Part 6

15 2 0
                                    

ဂျွန်​​ဆောက ​နေ့လည်​ ၁ နာရီ Gold Hotel ကိုလာခဲ့ပါ ဟု message ပို့ထား၍ နာရာ သွားခဲ့သည်​။ ဂျွန်​​ဆော ​ပြောထားသည့်​အခန်းက ပွဲတစ်​ပွဲလုပ်​​နေသည်​ ထင်​၍ တိတ်တဆိတ်​ဝင်​သွားသည်​။ ထိုအခန်းတွင်​ ဂျွန်​​ဆောက မိုက်​ကိုင်​၍ စကား​ပြော​နေသည်​ကို​တွေ့ရသည်​။
" ကျွန်​တော်​ဒီ​နေ့ သတင်းစာရှင်းလင်းပွဲ လုပ်​တဲ့အ​ကြောင်းအရာက​တော့ ကျွန်​​တော်​နဲ့ နာရာ တို့ရဲ့ dating သတင်းကို ရှင်းလင်း​ပေးချင်​လို့ဖြစ်​ပါတယ်​။ ဟို တစ်​ခါး​ပေါက်​ဝမှာ ရပ်​​နေတဲ့သူက​တော့ ကျွန်​​တော်​ချစ်​ရတဲ့ကျွန်​​တော့်​ရဲ့ချစ်​သူ ဂျန်​နာရာပဲဖြစ်​ပါတယ်​ " ဂျွန်​​ဆောက နာရာဘက်​ကိုလှည့်​ပြီး​ပြောလိုက်​သည်​။ သတင်း​ထောက်​​တွေ နဲ့ ကင်​မရာ​တွေက နာရာဘက်​ကိုလှည့်​လာပြီး ဓာတ်​ပုံများတစ်​ဖျတ်​ဖျတ်​ရိုက်​ယူကြသည်​။ မန်​​နေဂျာရှင်းက နာရာကိုလာ​ခေါ်သည်​။ ထို့​နောက်​ နာရာနှင့်​ဂျွန်​​ဆောတို့ စင်​​ပေါ်​တွင်​ရပ်​​နေကြသည်​။ " ဂျန်​နာရာ နဲ့ကျွန်​​တော်​လက်​ထပ်​ ​တော့မှာ​မို့ dating သတင်းဟာ တရားဝင်​ဖြစ်​​ကြောင်းကျွန်​​တော်​​ကြေညာချင်​ပါတယ်​။" နာရာအံ့ဩစွာဖြင့်​ ဂျွန်​​ဆောကိုကြည့်​​နေသည်​။ ဂျွန်​​ဆောက​တော့ ​တောက်​ပ​သော အပြုံးများနှင့်​ နာရာ့ကို ပြုံးပြလျက်​ရှိ​နေပါသည်​။
-.-.-.-.-.-.-.-.-.-.-.-.-.-.
သတင်း​ထောက်​များအားလုံးပြန်​သွားကြသည်​။
နာရာနှင့်​ ဂျွန်​​ဆောတို့လဲ ​hall ခန်းမထဲမှပြန်​ထွက်​လာခဲ့ကြသည်​။ " ဂျွန်​​ဆော....နာရာ့ကို မတိုင်​ပင်​ပဲဘာလို့ဒီလိုလုပ်​ရတာလဲ..ဒီလို​ကြေညာလိုက်​ရင်​ ဂျွန်​​ဆောပရိတ်​သတ်​​တွေနည်းကုန်​ပြီး နာမည်​ကျသွားမှာ​ပေါ့"
" ရပါတယ်​ ကိုယ်​ နာရာနဲ့ နီးဖို့ဆိုရင်​ သရုပ်​​ဆောင်​ဘဝကို​တောင်​စွန့်​လွှတ်​နိုင်​တယ်​ ကိုယ်​တို့ ပြဿနာ​တွေအားလုံးပြီးသွားရင်​ ​အေး​အေးချမ်းချမ်း ​နေသွားကြမယ်​​လေ။"
" နာရာ့အတွက်​နဲ့ ဂျွန်​​ဆော အနာဂတ်​ကိုမပျက်​စီး​စေချင်​ဘူး "
"သရုပ်​​ဆောင်​ဘဝကို စွန့်​လွှတ်​လိုက်​ရုံနဲ့ ကိုယ့်​ဘဝ ပျက်​မသွားပါဘူး ကိုယ်​​ယောင်္ကျားတစ်​​ယောက်​ပဲ​လေ အလုပ်​လုပ်​စားမှာ​ပေါ့ နာရာက ကိုယ့်​ကိုမယုံဘူးလား"
