Chapter-5 သဘောတူညီချက်အသစ်

1K 172 9
                                    

အစကတည်းကသူတို့ဟာလင်မယားလိုမျိုးပေါင်းသင်းဆက်ဆံနေမှုမရှိခဲ့ကြဘူး ထို့ကြောင့်ထယ်ဟန်အသစ်တဖန်ပြန်စဖို့လွယ်ကူနေမှန်းတွေးမိလိုက်သည် ယောင်းရှန်းကသူ့ကိုကွာရှင်းဖို့တုံ့ဆိုင်းနေကြောင့်သဘောတူညီချက်တစ်ခုလုပ်ဖို့ဆွေးနွေးမည် ဒါကသူတို့တစ်ခြားခံစားချက်တွေဖြစ်တည်မလာအောင်လည်းကာကွယ်ပေးမည်လေ ယောကျာ်းလေးနှစ်ယောက်အတူရှိခြင်းကလောကနိယာမကိုသွေဖယ်နေတယ်လေ ယောကျာ်း-ယောကျာ်းခြင်းလက်ထပ်ခြင်းကတရဥပဒေတွင်ပြဌာန်းထားတာကြောင့်တရားဝင်ဖြစ်သော်လည်းသူကတော့မလုပ်အပ်ဟုသာထင်မြင်နေတုန်းဖြစ်သည် သူဟာကိုရီးယားနိုင်ငံမှာမွေးဖွားခဲ့ခြင်းဖြစ်သည် ကိုရီးယာနိုင်ငံဆိုတာလိင်တူစုံတွဲတွေကိုပြင်းပြင်းထန်ထန်ဆန့်ကျင်သောနိုင်ငံဖြစ်သည်ပြီးတော့သူကိုယ်တိုင်ဒီလိုလိင်တူချစ်တဲ့ဝန်းကျင်ထဲရောက်နေပြီဆိုတာတွေးကြည့်ရင်သူ့ကိုသူစက်ဆုပ်မိသည် ဒီနေ့ခေတ်မှာလိင်တူစုံတွဲတွေအများကြီးရှိပြီးတရားဝင်လက်ထပ်တဲ့သူတွေလည်းရှိကြပေမယ့်သူကတော့အဲ့ထဲကတစ်ယောက်မဖြစ်ချင်ပေသာမာန်လူတစ်ယောက်သာဖြစ်ချင်သည်

ထယ်ဟန်သူ့အခန်းဆီသွားလိုက်ပြီး စာရွက်ယူလာကာပြန်ထွက်လာသည်

"ငါတို့စည်းမျဉ်းအသစ်တွေသတ်မှတ်သင့်တယ်ထင်တယ်" ထယ်ဟန် ယောင်းရှန်းဆီသို့စာရွက်ကမ်းပေးလိုက်သည် ယောင်းရှန်းအံ့အားသင့်နေသောမျက်နှာနှင့်စာရွက်ကိုလှမ်းယူလိုက်သည်

"ဘယ်လိုစည်းမျဉ်းတွေလည်း?"

"ငါတို့နှစ်ယောက်အချစ်မှာမကျရှုံးရေး"

ယောင်းရှန်းချောင်းဆိုးသွားသည် သူယောကျာ်းလေးတစ်ယောက်ကိုချစ်မိမှာမဟုတ်ပါဘူး သူကလုံးဝကိုSt8စစ်စစ်ကြီးပါ ဘုရားကိုတိုင်တည်ုပီးကျိန်ဆိုရဲသည် အကယ်၍ယောင်းမင်သာသူ့အပေါ်ခံစားချက်တစ်ခုခုရှိတယ်ထင်နေရင်သူမှားသွားပြီ တစ်ခါမှတောင်ရင်မခုန်ခဲ့ဖူးဘူး

"မစိုးရိမ်ပါနဲ့ ငါကမိန်းကလေးပဲကြိုက်တာမို့လို့မင်းအပေါ်ချစ်မိမှာမဟုတ်ဘူး" ယောင်းရှန်းဇနီးဖြစ်သူအားပြောလိုက်သည်

Love Him Till Eternity ( Myanmar Translation )Donde viven las historias. Descúbrelo ahora