Part 8

22 2 2
                                    

ဒီ​နေ့နဲ့ဆို ဂျွန်​​ဆော သတိ​မေ့​နေတာ ၄ ရက်​ရှိပြီ...ခွဲစိတ်​မှုမှာ ​အောင်​မြင်​ခဲ့​သော်​လည်း ​နောက်​ဆက်​တွဲအကျိုးဆက်​များ​ရှိလာနိုင်​သည်​ဟု ဆရာဝန်​က​ပြောသည်​။ ​ဆေးရုံကုတင်​​ပေါ်တွင်​ အပြစ်​ကင်းမဲ့စွာ လှဲလျောင်း​နေ​သော ဂျွန်​​ဆော ရဲ့မျက်​နှာ​လေးကို နာရာ ကိုင်​ကြည့်​မိသည်​။ ​နေ​ရောင်​ရဲ့အလင်း​ကြောင့်​ ဂျွန်​​ဆောရဲ့ ဖြူ​ဖွေး​ချော​မော​သော မျက်​နှာကို နာရာမြင်​ရသည်​။ ဒီလိုလူတစ်​​ယောက်​က ငါ့အတွက်​နဲ့ ဒုက္ခ​ရောက်​ရတာတဲ့လား...။
" မြန်​မြန်​ပြန်​ထလာပါ​တော့ ဂျွန်​​ဆောရယ်​...ဂျွန်​​ဆော​သတိမေ့​နေတဲ့ရက်​​တွေက နာရာ့အတွက်​ငရဲနဲ့မခြားပါဘူး...ဂျွန်​​ဆော ကျန်းကျန်းမာမာ ရှိ​နေတာကိုပဲ နာရာမြင်​ချင်​တယ်​...ဂျွန်​​ဆောသာ ပြန်​နိုးလာမယ်​ဆိုရင်​ နာရာ ဂျွန်​​ဆော ​တောင်းဆိုတာမှန်​သမျှကို လုပ်​​ပေးနိုင်​ပါတယ်​"
" တကယ်​​ပြောတာလား နာရာ...."
" ဟင်​...ဂျွန်​​ဆော..ဂျွန်​​ဆောပြန်​သတိရလာပြီ..​နေဦး​နော်​ ဆရာဝန်​​ခေါ်လိုက်​ဦးမယ်​ "
" ​နေပါဦးနာရာ... နာရာ မသွားပါနဲ့ဦး.."
ဂျွန်​​ဆော..နာရာလက်​ကိုလှမ်းဆွဲထားလိုက်​သည်​ ။
" မသွားပါနဲ့ဦး နာရာ...တစ်​စက္ကန့်​​လေးပဲဖြစ်​ဖြစ်​ နာရာနဲ့အတူရှိ​နေချင်​လို့ပါ..."
" ဂျွန်​​ဆော ဒီလိုမျိုးပြန်​ထလာ​ပေးလို့​ကျေးဇူးတင်​ပါတယ်​..."
" နာရာ...ဘာလို့ငို​နေတာလဲ...ကိုယ်​ပြန်​သတိရလာတာ ​ပျော်​ရမှာမဟုတ်​ဘူးလား..."
" နာရာ..ဝမ်းသာလွန်းလို့ပါ..ဂျွန်​​ဆောရယ်​..တကယ်​ကိုဝမ်းသာလို့ပါ..."
ကမ္ဘာ​ပေါ်တွင်​အလှဆုံး အပြုံးပိုင်​ရှင်​နှစ်​​ယောက်​က​တော့ တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်​လျက်​...
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-
" ဂျွန်​​ဆော..နာရာ ဆန်​ပြုတ်​ဝယ်​လာတယ်​ "
ဆေးရုံကုတင်​​ပေါ်တွင်​ စာအုပ်​ဖတ်​​နေ​သော ဂျွန်​​ဆောက နာရာ့ကို အပြုံးနှင့်​ဆီးကြိုလိုက်​သည်​။
" ဂျွန်​​ဆော...​ခေါင်းကဒဏ်​ရာက သိပ်​မကျက်​​သေးဘဲနဲ့ ဘာလို့ စာအုပ်​​တွေဖတ်​​နေတာလဲ...အာရုံစိုက်​​နေရမှာ​ပေါ့..."
" ဘာမှ​မဖြစ်​ပါဘူးနာရာရဲ့..."
" ဘာမှမဖြစ်​လဲ အဲ့ဒီ့စာအုပ်​ကြီးချထားလိုက်​ဦး...ဆန်​ပြုတ်​​လေး အရင်​​သောက်​လိုက်​"
နာရာ ဆန်​ပြုတ်​ပန်းကန်​ကို ဂျွန်​​ဆော​ရှေ့တွင်​ချ​ပေးလိုက်​သည်​။
" အား...ပူတယ်​..ပူတယ်​ "
" ​အော်​...ဘာလို့အမြန်​​တွေ​သောက်​​နေတာလဲ ဘယ်​သူက လုစားမှာမို့လို့လဲ..."