သူတို့ Hotel ​ရှေ့သို့​ရောက်​လာကြသည်​။ " စုန်းမ ရုပ်​ဆိုးမ ငါတို့ Oppa ကိုပြန်​​ပေး " ဟူ​သော ဆိုင်းဘုတ်​ကြီးများကိုကိုင်​လျက်​ ​အသံကျယ်​ဖြင့်​​အော်​​နေကြ​သော မိန်းက​လေးများကို Hotel ​ရှေ့တွင်​​တွေ့လိုက်​ရသည်​။ ​ကောင်​မ​လေးတစ်​​ယောက်​က နာရာ့ကို ​တွေ့ပြီး ကြက်​ဥနဲ့ ​ပေါက်​လိုက်​သည်​။ ထို့​နောက်​ အားလုံးက ကြက်​ဥများ ဆန်​မှုန့်​များဖြင့်​ နာရာ့ကို ပစ်​​ပေါက်​ကြသည်​။ ဂျွန်​​ဆောက နာရာ့ကို ဝင်​ကာလိုက်​သည်​။ မကြာမီ မန်​​နေဂျာရှင်း​ရောက်​လာပြီး နာရာနှင့်​ ဂျွန်​​ဆော ကို ကားထဲသို့​ခေါ်သွားသည်​။ မိန်းက​လေးငယ်​များကိုကား လုံခြုံ​ရေးအဖွဲ့များက တားဆီးထားသည်​။
" နာရာ ရရဲ့လား ကိုယ်​အမြန်​အိမ်​ပြန်​လိုက်​ပို့​ပေးမယ်​​နော်​ "
" နာရာ ဂျွန်​​ဆောကို ချစ်​မိတာ လူအများရဲ့ အသဲကိုခွဲမိသလိုဖြစ်​​နေလားဟင်​ "
" မဖြစ်​ပါဘူး နာရာရဲ့ ဘာလို့ဒီလို​တွေ​ပြော​နေတာလဲ နာရာ ကိုယ့်​ကိုမချစ်​မှ ကိုယ့်​အသဲကို နာရာခွဲမိမှာ....ကိုယ်​​တောင်းပန်​ပါတယ်​ ကိုယ့်​ကြောင့်​ နာရာ ဒီလိုဒုက္ခ​တွေခံ​နေရတာ...ကိုယ်​​လေ နာရာ့ကို ​နောက်​ထပ်​ဒီလိုမျိုး​တွေမကြုံ​ရ​အောင်​ ကာကွယ်​​ပေးပါ့မယ်​ "
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-
" ကင်​ဂျွန်​​ဆော ၏ မင်္ဂလာသတင်း​ကြောင့်​ အထက်​တန်း​ကျောင်းသူတစ်​ဦး မိမိကိုယ်​ကို သတ်​​သေ "
ထိုသတင်း​ကြောင့်​ နာရာ အလွန်​အမင်း အံသြထိတ်​လန့်​သွားပြီး အ​ကြောင်း​အရာကို ဆက်​ဖတ်​​လိုက်​သည်​။
" နာမည်ကြီးမင်းသား ကင်​ဂျွန်​​ဆောဟာ မကြာ​သေးမီကပင်​ စာ​ရေးဆရာမ ဂျန်​နာရာ နှင့်​မင်္ဂလာသတင်းကို​ကြေညာခဲ့ပါတယ်​။ထိုသတင်း​ကြေညာ၍ မကြာမီ ကင်​ဂျွန်​​ဆော၏ အမာခံပရိတ်​သတ်​တစ်​ဦးဖြစ်​သူ အထက်​တန်း​ကျောက်​သူတစ်​ဦး မိမိကိုယ်​ကို သတ်​​သေမှုတစ်​ခုဖြစ်​ပွားခဲ့ပါတယ်​။ နိုင်​ငံ အနှံ့ အပြား မှာလည်း ဒီလို အလားတူ အမှုမျိုး​တွေဖြစ်​ပွားခဲ့ပြီး မိန်းက​လေးငယ်​အများစုထိခိုက်​​ဒဏ်​ရာရခဲ့ပါတယ်​။ ဒီအမှု​ကြောင့်​ ကင်​ဂျွန်​​ဆောဟာ နာမည်​ကျဆင်းလျက်​ရှိပြီး ပြည်​သူအများ၏ အမုန်းကိုခံရကာ ရိုက်​လက်​စ ​ကြော်​ညာများ ဇာတ်​လမ်းတွဲများလည်း ရပ်​နားခံထားရ​ကြောင်းသိရပါတယ်​။ ပြည်​သူအများကလည်း စာ​ရေးဆရာမ ဂျန်​နာရာ ကို မုန်းတီးလျက်​ရှိ​နေကြပါတယ်​။ " ထိုသတင်းကိုဖတ်​ပြီး နာရာ အိမ်​အပြင်​ဘက်​သို့​​ပြေးထွက်​ခဲ့သည်​။ "အသက်​တစ်​​ချောင်းတဲ့လား ငါ့​ကြောင့်​ လူ​တွေ​တောင်​​သေကုန်​ပြီတဲ့လား.....ငါ့​ကြောင့်​...ငါ့အမှား​တွေ​ကြောင့်​...ငါက မချစ်​သင့်​တဲ့သူကိုမှ ချစ်​ခဲ့မိလို့"
နာရာ အရုပ်​ကြိုးပြတ်​ထိုင်​ချလိုက်​သည်​။
" နာရာ...နာရာ...ဘယ်​လိုဖြစ်​တာလဲ "
နာရာ့အိမ်​​ရှေ့ကို မကြာ​သေးမီက​ရောက်​ရှိ​နေ​သော ဂျွန်​​ဆော က ​နာရာ့ကို ​ပြေးထူသည်​။
" ဘာ...ဘယ်​လိုဖြစ်​ရမှာတဲ့လည်း နာရာ့​ကြောင့်​ လူ​​တွေ အသက်​ဆုံးရှုံးကုန်​ပြီ...သူ့အသက်​ကိုဘယ်​လိုပြန်​​လျော်​ရမှာလဲ​ပြော..."
" နာရာ...နာရာ..သူဆုံးသွားတာ နာရာ့အမှားမဟုတ်​ပါဘူး...ကိုယ့်​​ကြောင့်​ပါ..."
"နာရာသာ ရှင့်​​ရှေ့ကိုပြန်​မ​ပေါ်လာခဲ့ရင်​ ဒီလိုကိစ္စမျိုး​တွေဖြစ်​လာမှာမဟုတ်​ဘူး...နာရာတို့ အ​စောကြီးကတည်းက လမ်းခွဲခဲ့ရင်​ ဒီလိုမျိုး​တွေ ဖြစ်​လာမှာမဟုတ်​ဘူး..
အခု​တော့ နာရာ့...နာရာ့အတွက်​နဲ့ လူတစ်​​ယောက်​အသက်​​သေခဲ့ရပြီးပြီ တခြားသူ​တွေ​တွေပါ ဒီလို အဖြစ်​မျိုးနဲ့ နာရာ မကြုံ​စေချင်​​တော့ဘူး...ဒါ​ကြောင့်​ နာရာတို့ လမ်းခွဲတာ အ​ကောင်းဆုံးနည်းလမ်းဖြစ်​မယ်​ထင်​တယ်​"
" နာရာ....!ကိုယ်​တို့ဒီအထိ​ကျော်​ဖြတ်​လာခဲ့ပြီးမှ လမ်းခွဲမယ်​တဲ့လား...မဖြစ်​နိုင်​ဘူး...ကိုယ်​ နာရာနဲ့ ဘယ်​​တော့မှလမ်းမခွဲဘူး"
" ဂျွန်​​ဆော အဲ့ဒါကိုသိလား မဖြစ်​နိုင်​တဲ့အချစ်​ဆိုတာ ​ရှေ့ဆက်​ရင်​ နှစ်​​ယောက်​လုံးအတွက်​​ရော တခြားသူ​တွေအတွက်​ပါ ထိခိုက်​နိုင်​တယ်​...တခြားသူ​တွေစိတ်​ချမ်းသာဖို့အတွက်​ နာရာတို့နှစ်​​ယောက်​​ပဲ နာကျင်​လိုက်​ကြတာ မ​ကောင်းဘူးလား...အ​ဝေးက​နေ ချစ်​​နေလည်း အချစ်​သာစစ်​ရင်​ မ​ပြောင်းလဲနိုင်​ပါဘူး "
