"ကို......"

မျက်နှာချင်းဆိုင်မှလာနေသောဖြူ စင်ရှင်းသန့်
အသံကြားမှ လျှမ်းဆက် ပျက်ရွင်းနေသောမျက်နှာကို
ပြင်ကာ တခုခုကိုတွေးမိသွားသည်။
ထို့နောက်နှုတ်ခမ်းနှစ်ခုထိကပ်ကွေးညွှတ်သွားရုံပြုံးသည်။

"ရှင်း လာ ကို မိတ်ဆက်ပေးမယ်"

"Leader ဒါကျနော့်ကောင်မလေး ​ဖြူစင်​ရှင်းသန့်​​လေ
ကျနော်သူ့ကိုသိပ်ချစ်တာ
သူ့လိုမျိုးမိန်းမလှလေးကိုမှမချစ်ရင် ကျနော်ယောကျာ်းဘယ်ဟုတ်တော့မလဲ ဟက်"

နေသွေးခန့်ပြုံးပြဖို့ပင်အားမရှိတော့
အချစ်ငှက်ကလေးနှစ်ကောင်ရှေ့မှအလျင်အမြန်ထွက်လာရုံမှတပါး.....

ကို ဟုသောအခေါ်အဝေါ်ကိုကြားထဲက
နေသွေးခန့်ရင်ထဲ ကမ္ဘာပျက်ပြီ
အကြိမ်ကြိမ် တောင်းထားသမျှဆုတောင်းဟာ
စွာကျယ်လေး၏ လှောင်ရယ်သံအောက်အရည်ပျော်ရင်းသာ........

ကိုယ့်ကို မလိုအပ်တဲ့ မလိုချင်တဲ့
ညီ့နားမှာ ညီစိတ်ညစ်ရအောင်
ညီစိတ်ပင်ပန်းရအောင်လုပ်နိုင်စွမ်းတွေ
ကိုယ့်မှာတကယ်မရှိဘူး ညီ
ညီ့ကိုကိုယ်ပင်ပန်းစေမိပြီ

ဒါ ပထမဆုံးနဲ့နောက်ဆုံးဘဲ ညီ
ကိုယ်ရှုံးရင်ရှုံးပါစေ
ညီမချစ်နိုင်တဲ့ကိုယ်ဟာ
ညီမမြင်နိုင်တဲ့အဝေးဆုံးနေရာကိုထွက်သွားပါရစေ
ညီ့ကိုမြင်နေရရင်ပိုပြီးချစ်လာနေမိမှာစိုးလို့
ညီပေးတဲ့အမှတ်တရတွေတိုင်းအတွက်
ကျေးဇူးပါ

ကိုယ်ညီ့ကိုသိပ်ချစ်မြတ်နိုးခဲ့တယ်
နောက်လည်း ပိုပြီးချစ်မြတ်နိုးပေးနေမယ်

😭😭😭

"ကို ရှင်းတို့ဓာတ်ပုံရိုက်ရအောင်လေ"

"Aww innn"

ထွက်သွားသူ၏ကျောပြင်ကိုငေးကာအသက်မဲ့နေသော
လျှမ်းဆက် ဖြူ စင်ရှင်းသန့်အသံကြောင့်
အသိပြန်ဝင်လာတော့သည်။

"ဒါနဲ့ ကို ကိုရှုံးသွားပြီ"

"ဟမ် ဘာကို"

"ဒီနေ့ ၁လတိတိပြည့်တဲ့နေ့ ကို ခုဏက
ရှင်းကိုချစ်တယ်လို့ပြောခဲ့တယ် "

CAN I............(Completed!)Where stories live. Discover now