" အဲ့တာဆိုရင်​လည်း လာခွံ့​ကျွေး​လေ...​ဘေးက​နေထိုင်​ပြီး​တော့ပဲ ပွစိပွစိလုပ်​​နေတယ်​"
နာရာ ဂျွန်​​ဆောကိုမျက်​​စောင်းတစ်​ချက်​ထိုးလိုက်​သည်​။
" ဆန်​ပြုတ်​ဆိုတာ ဒီလိုဖြည်းဖြည်း​လေးမှုတ်​ပြီး​သောက်​ရတယ်​ ဟ..."
ဂျွန်​​ဆောက နာရာ့ကို ပြုံးပြီးကြည့်​​နေသည်​။
" ဟာ...ပါးစပ်​ဟပါဆို ဘာ​တွေကြည့်​​နေတာလဲ"
" နာရာ ​ဆေးရုံတက်​ရတုန်းက အချိန်​ကို သတိရမိလို့ပါ...အဲ့ဒီ့တုန်းကလည်း တကယ်​​ပျော်​စရာ​ကောင်းခဲ့တာ.."
နာရာလည်း ပြန်​စဉ်းစားမိပြီး ပြုံးလိုက်​သည်​။ ထို့​နောက်​ မျက်​နှာပြန်​ညှိုးသွားသည်​။
" နာရာ...ဘယ်​လိုဖြစ်​လို့မျက်​နှာက ညှိုးသွားတာလဲ..."
" ဟင်​.....ဘာမှမဟုတ်​ပါဘူး "
" အဲ့တာဆိုရင်​လည်း ဆန်​ပြုတ်​​ကျွေး​တော့​လေ ကိုယ်​ဘယ်​​တော့ စားရမှာလဲ..."
ဂျွန်​​ဆောက ပြုံးပြီး​ပြောလိုက်​သည်​။
က​လေး​လေး တစ်​​ယောက်​လို ပြုံးရယ်​​နေ​သော ဂျွန်​​ဆောကို နာရာက မကြာခင်​ ဂျယ်​ဂျူးကိုပြန်​​တော့မယ်​လို့ ဘယ်​လို​ပြောထွက်​မှာလဲ....။
-.-.-.-.-.-.-.-.-.-.-.-.-.
" ဟာ....နှင်း​တွေကျ​နေတယ်​.....ဂျွန်​​ဆော..ဒီမှာကြည့်​ နှင်း​တွေကျ​နေပြီ " ပြတင်းတံခါး​ပေါက်​​ဘေးက​နေ နာရာ ဂျွန်​​ဆောကို လှမ်း​ပြောလိုက်​သည်​။
ဆေးရုံကုတင်​​ပေါ်မှ ဂျွန်​​ဆောက အပြင်​ကိုလှမ်းကြည့်​ရင်းပြုံးလိုက်​သည်​။
" ဒီနှစ်​နှင်းကျတာ ​စောသားပဲ...ကိုယ်​တို့နှစ်​​ယောက်​ ပြန်​ဆုံရလို့ ကမ္ဘာကြီးက​ပျော်​ပြီး နှင်း​တွေအ​စောကြီးကျတာနဲ့တူတယ်​ "
ဂျွန်​​ဆော၏ စကား​ကြောင့်​ နာရာ မျက်​ရည်​များဝဲလာသည်​။ ဒီလိုဆုံရ​ပေမဲ့ မကြာခင်​ပြန်​​ဝေးရ​တော့မယ်​ဆိုတာ ဂျွန်​​ဆောမှမသိတာ...။
နာရာ ဂျွန်​​ဆောမမြင်​ခင်​ မျက်​ရည်​များကို အမြန်​သုတ်​လိုက်​သည်​။
" ဂျွန်​​ဆော...အပြင်​ထွက်​ကြည့်​ချင်​လား "
ဂျွန်​​ဆောမျက်​နှာ ဝင်းကနဲလက်​သွားသည်​ကို နာရာမြင်​လိုက်​ရသည်​။ တကယ့်​က​လေး​လေး အတိုင်းပါပဲလားဂျွန်​​ဆောရယ်​....။
.-.-.-.-.-.-.-.-.-.-.-.-.-.-.
နာရာ နှင့်​ ဂျွန်​​ဆော ​ဆေးရုံအပြင်​သို့ထွက်​လာကြသည်​။
" ဆရာဝန်​က​တော့ သိပ်​အကြာကြီးမ​နေနဲ့လို့​ပြောတယ်​​နော်​...ခဏပဲ​နေပြီး ပြန်​ဝင်​ရ​အောင်​"
" အင်းပါနာရာရဲ့..."