ဂျွန်​​ဆော ​ခေါင်းကို တွင်​တွင်​ရမ်းပြီး မျက်​ရည်​​တွေသာ ကျ​နေသည်​။ ​ရှေ့ဆက်​​ပြောဖို့ အင်​အားမရှိ​တော့...။နာရာလည်း နာကျင်​စွာဖြင့်​မျက်​ရည်​များသာ ကျ​နေသည်​။
" ဒါဆိုရင်​လည်း...နာရာ့ကို​နောက်​ဆုံးအ​နေနဲ့ ကိုယ်​တစ်​ခု​ပြောချင်​တယ်​....နာရာ့ကိုကိုယ်​အရမ်းချစ်​တယ်​ "
" နာရာ လည်း ဂျွန်​​ဆောကို အရမ်း ချစ်​ပါတယ်​"
နှစ်​ဦးစလုံးက မျက်​ရည်​​တွေနှင့်​...။
ဘယ်​လိုကံ​ကောင်းမှုမျိုးက ​သူတို့ကို ပြန်​နီးစပ်​​အောင်​လုပ်​နိုင်​​မှာတဲ့လဲ......။
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-
မကြာမီပင်​ သူတို့နှစ်​ဦးလမ်း​ခြွဲပတ်​စဲ​ကြောင်းသတင်း​ခေါင်းစဉ်​တွင်​ပါလာသည်​။ နာရာက လမ်းခွဲဖို့​ပြောလိုက်​သူဖြစ်​​ပေမဲ့လဲ တကယ်​ရင်​ဆိုင်​ရ​တော့ နာကျင်​ရသည်​။ ဂျွန်​​ဆောလည်း န first date ​နေ့က နာရာ​ပေးခဲ့​သော မျက်​မှန်​​လေးကို ကိုင်​ကာ ငို​နေရုံအပြင်​မတတ်​နိုင်​ခဲ့..။
-.-.-.-.--.-.-.-.-.-.-
တစ်​​နေ့ နာရာ စာအုပ်​ဆိုင်​သွားပြီးပြန်​အလာ ​​နောက်​​စေ့ ကို အရိုက်​ခံလိုက်​ရသလို ခံစားလိုက်​ရပြီး အရာအားလုံး​မှောင်​မိုက်​သွာသည်​....။ နိုးလာ​တော့ ထို​င်​ခုံ​ပေါ်တွင်​ ​သူမကို ​နောက်​ပြန်ကြိုးတုတ်​ထားသည်​။ ​အလင်းပြပြသာလင်း​သော အခန်းကျယ်​ကြီးထဲတွင်​ မျက်​နှာဖုံးစွပ်လူ​ ၁၀ ​ယောက်​​လောက်​ကို​ နာရာ ​တွေ့လိုက်​ရသည်​။ မျက်​မှန်​မပါ​တော့ မျက်​လုံးက ​ဝေ​ဝေဝါးဝါး......
" နာရာ ဘယ်​​ရောက်​​နေတာလဲ "
" ​ဪနိုးလာပြီလား....ကင်​ဂျွန်​​ဆောရဲ့ အချစ်​​တော်​​လေး...အ​ရေးမပါတဲ့ နင်​တို့နှစ်​​ယောက်​​ကြောင့်​ ငါ့ ညီမ​လေး ​သေခဲ့ရတာ​လေ...နင်​တို့ကို လက်​စားပြန်​​ချေမလို့....မကြာခင်​ နင့်​ မင်းသားကြီး​ရောက်​လာလိမ့်​မယ်​...နင်​တို့နှစ်​​ယောက်​လုံး ငါ့ညီမ​လေးလို ရက်​ရက်​စက်​စက်​ ​သေရမယ်​"
" မလုပ်​ပါနဲ့...ဂျွန်​​ဆော ကိုမ​ခေါ်ပါနဲ့...သူ့မှာအပြစ်​မရှိပါဘူး..."
" မရဘူး ငါက​တော့ နှစ်​​ယောက်​လုံးကို သတ်​ရမှ ​ကျေနပ်​နို​င်​မယ်​.....ဟား....ဟား....ဟား....."
-.-.-.-.-.-.-.-.-.-.-.-.
Part 6 end

THE ACTOR I LOVEWhere stories live. Discover now