဖြစ်​သော​ကြောင့်​...။
ဂျွန်​​ဆော နှင့်​ နာရာတို့ ဘတ်​စ်​ကား​ပေါ် တက်​ခဲ့ကြသည်​။ ဂျယ်​ဂျူး၏ ရှုခင်းများကားအလွန်​ပင်​လှပ၏။ " နာရာမှတ်​မိလား ကိုယ်​ နာရာ့ကို ဘတ်​စ်​ကားဂိတ်​မှာ ဖွင့်​​​ပြောခဲ့​တာ​လေ..."
နာရာပြုံးလိုက်​သည်​။ " အဲ့တာမ​နေ့တစ်​​နေ့ကလိုပဲ​နော်​...အချိန်​​တွေက သိပ်​မကြာလိုက်​သလိုပဲ...နာရာ ဒီလို​တွေဖြစ်​လာလိမ့်​မယ်​လို့ တစ်​ခါမှ မ​မျှော်​လင့်​ဖူးဘူး "
" အခု​တော့ ​မျှော်​လင့်​လို့ရပါပြီနာရာရဲ့...မကြာ ခင်​ပဲ ကိုယ်​တို့ မိဘေ​တွဆီက ​ခွင့်​ပြုချက်​ယူပြီးရင်​ တရားဝင်​တွဲလို့ရပြီ ​လေ..."
" ဟင်​...ဒါဆို ဂျွန်​​ဆောမိဘ​တွေဆီက​ရော ခွင့်​ပြုချက်​မ​တောင်းဘူးလား...."
" ကိုယ်က မိဘမဲ့​လေ...."
" ဟင်​..တကယ်​လား...နာရာ..နာရာ ​တောင်းပန်​ပါတယ်​​နော်​ နာရာမသိလို့..."
" ရပါတယ်​ နာရာရယ်​ အဲ့တာမဆန်းပါဘူး "
ဂျွန်​​ဆော၏ အပြုံးပန်းများက နာရာ့ရင်​ကို ​အေးမြ​စေသည်​။
-.-.-.-.-.-.-.-.-.-.-.-.-.-
ဂျွန်​​ဆောနှင့်​နာရာတို့ နာရာ့အိမ်​​ရှေ့သို့​ရောက်​လာကြသည်​။ မခန်းနားမကြီးကျယ်​လှ​သော်​လည်း သန့်​ရှင့်​သပ်​ရပ်​ပြီး ​နေချင်​စဖွယ်​အိမ်​က​လေးဖြစ်​သည်​။ ခြံဝင်းကလည်းအ​တော်​အတန်​ ကျယ်​ဝန်းသည်​။ ထို့​နောက်​ နာရာတို့အိမ်​သည်​ ကမ်း​ခြေနှင့်​မနီးမ​ဝေး ပင်​ရှိ၍ ပင်​လယ်​ကြီး၏အလှကို ကြည့်​ရှုနိုင်​သည်​။ ဂျွန်​​ဆော နာရာ့​၏ မနီးမ​ဝေးမှ​နေ၍ ​နောက်​ကကပ်​ပါလာသည်​။ နာရာက အိမ်​တံခါးကို ဖွင့်​ပြီး​ရှေ့ကဝင်​သွားသည်​။ ဂျွန်​​​ဆောကို ​နောက်​မှအ​ခြေအ​နေကြည့်​ပြီးဝင်​လာခိုင်းသည်​။
" အ​မေ....."
နာရာ ​တစ်​လှမ်းချင်း အိမ်​ထဲကိုကြည့်​ပြီးဝင်​သွားသည်​။ " ဟင်​....သမီး​လေး..နာရာလား..နာရာ...ဟုတ်​ပါတယ်​​နော်​"
" ဟုတ်​ပါတယ်​အ​မေရဲ့...သမီး​နာရာပါ.."
" သမီးရယ်​  အိမ်​ကထွက်​သွားပြီးကတည်းကတစ်​​ခေါက်​​တောင်​ပြန်​မလာဘူး..ပြန်​လာမယ်​ဆိုလည်း ဖုန်း​လေးဘာ​လေးဆက်​ပါလား"
" ​အော်​...အဲ့တာက သမီးကိစ္စ​လေး​တွေနည်းနည်း​ရှိလို့ပါ အ​မေရဲ့...အ​ဖေ​ရော"
"သမီးအ​ဖေက အပြင်​သွားတယ်​"
" ဒါနဲ့အ​မေ သမီး..သမီးရဲ့...."
"မင်္ဂလာပါခင်​ဗျ ကျွန်​​တော်​ ကင်​ဂျွန်​​ဆောလို့​ခေါ်ပါတယ်​"
နာရာ​ပြောလို့မဆုံးခင်​မှာပင်​ ဂျွန်​​ဆောက ဝင်​လာပြီး နာရာ့အ​မေကိုမိတ်​ဆက်​သည်​။
" ကျွန်​​တော်​ နာရာ့ရဲ့ချစ်​သူပါ...ကျွန်​​တော့်​ကို အ​မေလက်​ခံ မယ်​လို့​မျှော်​လင့်​ပါတယ်​"
နာရာ့အ​မေမှာ​တော့ မျက်​လုံးအပြူးသားနှင့်​ နာရာ့နှင့်​ ဂျွန်​​ဆော ကို တစ်​လှည်​စီ့ကြည့်​​နေရုံမှအပ.........
-.-.-.-.-.-.-.-.-.
Part 9 ended

THE ACTOR I LOVEWhere stories live. Discover now