နာရာကနှင်းများကို ကြည့်​ရင်း​ပြောသည်​။
" နှင်း​လေး​တွေက ဂျွန်​​ဆောနဲ့ တူတယ်​....ဖြူစင်​တယ်​ ​အေးမြတယ်​....ပြီး​တော့...နှင်း​တွေက နာရာ့ရဲ့ အချစ်​ဆုံး​လေ "
" နာရာကလည်း ကိုယ့်​ရဲ့အချစ်​ဆုံးပါပဲ "
ဂျွန်​​ဆောက နာရာ့ပခုံးကို ကိုင်​ရင်း​ပြောလိုက်​သည်​။
" ကိုယ်​တို့ ဒီတစ်​သက်​မခွဲ​တော့ဘူး​နော်​ နာရာ...နာရာလည်း ကိုယ့်​ကိုမခွဲနိုင်​ဘူးမလား.."
" နာရာ ဂျွန်​​ဆောကို မခွဲနိုင်​ပါဘူး..ဒါ​ပေမဲ့ ကံကြမ္မာက မျက်​နှာသာမ​ပေးရင်​​တော့လည်း ခွဲရင်​ခွဲရမှာပဲ ဂျွန်​​ဆော.."
"ဟင်​..နာရာ..အဲ့ဒါဘာကိုဆိုလိုတာလဲ...နာရာက ကိုယ့်​​ဘေးက​နေ ထွက်​သွားဦးမလို့လား "
" အပြင်​မှာ​အေးတယ်​ ဂျွန်​​ဆော အထဲဝင်​ရ​အောင်​"
" ​နေဦးနာရာ...နာရာ ဘာ​ပြောချင်​တာလဲ နာရာ ကိုယ့်​ကိုခွဲသွားဦးမှာလားလို့....."
" ဂျွန်​​ဆော...နာရာ....နာရာ ဂျယ်​ဂျူး ကိုပြန်​​တော့မယ်​ "
" နာရာ အဲ့ဒါဘာ​ပြောတာလဲ အဓိပ္ပါယ်​မရှိဘူးနာရာ..နာရာကိုယ့်​ဆီက​နေ ထပ်​ပြီးထွက်​မသွားပါနဲ့​တော့​နော်​...နာရာကိုယ့်​အသည်းကိုထပ်​မခွဲပါနဲ့​တော့..."
" ဆိုလ်းမှာ နာရာ ဆက်​​နေရင်​ ဂျွန်​​ဆောအတွက်​လဲ ထိခိုက်​မယ်​...နာရာ့အတွက်​လည်းထိခိုက်​မယ်​...နာရာ ဂျယ်​ဂျူးကိုပြန်​တာ နာရာ့တို့နှစ်​​ယောကိစလုံးအတွက်​ အ​ကောင်းဆုံးပါ...."
" ကိုယ့်​မှာ နာရာ့ကိုဆုံးရှုံးရတာထက်​ ထပ်​ပြီး ထိခိုက်​စရာမရှိ​တော့ဘူးနာရာ....တကယ်​လို့နာရာ ဂျယ်​ဂျူးကို သွားမယ်​ဆိုရင်​လည်း ကိုပါလိုက်​ခဲ့မယ်​..."
" မဖြစ်​ဘူး ဂျွန်​​ဆော...ဂျွန်​​ဆော နာရာ နဲ့အတူလိုက်​လာရင်​ ဂျွန်​​ဆော အနာဂတ်​​တွေပျက်​စီးကုန်​မှာ​ပေါ့ "
" နာရာ ကိုယ့်​ကို ချစ်​​ရောချစ်​ရဲ့လား...."
" ဘယ်​လို​ပြောလိုက်​တာလဲ ဂျွန်​​ဆောရယ်​ ချစ်​တာ​ပေါ့...ကမ္ဘာ​ပေါ်မှာ ရှိတဲ့အရာ​တွေအားလုံးထက်​ဂျွန်​​ဆောကိုချစ်​တယ်​ "
" အဲ့တာဆို ​နောက်​ထပ်​ ကိုယ့်​ကိုခွဲသွားဖို့အ​ကြောင်းမ​ပြောပါနဲ့​နော်​...ကိုယ်​​တောင်းဆိုတာပါ...နာရာ ဘယ်​​တော့မှ ကိုယ့်​ကိုခွဲမသွားရဘူး "
" နာရာ ဂျွန်​​ဆောကို ချစ်​တယ်​ "
" ကိုယ်​လဲ နာရာ့ကိုချစ်​ပါတယ်​...."
နာရာ့မှာ ဂျွန်​​ဆောကို သနား​သော်​လည်း ဂျွန်​​ဆောရဲ့ အနာဂတ်​က မိမိလက်​ထဲမှာ ရှိ​နေသည်​ပင်​.......
-.-.-.-.-.-.-.-.-.-.-.-.-.
Part 8 end

THE ACTOR I LOVEUnde poveștirile trăiesc. Descoperă acum