Chapter-3 ရင်းနှီးတဲ့Cross-dresserသူငယ်ချင်းတစ်ယောက်

Start from the beginning
                                    

ယောင်းမင် လီရိုနာကိုကြည့်လိုက်သည် ခန္ဓာကိုယ်ကောက်ကြောင်းကိုစေ့စေ့စပ်စပ်ကြည့်လိုက်သည် သူCross-dresserဖြစ်ကတည်းကမိန်းမဆန်တဲ့အသွင်အပြင်ရှိတာဆိုတာအံ့သြစရာမရှိပေ သူတို့နှစ်ယောက်ဘာလို့ဒီတစ်လမ်းထဲကိုလျောက်ခဲ့ကျတာလည်း ပိုက်ဆံရဖို့အတွက်နဲ့Cross-dresserလုပ်ခဲ့ကျတာလား အလုပ်တွေအများကြီးရှိပေမယ့် ဒီလိုမိန်းမအဝတ်အစားတွေဝတ်ဖို့ရွေးချယ်ခဲ့ကျတာ လှပတဲ့မျက်နှာရှိတာကမိန်းမဆန်ရမယ်လို့မဆိုလိုဘူးလေ ပြီးတော့သူတို့ကယောကျာ်းလေးတွေဖြစ်တာလဲပါသည်

"မင်,ငါနင့်ရဲ့ခဲအိုကနင့်အပေါ်ဒီလိုလုပ်မယ်လို့ဘယ်တုန်းကမှမထင်ထားခဲ့ဘူး နင့်ကိုအဓမ္မကျင့်ဖို့ကြိုးစားတယ် ဒါတောင်မကပဲနင့်ကိုမတော်တဆသတ်မိတော့မလို့ သူနင့်ကိုဒီလိုမကောင်းကြံခဲ့တဲ့အတွက်ငါသူ့ကိုလုံးဝခွင့်မလွှတ်နိုင်ဘူး သူ့ဘဝထောင်ထဲမှာပဲအဆုံးသတ်သွားပါစေလို့ပဲဆုတောင်းတယ် လီရိုနာ ယောင်းမင်ဘဝအကြောင်းတွေကိုဒေါသထွက်စွာပြန်ပြောနေသည် သူ့အတွက်ကြောင့်သာမဟုတ်ရင်ယောင်းမင်အခုဆိုကောင်းကင်ဘုံရောက်နေလောက်ပြီ ဒါဆိုသူချစ်ရတဲ့သူငယ်ချင်းကိုထပ်တွေ့နိုင်မှာမဟုတ်တော့ဘူး သေခြင်းတရားကသူတို့နှစ်ယောက်ကိုစည်းခြားလိုက်မှာဖြစ်ပြီးထိုအချိန်ကလည်းသူ့သူငယ်ချင်းကိုဆုံးရှုံးမှာကိုလည်းလက်မခံနိုင်ခဲ့ပေ ယောင်းမင်ကသူ့အတွက်တော့အစားထိုးလို့မရတဲ့တစ်ဦးတည်းသောအကောင်းဆုံးသူငယ်ချင်းဖြစ်သည် ဘုရားသခင်ကယောင်းမင်ကိုအခွင့်အရေးတစ်ခုပေးခဲ့သည် မတော်တဆဖြစ်ခဲ့ရာကအသက်ရှင်ခွင့်ရခဲ့သည်လေ(👈လီရိုနာ၏အတွေး)

အဓမ္မကျင့်ခံရတော့မလို့?အခြားယောကျာ်းတစ်ယောက်ရဲ့လေ?သူကအိဒြေ္နမရှိဝတ်စားနေခဲ့လို့လား?ဘယ်လိုပဲဖြစ်စေဦးတော့ယောကျာ်းသိက္ခာ ယောကျာ်းမာနတော့ရှိသင့်သည်မဟုတ်လား တစ်ခြားယောကျာ်းကိုအဓမ္မကျင့်ဖို့လွယ်လင့်တကူခွင့်ပြုတဲ့ယောကျာ်းဒီလောကမှာမရှိဘူး ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ဘဝကဘယ်လိုမျိုးလဲဆိုတာထယ်ဟန်အံ့သြမိသည် တစ်ယောက်မှသူ့ကိုအလေးမထားကျဘူးလား သူ့ယောကျာ်းဖြစ်တဲ့ယောင်းရှန်းကကော? သူ့ကိုလုံးဝအလေးမထားခဲ့ဘူးလား?(👈ထယ်ဟန်၏အတွေး)

Love Him Till Eternity ( Myanmar Translation )Where stories live. Discover now